Larkspur

992 49 0
                                    

💐July Flower "Larkspur" 💐

အားလုံးပဲ မင်္ဂလာပါရှင်။
မွေးနေ့ရှင် အက်ဒမင်မမ ဂွေ့(Grace)ပါ 😛
အဲ့ဒါကြောင့်မို့ မင်မင်က Julyလရဲ့ မွေးလပန်းဖြစ်တဲ့ Larkspurပန်းလေးအကြောင်းကို မွေးနေ့လက်ဆောင်အနေနဲ့ ပြောပြပေးပါ့မယ်။ နောက်လတွေကျရင်လည်း တစ်လကို မွေးလပန်းတစ်ခုစီအကြောင်းကိုပြောပေးသွားမှာမို့ စိတ်မဆိုးနဲ့နော်😍 ကဲ...အခုတော့ ဂျူလိုင်ရဲ့ နတ်သမီးလေးအကြောင်းနဲ့ စလိုက်ကြရအောင်။
(Writing styleလေးနည်းနည်းပြောင်းလိုက်ပါတယ်)

Etymological Meaning Of "Larkspur" Flower

Larkspurဆိုတာ ရိုးတံရှည်ရှည်နဲ့ ကြယ်ပွင့်ပုံသဏ္ဍာန်ပန်းပွင့်လေးတွေနဲ့ပန်းလေးတစ်မျိုးဖြစ်ပါတယ်။ဖြာထွက်နေတဲ့ပွင့်ဖတ်လေးတွေက စာကလေး(lark)ရဲ့ ခြေသည်း(spur)နဲ့တူလို့ larkspurလို့ ခေါ်ကြတယ်လို့လည်းဆိုကြပါတယ်။ ဒါ့အပြင် Larkspurကို Delphiniumလို့လည်းခေါ်ပါတယ်။ Delphiniumဆိုတာ ဂရိစကားလုံးဖြစ်ပြီး လင်းပိုင်လို့အဓိပ္ပါယ်ရပါတယ်။ ထိပ်ဆုံးကအဖူးလေးတွေထွက်နေပုံက လင်းပိုင်လေးရေထဲကထွက်ပေါ်လာတာနဲ့တူလို့ပါတဲ့။

Legends of Larkspur flower

Larkspurရဲ့ ထင်ရှားတဲ့ ဂရိဒဏ္ဍာရီတစ်ခုကတော့ အာခိလိစ် သေဆုံးပြီးတဲ့နောက်မှာ သူ့ရဲ့ချပ်၀တ်တန်ဆာကို Troyတိုက်ပွဲမှာ Ulyssesနဲ့  Ajaxတို့နှစ်ယောက်က လိုချင်ကြပါတယ်။ ဂရိတွေက Ulyssesကို ထိုက်တန်သူအနေနဲ့ရွေးချယ်ပြီး ပေးလိုက်ပါတယ်။ အဲ့ဒါကို မကျေနပ်တဲ့ Ajaxက သူ့ကိုမပေးရကောင်းလားဆိုကြပြီးဒေါသထွက်သွားတာမို့ အဲ့နေရာမှာပဲ သူ့ဓားနဲ့သူပြန်ထိုးပြီး အဆုံးစီရင်သွားပါတယ်။ သူ့သွေးစက်တွေကျသွားတဲ့နေရာမှာ အပြာရောင် Larkspurပန်းတွေ ပွင့်လာပါသတဲ့။

အမေရိကန်ရိုးရာပုံပြင်တစ်ခုမှာတော့ Larkspurဟာ နတ်သားတစ်ပါး ဒါမှမဟုတ် ကောင်းကင်ကဆင်းသက်လာတဲ့ နတ်မျိုးနွယ်တစ်ပါးနဲ့ဆက်နွယ်ပြီးပွင့်ဖူးလာခဲ့တာပါတဲ့။
အဲ့ဒီနတ်သားက ပန်းနွယ်တစ်ခုကို ကောင်းကင်ကနေချခဲ့ပါတယ်။ အကြောင်းကတော့ မြေပြင်ပေါ်ကိုဆင်းဖို့ပါ။တဖြည်းဖြည်းနဲ့နွယ်က အရွက်တွေက ခြောက်သွေ့လာပြီး လေနဲ့အတူ ​ကမ္ဘာပေါ်ကိုကျဆင်းလာပြီး larkspurပန်းတွေ အဖြစ်ရှင်သန်လာကြပါတယ်။ ဒါကြောင့် Larkspurပန်းတွေဟာ ကောင်းကင်က ပုံဖော်ပေးတဲ့ပန်းတွေလို့ ဆိုကြပါတယ်။

FlowersWhere stories live. Discover now