Maple Leaves

1.5K 96 1
                                    

🍁Maple leaves🍁

"ဆောင်းဦးရဲ့ နေရောင်ခြည် နွေးဖြဖြအောက်မှာ ချစ်သူလက်ကိုဆွဲပြီး ဂျပန်က လိမ္မော်ရောင် မေပယ်ပင်တန်းတွေအောက် လမ်းလျှောက်ချင်ခဲ့ဖူးလား?"

ဂျပန်မှာ မေပယ်လ်ရဲ့အဓိပ္ပါယ်က 'ဆောင်းဦးကို ကြိုဆိုခြင်း'တဲ့။ ဆောင်းဦးရောက်ပြီဆို သူ့ရဲ့လိမ္မော်နီရောင် အသွေးအရောင်တွေနဲ့ ပတ်ဝန်းကျင်ကို သတိပေးတတ်တဲ့အတွက် ဂျပန်တွေက မေပယ်လ်နဲ့ဒရယ်ကို ဆောင်းဦးရဲ့ အမှတ်သကေင်္တတွေလို့ သတ်မှတ်ထားလေရဲ့။

Maple Temple လို့သမုတ်ခံရတဲ့ ကျိုတိုက မေပယ်လ်ပင်တွေဝန်းရံရာ  Komyo-ji ဘုရားကျောင်းကတော့ ဆောင်းဦးဆို နီရဲရဲမေပယ်လ်ရွက်တွေကြား စိတ်အေးချမ်းခြင်းရသကို အပြည့်အဝပေးစွမ်းနေတတ်တယ်။ ဒရယ်တွေနဲ့ ရွှေဝါရောင်မေပယ်လ်တွေရှိတဲ့ Nara Park ကတော့ ဆောင်းဦးဆို သိပ်ကိုလည်ပတ်လို့ကောင်းတဲ့ နေရာတစ်ခုပေါ့။

*******

ကနေဒါက နီရဲရဲမေပယ်လ်ရွက်တွေကြား သူငယ်ချင်းတွေနဲ့အတူ ပျော်ပါးတာမျိုးကော တွေးကြည့်ခဲ့ဖူးလား?

ကနေဒါနိုင်ငံရဲ့အလံမှာပါတဲ့ မေပယ်လ်ရွက်နီနီက သူကကနေဒါနိုင်ငံရဲ့ နိုင်ငံတော် အမှတ်သကေင်္တဆိုတာကို ဖော်ပြနေသလိုပါပဲ။

'စည်းလုံးခြင်း ၊ သည်းခံခြင်း နဲ့ ငြိမ်းချမ်းရေး'

ဒါတွေကတော့ ကနေဒါရဲ့ မေပယ်လ်နီနီတွေ ဟစ်ကြွေးနေတဲ့ အဓိပ္ပါယ်တွေပေါ့။ 1965ခု ၊ February လ 15 ရက်ကစပြီး မေပယ်လ်ရွက်နီနီတွေက ကနေဒါအလံပေါ် တံဆိပ်ခတ်ခံခဲ့ရပေမယ့် မတိုင်ခင် 1800 ခုအလွန်လောက်ကတည်းက မေပယ်လ်ရွက်တွေက ကနေဒါရဲ့သကေင်္တအဖြစ် ဒဂါင်္းပြားတွေပေါ် ရောက်နှင့်နေခဲ့ပြီးသားပါ။ "Land of Maple" လို့ ခေါ်ဝေါ်ခြင်းခံရတဲ့ ကနေဒါမှာ မေပယ်လ်ကို နိုင်ငံအမှတ်တံဆိတ်အဖြစ် စတင်သတ်မှတ်ခဲ့သူကတော့ Jacques Viger   ပါတဲ့။

"Land of Maple" ဆိုတဲ့အတိုင်း မေပယ်လ်ပင်တွေရဲ့ အလှအပကိုခံစားဖို့ ကနေဒါမှာ နေရာတော်တော်များများ ရှိပါတယ်။ အဲ့နေရာတွေထဲက ပင်လယ်ကမ်းရိုးတန်းနားက  Cape Breton နဲ့ မေပယ်လ်တောအုပ်ကြီးရှိတဲ့ Riding Mountain National Park ကိုတော့ Travel blogger တော်တော်များများက ညွှန်ကြပါတယ်။

FlowersWhere stories live. Discover now