Episode 20 (Unicode)

368 42 6
                                    

အပိုင်း (က)

Injun ခန္ဓာကိုယ်က တည်ငြိမ်စွာ ထိုင်နေသော်ငြား စိတ်ကတော့ ခန္ဓာကိုယ်နှင့် ဆန့်ကျင်စွာ တုန်လှုပ်နေမိသည်။ စိတ်လှုပ်ရှားလွန်းလို့ ပွတ်သပ်နေမိတဲ့သူ့လက်နှစ်ဖက်ကို Jeno က လာရောက်ဆုပ်ကိုင်လိုက်တော့ အနွေးဓာတ်ရသွားလေသည်။ သိူ့ပင်မယ့် ရင်တုန်နေမှုကတော့ ပြေလျော့မသွား။

ညစာစားဖို့အတွက် မှာပြီးတဲ့နောက်မှာ Injun လူကြီးတွေကို ခွင့်တောင်းပြီး Toilet ဆီ ထွက်လာခဲ့လိုက်သည်။ သူမရတော့ဘူး ခဏလောက်ဖြစ်ဖြစ် ဒီနေရာက ထထွက်သွားမှ အဆင်ပြေတော့မည်။

မိဘနှစ်ပါး မရှိနေလျှင် ပြေးလိုက်သွားမည့် သဘောရှိသည့် Jeno ဟာ Injun သွားရာ လမ်းတစ်လျှောက်ကို စူးစိုက်စွာ ကြည့်နေလေသည်။

"အဟမ်း"

Jeno အဖေရဲ့ ချောင်းဟန့်သံကြောင့် Jmeo ရဲ့ မျက်လုံးတွေဟာ အရှေ့ဘက်ကို ပြန်ရောက်လာခဲ့သည်။

"ငါတို့ကို ဒီလောက် ကြောက်နေရအောင် မင်း ဘာတွေ ပြောထားတာလဲ Jeno .. သူ့ခင်ဗျာ တော်တော် လန့်နေရှာတာ"

Jeno အမေက Jeno ကို ကြည့်ရင်း မေးလိုက်သည်။

"ဟိုတစ်ခါက ကိစ္စပါ"

"အော် အေးပေါ့ သူလည်း ကြောက်နေရှာမှာပေါ့ ဒါကြောင့်မို့ ငါ့ကို မျက်လုံးချင်းတောင် မစုံရဲတာ နေမှာ .. သား လိုက်သွားလိုက်ပါလား"

ခွင့်ပြုချက်ရတာနဲ့ *ဟုတ်*တောင် မဖြေဘဲ ထပြေးကာ လိုက်သွားတဲ့ Jeno ကို သူ့မိသားစုဟာ ဆိုရင်ဖြင့် *တော်တော် လင်ကို ချစ်နေလိုက်တာ* ဟူ၍သာ စိတ်ထဲက ကောက်ချက်ချလိုက်မိသည်။

Renjun ကတော့ သူ့ရဲ့ ကိုယ်ပွားလေး ကြောက်လန့်နေရသည့် ကိစ္စကို ပြန်မှ မေးကြည့်ရမယ် ဆိုပြီးသာ တစ်ယောက်တည်း တွေးနေမိသည်။

အိမ်သာ သွားတဲ့သူ နှစ်ယောက်ကို ဖယ်ပြီး ကျန်တဲ့သူတွေဟာဆိုရင်ဖြင့် ဟိုဟိုဒီဒီ ရောက်တတ် ရာရာများ ပြောရင်း စကားလက်ဆုံကျနေပြန်သည်။

တစ်ဖက်က အိမ်သာသွားရာ လမ်းမှာတော့ ... အိမ်သာသွားသည့်လမ်း မရောက်ခင်နားမှာ လမ်းလေးတစ်ခုရှိပြီး နည်းနည်းလျှောက်လိုက်လျှင် ဥယျာဉ်လေး တစ်ခု လုပ်ထားလေသည်။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now