Episode 5 (Unicode)

404 47 2
                                    


အပိုင်း (က)

"Renjun Injun ငါတို့ ဒီမှာ"

ဝိုင်းတစ်ခုမှာ ထိုင်နေတဲ့ Haechan နဲ့ Jenoက လက်လှမ်းပြကာ ခေါ်လေသည်မို့ Renjunတို့နှစ်ယောက် Haechan တို့ရှိရာ ခုံကို သွားကာ နေရာလွတ်၌ ဝင်ထိုင်လိုက်ကြသည်။

"မင်းတို့က ဘာလို့နောက်ကျနေတာလဲ" ထိုင်ထိုင်ပြီးချင်း မေးလာသော Haechanရဲ့ အမေးကို Injunက ပြန်ဖြေလေသည်။

"Renjunပေါ့ ပြင်နေတာ မပြီးတော့ဘူး"

"အော် အေး ထားပါတော့။ ဒါနဲ့ ဘာသောက်ကြမှာလဲ"

"ငယ် ဘာသောက်မလဲ"

"အရမ်းမပြင်းတာပေါ့။ အိမ်ပြန်ရင် ကားမောင်းရဦးမှာဆို​တော့"

"ငါလည်း သူ့လိုပဲ Haechan"

"အင်း ဒါဆို ငါမှာလိုက်ဦးမယ်"

"Jeno ငြိမ်လှချည်လား"

"စောစောစီးစီး ရေချိန်ကိုက်နေတာလား"

"အေး ငါတို့ နာရီဝက် နောက်ကျတဲ့အတွင်း ကြိုသောက်နေတယ်ထင်တယ်"

"ဟုတ်မှာပေါ့ ပုံစံကြည့်ရတော့ လစ်နေသလိုပဲ"

Jeno သူ့ကို မေးပြီး သူတို့ဘာသာ ထင်ရာ အဖြေညှိနေကြသော အမြွှာနှစ်ယောက်ကို သောက်နေသည့် alcoholနှင့် အမြည်းလုပ်ပစ်ချင်နေပြီ။

"ကဲ တော်ပါတော့ Huangညီနောင်ရယ်။ မင်းတို့ပြောမှပဲ ငါလည်း တော်တော်သောက်ထားတဲ့သူ ကျလို့"

"မဟုတ်လို့လား"

"မဟုတ်တာကျနေရော"

"ဟုတ်တယ်ဟေ့ ဟုတ်ပြီလား"

အမြွှာနှစ်ယောက် ပေါက်ပေါက်ဖောက်နေသည်ကို မနိုင်တော့သည့်အဆုံး Jeno လက်လျော့ကာ သူတို့ပြောသည်သာ မှန်ကြောင်း လိုက်လျောလိုက်သည်။ ဘေးနားက Haechan ကတော့ လာမယ်ဆိုပြီး နောက်ကျနေတဲ့ သုံးယောက်ကို ကျိန်းဝါးနေလေသည်။

"Sorry hyungတို့ လမ်းမှာကားကျပ်နေလို့"

ဝိုင်းမှာ ထိုင်တာနဲ့ တစ်ပြိုင်နက် ကြိုတင် ဖြေရှင်းချက်ပေးသော Jisung နဲ့ Chenle။ ဒီကလေးနှစ်ယောက်ဟာ music club ဂျူနီယာတွေထဲ အတော်ဆုံး ဖြစ်ပြီးတော့ သူတို့နဲ့လည်း အခင်ဆုံးဟုပြောရမည်။ ဒါကြောင့်မို့လည်း သူတို့နဲ့ တစ်တွဲတွဲ ဖြစ်နေသည်နေမှာ။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now