Episode 4 (Unicode)

409 42 2
                                    

အပိုင်း (က)

ထိုနေ့က Jaemin, Jisung တို့ကို မိမိ သဘောကျနေသူမှာ Renjun ဖြစ်ကြောင်း ဖွင့်ပြောပြခဲ့ပြီးနောက်  Jisung နဲ့ Lele ဆီမှ ကောင်လေး အကြောင်း တော်တော်များများ သိခွင့်ရခဲ့သည်။ ထို့အပြင် ကောင်လေးနဲ့ သူနဲ့လည်း ညတိုင်းနီးပါး စကားပြောခွင့် ရခဲ့သည်။ Appaရဲ့ အလုပ်ကိစ္စရယ် ကျောင်းစာတွေကြောင့်ရယ် ပင်ပန်းမှုတွေ ရှိနေပေမယ့် ဒီကောင်လေး မျက်နှာ မြင်ရရင် အသံကြားရရင် ပင်ပန်းမှုတွေက ပြေပျောက်သွားစမြဲ။

IG story အမြဲတင်တတ်သူ မဟုတ်ပေမယ့် ဒီနေ့မှာ ထူးထူးခြားခြား ကောင်လေးနဲ့ ပတ်သက်တဲ့ စာလေးတွေ တင်ချင်မိသည်။ တသီးတသန့် ဖွဲ့နွဲ့ထားသည်မဟုတ်တဲ့ စာကြောင်းအချို့ကို ရေးသားပြီးနောက် *Add story* ဆိုတဲ့ နေရာလေးကို နှိပ်လိုက်သည်။ ပြီးတဲ့နောက် Follow ထားတဲ့သူတွေရဲ့ ပုံတွေကို ကြည့်နေလိုက်သည်။
ခဏနေတော့ Storyထဲ ပြန်ဝင်ကြည့်မိသည်။

** သူ သတိထားမိမလား? သူ့ကို တွေ့တိုင်း ကျွန်တော် ငေးကြည့်နေမိတတ်တာ ! သူ စကားပြောတိုင်း ကျွန်တော် ပြုံးပြုံးလေးနဲ့ နားထောင်နေတတ်တာ ! သူတင်သမျှ ပုံတွေတိုင်း Galleryမှာ Album တစ်ခုနဲ့ Save ထားတတ်တာ ! ကျွန်တော့်ဖုန်းရဲ့ Wallpaperမှာ သူ့ပုံလေးတွေ အစားထိုးနေရာယူနေတာ ! ပြီးတော့ သူမသိအောင် သူ့ဓာတ်ပုံတွေ ခိုးရိုက်ပြီး စနစ်တကျ သိမ်းဆည်းထားတာ !!! **

ကျွန်တော်တင်လိုက်တဲ့ Storyကို ဝင်ကြည့်တဲ့သူတွေကြား ကျွန်တော် ရည်ရွယ်ထားတဲ့ 'သူ' လည်း ပါဝင်သည်။ ကျွန်တော်ရည်ရွယ်ပြီး တင်ထားတာ ခင်ဗျားဆိုတာ သိစေချင်တယ် ကောင်လေးရေ။ ထုံးစံအတိုင်း Active now ဖြစ်နေတဲ့ ကောင်လေးနဲ့ စကားပြောဖြစ်ကြသည်။ နာရီပိုင်းမျှ ပြောဖြစ်တဲ့ စကားလုံးတွေရဲ့ အဆုံးသတ် အိပ်တော့မယ် Good night ဆိုတဲ့ conversation အဆုံးသတ်ပြီးနောက် ကျွန်တော် နောက်ထပ် Story တစ်ခုကို ထပ်တင်လိုက်သည်။

** ကျွန်တော်တို့ရဲ့ conversationတွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အခြေအနေ တိုးတက်လာပြီလို့ ကျွန်တော် တစ်ဖက်သတ် သတ်မှတ်ပါရ​စေ ချစ်ရသူ ... ဒီနေ့ညလည်း ကောင်းမွန်စွာ အိပ်စက်လို့ အိမ်မက်လှလှမက်ပါစေ .. ကျွန်တော့် အိမ်မက်ထဲ အရင်နေ့တွေကလို လာမြဲတိုင်း လာပေးပါ .. ကျွန်တော် ချစ်ရတဲ့သူရေ **

Photographer & Guitarist [JaemRen+NoRen]Место, где живут истории. Откройте их для себя