Carnation

3.8K 257 16
                                    

ကာ​နေးရှင်း​တွေက​တော့ မသိသူမရှိသ​လောက်​ပါပဲ။
မြန်​မာမှာလည်း အလွယ်​တကူရရှိနိုင်​တဲ့ ပန်း
တစ်​ခုပါ။ကာ​နေးရှင်း​တွေက ကမ္ဘာ​ပေါ်မှာ တည်​ရှိ​နေတာ
ကြာရှည်​​နေပြီဖြစ်​တဲ့ ပန်းအမျိုးအစားထဲက တစ်​ခုလည်း
ဖြစ်​ပါတယ်​။

ကာ​နေးရှင်း​​တွေက အ​ရောင်​အ​တော်​​လေးစုံပါတယ်​။
ဒါ​ပေမယ့်​ သူ့ရဲ့ အဓိက အ​ရောင်​က​တော့ ပန်း​ရောင်​ပါ။
ပန်း​ရောင်​အပြင်​အဝါ၊အဖြူ၊အနီ၊အစိမ်း၊ခရမ်း၊နှစ်​​ရောင်​စပ်
စသဖြင့်​ အ​ရောင်​စုံရှိပါတယ်​။ဒါ​ကြောင့်​ပန်းရဲ့ အဓိပ္ပါယ်​က
လည်း  အ​ရောင်​​ပေါ်မူတည်​ပြီးအဓိပ္ပါယ်​ကွဲသွားပါတယ်​။
ဒါ​ပေမယ့်​ အားလုံးကိုခြုံလိုက်​မယ်​ဆိုရင်​​တော့
ကာ​နေးရှင်းရဲ့ အဓိပ္ပါယ်​က အချစ်​ သို့ ထူးခြားတဲ့ အရည်​အ​သွေး
လို့ မှတ်​ယူလို့ရပါတယ်​။
Mother's loveရဲ့ သ​င်္ကေတလည်းဖြစ်​ပါတယ်​တဲ့။

Carnation ရဲ့ scientific nameက​တော့
Dianthus လို့​ခေါ်ပါတယ်​။လက်​တင်​ စကားလုံးဖြစ်​တဲ့
"dios"နဲ့ "anthos"ဆိုတဲ့စကားလုံးနှစ်​ခုကို ​ပေါင်းထားတာပါ။
အဓိပ္ပါယ်​က "flowers of gods"တဲ့။

Carnationဟာ ဒဏ္ဍာရီ​တွေ ယုံတမ်းစကား​တွေ
များတဲပန်းလို့ဆိုလို့ရပါတယ်​။ ​ရှေး​ရောမဒဏ္ဍာရီ​တွေအရ
တော့ သခင်​​ယေရှုကို ကားစင်​တင်​ပြီးတဲ့​နောက်​မှာ
ပေါ်လာတယ်​လို့ ဆိုကြပါတယ်​။(Graceက ခရစ်​ယန်
မဟုတ်​တဲ့အတွက်​ အသုံးအနှုန်းမှားယွင်းခဲ့သည်​ရှိ​သော်
သည်းခံ​ပေးဖို့နဲ့ အမှန်​ပြန်​​ပြော​ပေးဖို့ ​မေတ္တာရပ်​ခံပါတယ်​​နော်​။)
မယ်​​တော်​မာရီက သားဖြစ်​သူ​သေဆုံးမှုကိုသိရတဲ့အခါမှာ
ပူ​ဆွေးပြီးငို​ကြွေးရာက​နေ သူမရဲ့မျက်​ရည်​စက်​​တွေကျတဲ့
နေရာမှာ Carnation​တွေပွင့်​လာတယ်​လို့ ဆိုကြပါတယ်​။

Korean Cultureမှာဆိုရင်​​တော့ ကိုရီးယားလူမျိုး
တွေဟာ ကာ​နေးရှင်း​တွေကို မိန်းမပျို​လေး​တွေရဲ့
ရှေ့ဖြစ်​ကံကြမ္မာကို​ဟော​ပြောတဲ့​နေရာမှာ အသုံးပြုကြ
ပါတယ်​တဲ့။မိန်းမပျို​လေးရဲ့​ခေါင်း​ပေါ်မှာ လန်းဆန်းတဲ့
ကာ​နေးရှင်းသုံးပွင့်​ကို ဆံပင်​ထဲကိုစိုက်​ပြီး ဘယ်​အပွင့်​က
အရင်​ညှိုးလဲဆိုတာကိုကြည့်​ပြီး ​ဟော​ပြောတာမျိုးပါ။
ထိပ်​ဆုံးမှာထားတဲ့ပန်းက အရင်​ဆုံးညှိုးသွားခဲ့မယ်​ဆိုရင်
သူမရဲ့​နောက်​ပိုင်းနှစ်​​တွေမှာ ခိုက်​ရန်​ဖြစ်​ပွားခြင်း​တွေ
ကြုံရမှာပါတဲ့။အလယ်​ပွင့်​က အရင်​ညှိုးခဲ့မယ်​ဆိုရင်
သူမရဲ့ လူငယ်​ဘဝဟာ က​သောင်းကနင်းဖြစ်​နိုင်​ပါတယ်​တဲ့။
နောက်​ဆုံးအပွင့်​က အရင်​ညှိုးခဲ့မယ်​ဆိုရင်​​တော့
မိန်းမပျိုက သူမရဲ့ဘဝတစ်​​လျောက်​လုံး ကြီးမားတဲ့
စိန်​​ခေါ်မှု​တွေနဲ့ ရင်​ဆိုင်​ရပါလိမ့်​မယ်​တဲ့။

FlowersWhere stories live. Discover now