Episode 18 (Unicode)

365 37 2
                                    

အပိုင်း (က)

အိမ်တစ်အိမ်ရဲ့အခန်းငယ် တစ်ခန်းအတွင်း၌ အဖေနှင့် သားဖြစ်သူသည် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ အဖေဖြစ်သူက ရေနွေးကြမ်း တစ်ခွက် သောက်ရင်း သားဖြစ်သူကို မေးလိုက်သည်။

"မင်း ကောင်လေး တစ်ယောက်နဲ့ တွဲနေတယ်ဆိုတာ တကယ်ပဲလား"

"အင်း ဟုတ်တယ်"

ချက်ချင်း ဟုတ်ကြောင်း ပြန်ဖြေလာသော သားဖြစ်သူ စကားကြောင့် အဖေဖြစ်သူ မျက်နှာ တစ်ချက် ပျက်သွားခဲ့သည်။ သို့သော် မျက်နှာဟန်ပန်ကို ချက်ချင်း ပြန်ထိန်းလိုက်ရင်း စကားဆက်ပြောလိုက်သည်။

"ငါ သဘောမတူနိုင်ဘူး Na Jaemin"

"ဥက္ကဌကြီး သဘောမတူလည်း ကျွန်တော်က သူ့ကိုပဲ လက်ထပ်မှာ"

တုံ့ပြန်လာသော စကားတိုင်းက သူ့အတွက် စိတ်တိုစရာမို့ ဖခင်ဖြစ်သူဟာ လက်ထဲမှာ ကိုင်ထားတဲ့ ရေနွေးကြမ်းခွက်ကို စားပွဲပေါ်ချလိုက်ပြီးမှ စကားဆက်ပြန်သည်။

"မင်း မိန်းမတစ်ယောက် မဟုတ်တဲ့ ယောကျာ်း တစ်ယောက်ကို တွဲရုံတင် မဟုတ်ဘဲ လက်ထပ်ဖို့အထိ စဥ်းစားထားတာလား"

"ဒါပေါ့ အပျော်သက်သက်ပဲ သူ့ကို ကျွန်တော်တွဲခဲ့တာ မဟုတ်ဘူး စပြီး သဘောကျတည်းက တစ်နေ့ သူ့နဲ့ လက်ထပ်ဖို့အထိ စဥ်းစားပြီးသား ပြီးတော့ ယောကျာ်းချင်းမို့ လက်ထပ်လို့ မရဘူးလား ကျွန်တော်တို့ နှစ်ဦးသဘောတူလို့ ဘယ်သူ့ဆီမှ အကူညီမယူ ဒုက္ခမပေးဘဲ ဘဝတစ်ခု ထူထောင်မှာလေ"

"မင်း ငါ့ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်နေတာလား"

ဖခင်ဖြစ်သူဟာ လက်သီးဆုပ်ရင်း သားဖြစ်သူကို မေးလိုက်သည်။ သားဖြစ်သူကလည်း သူ့အဖေရဲ့ စကားလုံးတိုင်းကို ကြောက်ဖွယ်မရှိဘဲ ခွန်းတုံ့ပြန်လေသည်။

"ကျွန်တော် လုပ်လိုက်တာနဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမယ်ပေါ့ ဟက်"

Jaemin ဟန်လုပ်ကာ ရယ်လိုက်ပြီးတဲ့နောက် စကားဆက်ပြောဖို့အတွက် ပြင်လိုက်သည်။

"ကျွန်တော်က ဥက္ကဌကြီးသားမှန်းရော လူတွေ သိကြလို့လား"

"မင်း ဘာကို ပြောတာလဲ"

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now