ဆိတ်ဖလူးပန်း

2.4K 110 5
                                    

🌙 ဆိတ်ဖလူးပန်း(Night flowering jasmine)🌙

နေကြာပန်းတွေက နေမင်းကိုချစ်လို့ နေမင်းကိုပဲကြည့်ပြီး ရှင်သန်တယ်ဆိုရင် ဆိတ်ဖလူးပန်းတွေကတော့ နေမင်းကိုချစ်လို့ နေမင်းကိုမကြည့်နိုင်တော့တဲ့ ပန်းတွေပဲဖြစ်မယ်။ လောကမှာ ဘယ်အရာမဆိုလွန်ကဲလာတဲ့အခါ မကောင်းတဲ့သဘောကိုဆောင်သွားတတ်တယ်။ လူတွေပြောကြသလို ချစ်လွန်းလို့ရူးတော့မယ်ဆိုတာမျိုးပေါ့။ ဒီနေ့တော့ ဂရေ့က ဒီသဘောတရားနည်းနည်း ပျော်၀င်နေတဲ့  ပန်းလေးတစ်မျိုးအကြောင်းပြောပြပါမယ်။ ဆိတ်ဖလူးပန်းလို့ခေါ်ကြတဲ့ ပန်းလေးပါ။ ရိုးတံလိမ္မော်ရောင်လေးနဲ့ စံပါယ်ပန်းနဲ့ခပ်ဆင်ဆင်ပန်းလေးပေါ့။ Parijat flowerလို့ခေါ်ကြပြီး Night flowering Jasmineလို့လည်း လူသိများပါတယ်။
(ဗဟုသုတအနေနဲ့ ညမွှေးပန်းကို Night Blooming Jasmineလို့ခေါ်ပါတယ်။)

ဆိတ်ဖလူးပန်းတွေကို အိန္ဒိယမှာ ဘုရားသခင်ရဲ့အနှစ်သက်ဆုံးပန်းလို့တင်စားကြပါတယ်။ညမွှေးပန်းလို ညဖက်မှာပွင့်ပေမယ့် သူ့ရဲ့ထူးခြားချက်က ရောင်နီပျို့လှျင်ပျို့ခြင်းမှာပဲ တန်းပြီး မြေခတာပါ။ ကြွေကျတာပေါ့။ သူ့ရဲ့ scientific name က arbortristisလို့ခေါ်ပါတယ်။ အဓိပ္ပါယ်က "၀မ်းနည်းဖွယ် သစ်ပင်" တဲ့။ ဘာလို့ဒီလိုပြောလဲဆိုတော့ ဆိတ်ဖလူးပင်က နေ့လည်ခင်းမှာ တခြားအပင်တွေလို မတောက်ပနိုင်လို့ပါတဲ့။ (နေ့ခင်းဖက်မှာဆို အရွက်တွေကအစ ညှိုးရော်နေတတ်ပါတယ်တဲ့။ မစိုက်ဘူးလို့ သိပ်တော့မသိ ဟီးဟီး...)

ဒီပန်းမှာ ဂရေ့ရှာတွေ့သလောက်တော့ ဒဏ္ဍာရီတွေက အများသား။ ၀မ်းနည်းစရာကောင်းတဲ့ တစ်ပုဒ်ကိုပဲပြောပြပါမယ်။

ကြွေကျမလာတဲ့ကြယ်တွေကိုမှ ငေးမိတာကလည်း ၀ဋ်ကြွေးတစ်မျိုးပဲ ဆိုတဲ့အကြောင်းပေါ့။
ဟိုးရှေးရှေးတုန်းက Parijat ဆိုတဲ့ မင်းသမီးလေးတစ်ပါးက နေနတ်မင်းကို အရူးအမူးချစ်
မိတယ်တဲ့။ ဒါပေမယ့် နေနတ်မင်းကတော့ သူမအချစ်ကို ငြင်းပယ်တယ်။ မင်းသမီးလေးခမျာ အရူးတစ်ပိုင်းဖြစ်သွားပြီး သစ်ပင်တစ်ပင်မှာ ဆွဲကြိုးချပြီး သတ်သေသွားတယ်။ အဲ့ဒီမှာပဲ သူမကို သင်္ဂြိုလ်ပြီးလို့အရိုးပြာတွေကျတဲ့နေရာမှာပဲ ဆိတ်ဖလူးပင်တွေပေါက်လာတယ်။ ဒါပေမယ့် ပန်းပွင့်တွေကတော့ နေမထွက်ခင်မှာပဲ ကြွေကျတယ်တဲ့။ လူတွေ​ကတော့ ဆိတ်ဖလူးပွင့်တွေက သူမချစ်တဲ့သူရဲ့ အကြည့်ကိုမခံနိုင်​ေတော့တဲ့အတွက် ကျတဲ့မျက်ရည်တွေလို့ ဆိုကြပါတယ်။

FlowersWhere stories live. Discover now