Lotus

1.3K 56 2
                                    

🌺"ကြာ" (Lotus and Water Lily)🌺

"ကြာ" လို့ပြောလိုက်ရင် မြန်မာမှာတင်သာမက အာရှနိုင်ငံအတော်များများမှာ မသိတဲ့သူရှားကြပါတယ်။ အပွင့်လှလှ ရနံ့သင်းသင်းနဲ့ မြင့်မြတ်တယ်လို့ ယူဆခြင်းခံရတဲ့ ပန်းပါ။ အထူးသဖြင့်အရှေ့တိုင်း  ယဉ်ကျေးမှုမှာပေါ့။ ကြာ နဲ့ပတ်သတ်ပြီး နိုင်ငံတစ်ခုဆီမှာ သူ့ယဉ်ကျေးမှုအပေါ်မူတည်ပြီး ထူးခြားတဲ့ အယူအဆတွေရှိတတ်ပါတယ်။

မြန်မာလိုသာ "ကြာ"လို့ ​ပေါင်းခေါ်နေပေမယ့် englishလိုဆိုရင် Lotus နဲ့ Water Lily နှစ်မျိုးကတော့ လူသိများပါတယ်။သူတို့နှစ်ခုက Nymphaea မျိုးစိတ်တူဆိုပေမယ့် အပွင့်ပွင့်ပုံ ၊အပင်ပုံသဏ္ဍာန်၊ အရွက်ပုံစံလေးတွေက မသိမသာလေးကွဲပါတယ်။ ဒါပေမယ့် Lotus(ပဒုမ္မာကြာ)က ဘာသာရေးဆိုင်ရာတွေ၊ ယဉ်ကျေးမှုတွေမှာ ပွဲပိုတင့်ပါတယ်။

မြန်မာလိုအတိအကျပြောပြရမယ်ဆို
"ကြာဖြူ၊ကြာနီ၊ကြာညို၊ကြာဝါ ကြာခရမ်း"စသဖြင့်ခေါ်နေကြတာတွေက Water Lilyလို့ အများစုသတ်မှတ်လို့ရပါတယ်။ Lotus နဲ့ Water lilyမှာ အကြီးမားဆုံးကွဲလွဲချက်က အရွက်ပါပဲ။ ပြီးတော့ ကြာခွက်ပါ။ Lotus(ပဒုမ္မာကြာ) ရဲ့ အရွက်က ရေပြင်ကနေ အတော်မြင့်မြင့်အထိ ရောက်ပြီးထောင်ထွက်နေပေမယ့် Water lily(ကြာနီ၊ ကြာ၀ါ...) ရဲ့ အရွက်ကတော့ ရေပြင်ပေါ်မှာပေါလောပေါ်နေသလိုမျိုး ကပ်ပြီးပေါက်တာပါ။ မြင့်တောင် ရေပြင်ပေါ်ကို လက်မ နည်းနည်းလေးပဲထောင်ထွက်တာပါ။ ပဒုမ္မာကြာလောက် ကြာရိုးက မရှည်ပါဘူး။ ပြီးတော့ water lilyရဲ့ အရွက်ကနည်းနည်းထူပြီး ပဒုမ္မာကြာရွက်က သူ့ထက်ပါးတယ်လို့ဆိုကြပါတယ်။ နှစ်ရွက်လုံး ရေမတင်တာတော့တူပါတယ်။ ပဒုမ္မာကြာမှာဆို ကြာခွက်က ပန်းရဲ့အလယ်မှာရှိနေတတ်ပြီး water lilyအများစုမှာ မပါတာ တွေ့ရပါတယ်။
ဒါကတော့ ပဒုမ္မာကြာနဲ့ ရိုးရိုးကြာရဲ့ ကွဲလွဲချက်ပါ။
(Scared lotusလို့ခေါ်တဲ့ india lotusကတော့ ​water lilyလို ရေမှာနိမ့်ပြီး ကပ်ပွင့်တတ်ပါတယ်)

ဒီပို့စ်မှာတော့ ဂရေ့က Lotus ရော Water llily အကြောင်းကို ရှာရသလောက်ပြောပြပေးသွားပါ့မယ်။ အမှားပါရင်လည်း ဖြည်းဖြည်းသက်သာလေး ထောက်ပြကြပါဦးရှင်။

FlowersWhere stories live. Discover now