Iris

3.3K 172 6
                                    

ဒီ​နေ့​တော့ Graceက Irisပန်း​တွေအ​ကြောင်းကို
ပြောပြပါ့မယ်​။ဒီပန်းက​တော့ ရင်းနှီးတဲ့သူတစ်​ဝက်
မသိတဲ့သူတစ်​ဝက်​ ဖြစ်​မယ်​လို့်​ထင်​တယ်​။
ကဲ...အခုစ​ပြောပါပြီ။

Irisဆိုတဲ့ပန်း​လေး​တွေကို တစ်​ခါတစ်​ရံမှာ​တော်​ဝင်​ဆန်​တဲ့
ပန်း​တွေအဖြစ်​သတ်​မှတ်​ကြပါတယ်​တဲ့။အများစုက Iris
လို့​ပြောလိုက်​ရင်​ ခရမ်း​ရောင်​​တွေကိုပဲ​ပြေးမြင်​တတ်​ကြမယ်
ထင်​တယ်​။ဒါ​ပေမယ့်​ Irisရဲ့ အ​ရောင်​​တွေက အ​တော်​စုံတာပါ။
ခရမ်း၊အပြာ၊အဝါ၊အဖြူ၊ပန်း​ရောင်​၊အနီ၊စိမ်းဝါ၊မီးခိုးက​နေစပြီး
အနက်​​ရောင်​နီးနီး အ​ရောင်​အထိကို ရှိပါတယ်​တဲ့။
အ​ရောင်​​တွေ အ​တော်​စုံတယ်​​နော်​😅😅

Irisဆိုတဲ့ နာမည်​​လေးက ​ရှေး​ဟောင်းဂရိနတ်​သမီးတစ်​ပါး
ဖြစ်​တဲ့ Irisနတ်​သမီးရဲ့ အမည်​က​နေဆင်းသက်​လာခဲ့တာပါ။
Irisဆိုတဲ့နာမည်​ကို ဘာသာပြန်​ရမယ်​ဆိုရင်​​တော့
"သက်​တန့်​"လို့ ဆိုလိုပါတယ်​တဲ့။
ပြီး​တော့ ​နောက်​ထပ်​တစ်​မျိုးလည်း အဓိပ္ပါယ်​​ကောက်​ပါ​သေးတယ်​။
သူက​တော့ ​နောက်​ထပ်​ဂရိစကားလုံးဖြစ်​တဲ့ "eiris"ဆိုတဲ့
အဓိပ္ပါယ်​ကို ယူထားတာပါ။"eiris"ရဲ့ အဓိပ္ပါယ်​က
"Massager" တဲ့။ (မြန်​မာလိုမပြန်​လည်း နားလည်​မယ်
ထင်​ပါတယ်​။) ဘာလို့ဒီလို​ပြောလဲဆိုရင်
Iris နတ်​သမီးဟာဆိုရင်​ နတ်​ဘုရား​တွေဆီကို
မြေ​အောက်​ကမ္ဘာရဲ့ သတင်းစကား​တွေကို ပို့​ဆောင်​​ပေးရတဲ့
နတ်​သမီးတစ်​ပါးဖြစ်​လို့ပါ။ ဒါ့အပြင်​ သူမဟာ ကမ္ဘာ​မြေနဲ့
ကောင်းကင်​ဘုံကြားမှာ သက်​တန့်​ကို ​ပေါင်းကူးတံတား
သဖွယ်​အသုံးပြုပြီး
သွားလာနိုငိပါ​သေးတယ်​တဲ့။ ဒါ​ကြောင့်​လည်း Irisရဲ့
အဓိပ္ပါယ်​က သက်​တန့်​ ဖြစ်​​နေရတာပါ။
တချို့လူမျိုး​တွေက​တော့ Irisမှာ အ​ရောင်​မျိုးစုံရှိတာမို့
သက်​တန့်​ လို့​ခေါ်တယ်​ဆိုပြီးလည်း ယူဆကြပါ​သေးတယ်​။

ရှေး​ဟောင်းဂရိလူမျိုး​တွေဟာ အမျိုးသမီး​တွေရဲ့ ​မြေပုံ​တွေ​ပေါ်မှာ
ခရမ်း​ရောင်​ Irisပန်း​တွေကို စိုက်​ပျိုးတတ်​တဲ့ ဓ​လေ့လည်း
ရှိခဲ့ဖူးပါတယိတဲ့။ဘာ​ကြောင့်​လဲဆိုရင်​​တော့ Irisနတ်​သမီး
ဟာဆိုရင်​ ​သေဆုံးသူ​တွေကို ကမ္ဘာ​မြေက​နေ ​ကောင်းကင်​ဘုံကို
ပို့​ဆောင်​​ပေးတဲ့သူလည်းဖြစ်​တယ်​လို့ ယုံကြည်​ကြလို့ပါ။
ဒါ​ကြောင့်​ ကိုယ်​ချစ်​ရတဲ့သူ​တွေရဲ့​မြေပုံ​ပေါ်မှာ Irisပန်း​တွေကို
Irisနတ်​သမီးရဲ့ သ​င်္ကေတအဖြစ်​စိုက်​ပျိုး​ပေးပြီး
သေဆုံးသူ​တွေရဲ့ဝိဥာဉ်​​တွေကို ​ကောင်းကင်​ဘုံကိုသွားနိုင်​​အောင်
Irisနတ်​သမီးက လမ်းပြ​ပေးလိမ့်​မယ်​လို့ ​ဂရိ​တွေက
ယူဆခဲ့ကြပါတယ်​။

FlowersWhere stories live. Discover now