Episode 13 (Unicode)

347 36 6
                                    


အပိုင်း (က)

ဖုန်း screen ကို ကြည့်ရင်း မျက်ရည်တွေ ကျနေတဲ့ Renjun ကြောင့် Injun နဲ့ Jaemin ထမင်းစားခန်းထဲကနေ Renjun ရှိရာကို အမြန်လာခဲ့ကြသည်။

တရုတ်လို မေးမြန်းနေတဲ့ Injun hyung ကြောင့်  Jaemin ဘာမှမမေးဖြစ်ဘဲ Renjun ဘေးသာ ဝင်ထိုင်လိုက်သည်။ ပွင့်နေသော ဖုန်း screen ကို လှမ်းကြည့်တော့ သူနဲ့ Renjunနဲ့ ချိန်းတွေ့တဲ့ပုံတွေ။

Screen ပေါ်က ပုံတွေကို Jaemin မြင်သွားမှန်း သိတဲ့ Renjun ဟာ ဖုန်းကို ပိတ်လိုက်ပြီး မျက်ရည်တွေကို သုတ်လိုက်ကာ ပြုံးစစ မျက်နှာဘေးနဲ့ စကားပြောသည်။

"မနက်ကျရင် ပါပါး ရောက်မယ်တဲ့ Injun"

ကိုရီးယားလို ပြောတဲ့ Renjun ကို Injunက တရုတ်လို ပြန်မေးနေသည်။ Jaemin ကတော့ ဘာဆိုဘာမှ မပြောဘဲ Renjun မျက်နှာကိုသာ ငေးကြည့်နေဆဲ။

"ပါပါးက ရုတ်တရက်ကြီး ဘာကိစ္စလဲ?"

"ကိစ္စတစ်ခုရှိလို့ပါ"

"ဒါနဲ့ Ge က ဘာလို့ငိုတာတုန်း"

"ပြန်ရောက်တာ ဖုန်းမဆက်ဘဲ​နေနေလို့ ဆူလို့ပါ"

"ဆူတာနဲ့ ငိုရအောင် ကလေးလား"

"Jaeminရေ မင်းကလေးလေးကို မင်းဘာသာချော့တော့။ ငါစားထားတာတွေ သွားသိမ်းလိုက်ဦးမယ်"

Injunက Jaeminကို ကြည့်ရင်း ပြောလိုက်သည်။ Jaemin သူပါ စားထားတာတွေ ရှင်းဖို့ ကူညီပေးမယ်လို့ ပြောလိုက်ချင်ပေမယ့် ဘေးမှာထိုင်နေတဲ့ Renjun ပုံစံက လိမ်နေမှန်းသိ၍ Injun hyung စကားကို ခေါင်းငြိမ့်ပြကာသာ နေခဲ့လိုက်သည်။

Injun ထမင်းစားခန်းထဲ​ရောက်တော့မှ Jaemin,  Renjun လက်ကိုဆွဲလို့ အိပ်ခန်းထဲ ဝင်ခဲ့လိုက်သည်။ ဘာစကားမှမဆိုဘဲ သူဆွဲသည့်အတိုင်း လိုက်ခဲ့တာ အခန်းထဲရောက်လို့ ကုတင်ပေါ် ထိုင်ခိုင်းသည်အထိပဲ ဘာဆိုဘာမှမပြော။

"တစ်ခုခုဖြစ်နေတယ်မလား"

ဘာမှမပြောဘဲ ခေါင်းခါပြလာတဲ့ Renjun။
ခေါင်းငုံ့ထားတဲ့ Renjun မျက်နှာကို မေးကနေ ဖြေးဖြေးလေး ဆွဲယူ မော့လိုက်တော့ မျက်ရည်စတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းငယ်။

Jaemin ခပ်ဖောင်းဖောင်း ဖြစ်နေတဲ့ Renjun ပါးပြင်လေးကို ထိတွေ့လိုက်ရင်း

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now