Episode 3 (Unicode)

432 50 0
                                    


အပိုင်း (က)

Jaemin ကန်တင်းရောက်တော့ ကောင်လေးတို့ထိုင်တဲ့ ဝိုင်းရဲ့ တစ်ဝိုင်းကျော်မှာ ထိုင်လိုက်သည်။ မုန့်မှာပြီးနောက် လက်ထဲက ဖုန်းကို ကိုင်ကာ IGသို့ ဝင်လိုက်သည်။ ခုနလေးတင် Follow ထားတဲ့ ကောင်လေး acc ကို ဝင်ကြည့်လိုက်သည်။ ကောင်လေးတင်ထားတဲ့ ပုံလေးတွေကို ကြည့်ရင်း အသည်းလေးတွေ နှိပ်လိုက်သည်။
ပြီးတော့ ကောင်လေးပုံလေးတွေကို Instagram Photo Downloader မှ တဆင့် မမေ့မလျော့ Gallery ထဲ save ထားလိုက်သည်။

ဖုန်းထဲက ကောင်လေးပုံကို ကြည့်ပြီး ပြုံးနေသည်မှာ ဘေးကလူကြည့်ရင် အရူးလို့ ထင်လောက်သည်အထိပင်။ လက်ထဲက ဖုန်းကို ပိတ်လိုက်ပြီး လာချပေးတဲ့ မှာထားသော ကိတ်မုန့်နဲ့ ကော်ဖီကိုသာ စားသောက်လိုက်သည်။ စားနေရင်း ကောင်လေးကိုလည်း မသိမသာ ခိုးကြည့်ရသည်မှာလည်း အလုပ်တစ်ခုပေါ့။

"Jaemin" မိမိနာမည် ခေါ်သံကြောင့် Jaemin အသံလာရာဘက်ကို လှည့်ကြည့်လိုက်သည်။

"အိုး Jisung မတွေ့ရတာကြာပြီ"

"ဟုတ်ပါ့ တစ်ယောက်တည်းလား"

"အင်း ဟုတ်တယ် လာ ထိုင်လေ"

"Leleရေ ဒီမှာ ထိုင်ရအောင် အဆင်ပြေရဲ့လား"

"အင်း ထိုင်လေ အဆင်ပြေတယ်"

"အရင် မိတ်ဆက်ပေးမယ် Lele။ ဒါက Na Jaemin။ ငါနဲ့ အလယ်တန်းထိ ကျောင်းတူတူတက်ခဲ့တာ။ အထက်တန်းကျ သူက နိုင်ငံခြားပြောင်းသွားတာ။ Jaemin သူ့နာမည်က Zhong Chenle။ တရုတ်ကနေ ဒီကို ကျောင်းလာတက်တာ"

"တွေ့ရတာ ဝမ်းသာပါတယ် Chen le"

"ဟုတ်ကဲ့ ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်"

"Jaemin မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ။  ခဏ လာလည်တာလား"

"လာလည်တာ မဟုတ်ဘူး။ တက္ကသိုလ် လာပြန်တက်တာ။ ရောက်တာတော့ နည်းနည်းကြာပြီ။  မင်းရော ဘာတက်နေတာလဲ"

"ငါက စီးပွားရေးတက်တာလေ။ ဒီမှာ တက်လို့ တွေ့ရတာပေါ့။ မင်းကရော ဘာတက်နေလဲ"

"ငါ Computer တက္ကသိုလ် တက်နေတယ်"

"အင်း ကောင်းလိုက်တာ။ ငါကတော့ အနုပညာ တက္ကသိုလ် တက်ချင်တာ။ အိမ်က မတက်ခိုင်းလို့။  ဒါနဲ့ မင်း ဓာတ်ပုံရိုက်ဖြစ်သေးလား"

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now