Ginkgo

1.4K 58 2
                                    

ဆောင်းလည်း၀င်သွားခဲ့ပြီ။ မနက်ခင်းရဲ့ နေခြည်နုနုအစား မြူလေးတွေလည်း အစားထိုးလာပြီပေါ့။ မြန်မာနိုင်ငံမှာတော့ ဆောင်းရာသီရယ်လို့ တစ်ခုတည်းရှိပေမယ့် တချို့နိုင်ငံတွေမှာတော့ Fall နဲ့ Winterဆိုပြီး ၂မျိုးရှိပါတယ်။ အခုအချိန်က သူတို့နိုင်ငံမှာ Fallပါ။ Autumလို့လည်းခေါ်ပါတယ်။ မြန်မာလိုဆို ဆောင်းဦးပေါ့။ Fallလို့ ဘာလို့ခေါ်လဲဆို အရွက်တွေ စိမ်းရာကနေ ရွှေအိုရောင်ဖြစ်တဲ့အချိန်...အရွက်တွေကြွေတဲ့အချိန်ဖြစ်လို့ပါ။ ဥပမာ မေပယ်တွေ ဂင်ဂိုတွေပေါ့။ အဲ့ဒီအချိန်မှာအရွက်တွေကြွေကြလို့ ဆောင်းဦးကို " beauty of letting go" လို့လည်း တင်စားကြပါတယ်။ စွန့်လွှတ်ခြင်းရဲ့ အလှတရားပေါ့။

ဆိုတော့ကား ဒီလိုဆောင်းဦးအချိန်မှာပဲ သူ့ရဲ့ချစ်လှစွာသော အစိတ်အပိုင်းလေးတွေဖြစ်တဲ့ သစ်ရွက်လေးတွေကို လက်လွှတ်လိုက်ရတဲ့ သစ်ပင်လေးအကြောင်းပြောပြပါ့မယ်။ Ginkgo(ဂင်ဂို) လို့ခေါ်ပါတယ်။ ဆောင်းဦးကို ရွှေရောင်ခြယ်ကြသူများပေါ့ရှင်။
အများစုက မေပယ်ကိုပဲ သိကြလို့ ဂင်ဂိုရွက်တွေလည်း အရမ်းလှတဲ့အကြောင်းလေးပြောပြချင်လို့ ဒီအရွက်လေးတွေကို ရွေးလိုက်ရတာပါ။

Ginkgoတွေက သက်ရှိရုပ်ကြွင်းလို့တင်စားရတဲ့အထိ အသက်ရှည်တဲ့ အပင်တွေပါ။ သစ်ပင် မျိုးစိတ်တွေထဲမှာ အကြာဆုံးရှင်သန်နိုင်တဲ့အထဲ ပါပါတယ်။ botanical historyတွေအရ တည်ရှိခဲ့တာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းကပါတဲ့။ သူ့ရဲ့ native က တရုတ်ကပါ။ တရုတ်မှာ ဂင်ဂိုပင်တွေကို "မျှော်လင့်ချက်၊ ငြိမ်းချမ်းခြင်း" လို့ ယူဆခဲ့တာ နှစ်ပေါင်းထောင်ချီရှိခဲ့ပါပြီတဲ့။ ဒါ့အပြင် တရုတ်သမိုင်းတစ်လျောက်မှာလည်း ကောင်းမွန်တဲ့အနာဂတ်နဲ့ပတ်သတ်ပြီး ဒီအပင်တွေက ​ကျော်ကြားခဲ့တာပါ။
တရုတ်ဘုန်းတော်ကြီးတွေရဲ့ မိတ်ဆက်ပေးမှုကြောင့် ဂျပန်မှာဆိုလည်း နတ်ကွန်းတွေ၊ ဘုရားကျောင်းတွေမှာ စိုက်ပျိုးကြပါတယ်။

ဂျပန်ဆိုလို့ 1945 ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်က ဂျပန်ဟီရိုရှီးမားမြို့ကို အနုမြုဗုံးကျဲချလိုက်တာမို့ အတော်များများပျက်စီးခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကတောင် အဲ့ဒီနေရာမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဘာမှမရှင်သန်နိုင်တော့ဘူးလို့ ခန့်မှန်းခဲ့ကြပေမယ့် ဂင်ဂိုနဲ့ အပင်တချို့ကတော့ ပြန်ပြီးရှင်သန်လာခဲ့ပါတယ်တဲ့။ ဒါကြောင့် သူ့ကို အသက်ရှည်ခြင်း၊ ခွန်အားလို့လည်း ယူဆကြပါတယ်။

ဒါ့အပြင် ဂင်ဂိုရွက်ရဲ့ အဓိပ္ပါယ်ထဲမှာ "အချစ်" ဆိုတဲ့ အဓိပ္ပါယ်လည်း ပါပါသေးတယ်။

ဂင်ဂိုပင်တွေက နှစ်၂ထောင်လောက်အထိလည်း ရှင်သန်နိုင်ပါသေးသတဲ့။ သူတို့က ပုံမှန်အချိန်ဆို အစိမ်းရောင်ဆိုပေမယ့် ဆောင်းဦးပေါက်တာနဲ့ အ၀ါရောင်ကို ပြောင်းသွားပြီးကြွေကျကြတာပါ။ နို၀င်ဘာ လလယ်လောက်ကစပြီး ကြွေတယ်လို့သိရပါတယ်။ အ၀ါရောင်ပြောင်းသွားတဲ့အချိန်ဆိုအရမ်းကိုလှတာပါ။ သူ့မှာထူးခြားချက်တစ်ခုက နှစ်သန်းပေါင်းအတော်ကြာတဲ့အထိ မပြောင်းလဲတာပါ။ ပြောင်းရင်တောင် နည်းနည်းလေးပဲ ပြောင်းလဲပါတယ်တဲ့။ မပြောင်းလဲ သလောက်ပါပဲ။ ကိုရီးယား၊ ဂျပန်၊ တရုတ်မှာဆို ဂင်ဂိုတွေက အမြတ်နိုးခံ သစ်ပင်တွေဖြစ်ပါတယ်။ ဘဲရတဲ့တစ်နေ့ ဂင်ဂိုပင်တန်းဆီ ခေါ်သွားပါဦးမယ် :3

photo credit goes to original owners📷

photo credit goes to original owners📷

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


FlowersWhere stories live. Discover now