Episode 25 (Unicode) {Final}

491 40 0
                                    

အပိုင်း (က)

Doyoung နဲ့ Renjun တွဲဆိုထားတဲ့ သီချင်းဟာ Title song မဟုတ်သော်ငြား အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ဒီသီချင်းကြောင့် Renjun ကို လူတွေ လက်ခံလာကြသည်။ ခုနောက်ပိုင်းဆို လုံးလုံးလျားလျားကြီး မဟုတ်ပေမယ့် cover song ဆိုလိုက် single song ထူတ်လိုက်နဲ့ Renjun ဂီတလမ်းကြောင်းကို လည်ပတ်နေသည်။ ဒီကိစ္စတွေ လုပ်နေရသလို လုပ်ငန်းတွေကိုလည်း စီမံနေရဆဲပင် ဖြစ်သည်။

Jaemin က ဝိုင်းကူညီပေးပြီး အနားနားကနေ ရပ်တည်ပေးနေတဲ့အတွက် Renjun အဆင်ပြေသည်။ စစချင်းမှာ Renjun သီချင်းဆိုတာကို မိဘတွေ စိတ်ဆိုးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လုပ်ငန်းတွေလည်း မပျက်ကွက်ဘဲ ဆောင်ရွက်နိုင်သည့်အတွက် လက်ခံပေးခဲ့ကြသည်။ Jaemin ကလည်း သေချာကူညီပေးသည်မို့လည်း လက်ခံပေးခဲ့ကြခြင်းဖြစ်သည်။

Jaemin ကလည်း Photographer အလုပ်တင် မဟုတ်တော့ဘဲ နောက်ပိုင်း Director အဖြစ်ပါ လုပ်ဆောင်လာသည်။ နှစ်ယောက်သား ပင်ပန်းပေမယ့် တစ်ယောက်လက် တစ်ယောက်တွဲပြီး ရှေ့ဆက်နေရသည်မို့ နေ့ရက်တိုင်းဟာ ပျော်ရွှင်စရာ အတိပင်။ တစ်ခါတစ်ရံ ရန်ဖြစ်ကြပေမယ့် တစ်ယောက်မဟုတ် တစ်ယောက် အလျော့ပေးရင်း ပြန်ပြေလည်ကြစမြဲပေါ့။

အများကြီး မလိုချင်ပါဘူး။ အနာဂတ်မှာ တစ်ယောက်လက် တစ်ယောက် တွဲရင်း လက်ရှိအချိန်ထက် ပိုပျော်စရာကောင်းတဲ့ အချိန်လေးတွေ ဖန်တီးရင်း ဖြတ်သန်းကြမယ်။ ဘယ်လို အခက်အခဲပဲ ကြုံကြုံ တစ်ယောက်ကို တစ်ယောက် ဖေးမကူရင်း ရင်ဆိုင်ကြမယ်။ ဒီလောက်ပါပဲ။

ဒါဟာ အမြွှာထဲက အစ်ကိုဖြစ်သူရဲ့ အကြောင်းဆို ညီဖြစ်သူကရော ???

အစ်ကိုဖြစ်သူနဲ့ လပိုင်းခြားပြီးမှ လက်ထပ်မယ်လို့ တွေးထားပေမယ့် တကယ်တမ်းကျ တစ်နှစ်ခွဲလောက် ကြာမှ လက်ထပ်ဖြစ်ခဲ့ကြသည်။ ခဏ ခဏ တစ်ကျက်ကျက် ရန်ဖြစ်တတ်ကြသလို သူများထက်လည်း အသည်းပိုကာ ချစ်တတ်ကြသေးသည်။

အခုချိန်မှာတော့ wedding suit ရွေးချယ်သည့်နေရာမှာ ဒီဇိုင်းကိစ္စနဲ့ စကားများနေကြပြန်သည်။ Jeno က ဒီဇိုင်းကို ဆိုင်မှာပဲ ပုံစံပြောပြပြီး ဆွဲခိုင်းချင်ပေမယ့် Injun က​တော့ ကိုယ်တိုင် ဆွဲချင်သည်။ ဒီအတွဲကို ကြည့်ရင်း ဗျာများနေရသည်မှာ ဆိုင်ဝန်ထမ်းများ။ နောက်ဆုံး Injun ထထွက်သွားတော့ Jeno နောက်က လိုက်သွားလေသည်။ ဆိုင်ထဲမှာ ကျန်နေခဲ့ကြသော အဖော်လိုက်ခဲ့တဲ့ Renjun နဲ့ Jaemin ကတော့ အားနာစွာနဲ့ ဆိုင်ကသူတွေကို ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြနေရတော့သည်။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now