Episode 12 (Unicode)

382 38 0
                                    

အပိုင်း (က)

"Injun Injun ငါပြောတာ ကြားလားဟင်"

"အာ ဆောရီး ငါနားကြားလွဲသွားသလိုပဲ ပြန်ပြောလို့ရမလား"

"ငါမင်းကို ချစ်တယ်"

"တကယ်ပြောနေတာလား ငါနားကြားလွဲတာ မဟုတ်ဘူးပေါ့"

"တကယ်ပြောနေတာ မင်းကြားတာတွေက အမှန်ပါ"

"ဘာ"

"ဖြေးဖြေး .. အော်ကွာ မင်းကလည်း"

"မင်းပြောတာလည်း စဥ်းစားဦးလေ"

"မင်းကြောင်သွားမယ်ဆိုတာ နားလည်ပါတယ်ကွ"

Injun လည်း ဘာမှဆက်မပြောဘဲ တစ်ခွက်ပြီး တစ်ခွက်သာ သောက်နေလိုက်သည်။

"Injun အရမ်းမသောက်နဲ့"

"ငါ့ဘာသာငါ သောက်တာ မင်းပါးစပ်ငှားသောက်လို့လား"

"မငှားပါဘူး သောက် သောက် ငါက မင်း မူးနေမှာစိုးလို့ပါ"

"ဘာလို့လဲ"

"ဘာကိုလဲ Injun"

"Hyung အစားလား ငါက"

"Renjun အစား ?"

"အင်း"

Jeno စက္ကန့်ပိုင်းမျှ Injun ပြောချင်သည်ကို စဥ်းစားလိုက်ရသည်။ မဟုတ်မှလွဲရော Renjunနဲ့ ပုံစံတူတဲ့ သူ့ကို အစားထိုးတာလို့ တွေးနေတာလား။

"သူ့အချစ်မရလို့ မင်းကို အစားထိုးတယ် ထင်တာလား"

"အင်းလေ။ ငါတို့က တခြားအမြွှာတွေထက် တော်တော်များများ တူတယ်လေ အဲ့ဒါကြောင့်မို့ မင်း .."

"မဟုတ်ဘူး Injun။ ငါ Renjunကို သဘောကျခဲ့တာ မှန်ပေမယ့် ငါ မင်းကို သူ့အစားဆိုပြီး ချစ်ခဲ့တာ မဟုတ်ဘူး"

"ဒါဆို ဘာလို့လဲ အာ ဟိုည"

"Injun မင်းထင်တာတွေပဲ ပြောမနေနဲ့ကွာ"

"အဲ့ဒါဆို why?"

"အဲ့အတွက် သေချာတဲ့အဖြေမရှိဘူး။ လူတစ်ယောက်ကို ချစ်ဖို့အတွက် အကြောင်းပြချက်တွေက လိုအပ်လို့လား"

"ဟက်"

"မင်းတွေးနေတာတွေက မဟုတ်ဘူးနော်။ Injun ငါကိုယ်တိုင်တောင် မင်းကို ချစ်မိသွားလို့ ထူးဆန်းခဲ့တာ"

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now