Episode 10 (Unicode)

391 42 4
                                    

အပိုင်း (က)

ဒီနေ့ စာမေးပွဲ နောက်ဆုံးရက်မို့ Jaemin ပျော်နေသည်။ သို့သော် အတွေးက ကြာကြာမခံလိုက်။ နောက်အပတ်ဆို နောက်ထပ် စာမေးပွဲ ထပ်ဖြေရဦးမည်။ ခုချိန် ပျော်ရမလား ဝမ်းနည်းရမလားမသိ။

ဘာပဲဖြစ်ဖြစ် တစ်ပတ်ကျော်အောင် လွမ်းနေရတဲ့ Renjun မျက်နှာလေး မြင်ရရင်တော့ ပင်ပန်းနေတာတွေ ပျောက်သွားမှာ။ သူတွေးနေတုန်း Renjun ဆီက ဖုန်းဝင်လာတော့ ဖုန်းအမြန်ကိုင်လိုက်သည်။

(Jaem စာမေးပွဲဖြေနိုင်လား)

"အင်း ဖြေနိုင်တယ်"

(ခု ဘယ်မှာလဲ)

"ကျောင်းက ကန်တင်းမှာ အအေးသောက်နေတာ Renရော"

(အိမ်မှာ)

"ခဏနေအားလား တွေ့ရအောင်လေ"

(အင်း အိမ်လာခဲ့ပါလား ညစာချက်ကျွေးမယ်)

"Cool ~~~"

(ဒါဆို ဖုန်းချလိုက်တော့မယ်နော်)

"အော် ကျွန်တော် အိမ်ပြန်ပြီးမှ လာခဲ့မယ်နော်"

(အင်း Jaem ဘိုင့်)

"အင်း ချစ်တယ်"

(ငါလည်း ချစ်တယ်နော်)

Renjun ဖုန်းချပြီးတဲ့နောက်မှာ မီးဖိုချောင်ထဲ ဝင်လာခဲ့လိုက်သည်။ ရေခဲသေတ္တာထဲက ပစ္စည်းအချို့ ထုတ်ယူပြီး ဟင်းချက်ဖို့အတွက် ပြင်ဆင်လိုက်သည်။

ရေခဲသေတ္တာဖွင့်ရင်း ဟိုနေ့က အငယ်နဲ့သူ market သွားရင်း ဝယ်လာတဲ့ အအေးပုလင်းကို တွေ့တော့ အငယ့်အတွက် ဖန်ခွက်ထဲ အအေးတစ်ချို့ ထည့်ကာ သူ့အခန်းကို ယူသွားပေးလိုက်သည်။

အခန်းတံခါးခေါက်ပြီး အခန်းထဲ ဝင်သွားတော့ ကုတင်ပေါ်မှာ ခွေပြီး စာဖတ်နေတဲ့ Injun ပါလေ။ သူ့မြင်တော့ ဟီးခနဲ ရယ်ပြပြီး စာအုပ်ကို ပိတ်ကာ အိပ်နေသည်မှ ထလေသည်။

"အငယ် ဝတ္ထုတွေပဲ မဖတ်နဲ့လေ စာလည်း ကြည့်ဦး"

"ကြည့်တယ် ခုနကမှ စာဆက်မလုပ်ချင်တော့လို့ ဖတ်တာ"

"အင်း ရော့ ဒီမှာ အအေး"

"ဟုတ်"

"ညနေကျရင် Jaemin ညစာ လာစားမယ် ငယ်"

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now