Episode 9 (Unicode)

391 43 3
                                    

အပိုင်း (က)

"Jeno မင်း 1st yrက ကောင်မလေး တစ်ယောက်နဲ့ တွဲနေတယ်ဆို"

"အင်း ငါလည်း အဲ့လိုကြားတယ် တကယ်ပဲလား Jeno"

Jeno အတန်းထဲ ရောက်ရောက်ခြင်း ခုံပေါ် ဖင်ချတောင် မထိုင်ရသေးခင်တည်းက စစ်ဆေးမေးမြန်းနေသော Lee Haechan နဲ့ Huang Renjun ပါပင်။

နှစ်ယောက်လုံးရဲ့ အမေးကို 'အင်း' လို့သာ ဖြေရင်း မိမိနေရာ၌ ဝင်ထိုင်လိုက်သည်။

"ကောင်မလေးက အချောလေးပဲ"

"ဟုတ်တယ် ချစ်စရာလေး"

သူတို့ဘာသာ ပြောရင်း ဟုတ်နေကြသော နှစ်ယောက်သားကို ဘာမှမပြောဖြစ်ဘဲ ဖုန်းထဲမှာ ပြောနေသည့် conversationကိုသာ reply ပြန်လိုက်သည်။

ကျောင်းပိတ်ရက် စနေနေ့ ... ပန်းခြံတစ်ခုမှာ သူမနဲ့ ဒိတ်လုပ်ဖို့ ချိန်းဆိုခဲ့တယ်။ ဒါက သူတို့ နှစ်ယောက်အတွက် ပထမဆုံး ဒိတ်တော့ မဟုတ်ခဲ့။

မနက်ပိုင်း သူမနဲ့ ပန်းခြံမှာ စကားတွေ ပြောကြသည်။ နေ့လည်ရောက်တော့ နေ့လည်စာအတွက် သူမကြိုက်သည် ပြောသော Hot pot ဆိုင်မှာ စားဖြစ်ကြသည်။

ဆိုင်ထဲကို သူမလက်လေးကိုင်လို့ ဝင်သွားလိုက်သည်။ ဆိုင်ထဲရောက်တော့ waiterလေး ချပေးတဲ့ နေရာကို ဝင်ထိုင်ရင်း အရှေ့က ချစ်သူလေး စိတ်တိုင်းကျ စားချင်တဲ့ မုန့်တွေကို မှာပေးလိုက်သည်။

"ကိုကို ဒီဆိုင်က ဟော့ပေါ့က အရမ်းကောင်းတယ်"

"အင်း ဟူတ်တယ် ကြိုက်တယ်မလား"

"ကြိုက်တာပေါ့"

"အဝစား ကိုကို ဝယ်ကျွေးမယ်"

"ဟုတ်"

နေ့လည်စာ စားပြီးတဲ့နောက်မှာ သူမသွားချင်တဲ့ နေရာတွေကို လိုက်ပို့ပေးလိုက်သည်။ ပျော်စရာကောင်းပါတယ် ။

ကျွန်တော့်ပါးကို လှမ်းနမ်းလိုက်တဲ့ သူမကို ပြုံးပြီးသာ ကြည့်လိုက်သည်။ ပြန်ပြီးတော့ ဘာမှ မတုံ့ပြန်ဖြစ်။ ညနေပိုင်း အိမ်ပြန်အိမ်ရောက်တော့ သူမအိမ်နားကို ပြန်ပို့ပေးလိုက်သည်။

သူမကို ပြန်ပို့ပြီးတဲ့နောက်မှာ အိမ်မပြန်ချင်သေး၍ ကားလျှောက်မောင်းလိုက်သည်။ မလှမ်း မကမ်း မုန့်ဆိုင်လေးတစ်ခုမှာ ထိုင်စာလုပ်နေတဲ့ Injun ကို ကားပေါ်က လှမ်းမြင်လိုက်ရသည်။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now