Hyacinth

2.5K 148 12
                                    

ဒီ​နေ့​တော့ Graceက မြန်​မာမှာသိပ်​မသိ​ပေမယ့်
ထူးထူးဆန်းဆန်း ဒဏ္ဍာရီရှိတဲ့ ပန်းတစ်​မျိုးနဲ့မိတ်​ဆက်
ပေးပါ့မယ်​။ နာမည်​က​တော့ Hyacinth လို့​ခေါ်ပါတယ်​။
ခေါင်း​လောင်းပုံစံ ပန်းပွင့်​​လေး​တွေနဲ့ပါ။ အနံ့​ကောင်းတယ်​လို့
ဆိုကြပါတယ်​။အ​ရောင်​​တွေက​တော့ ခရမ်း အပြာ အနီ အဝါ
အဖြူ​ရောင်​ ဆိုပြီးရှိပါတယ်​။ခရမ်းက ပိုနာမည်​ကြီးပါတယ်​။

Hyacinth ဆိုတဲ့နာမည်​က "jacinth"လို့​ခေါ်တဲ့
စာလုံးတစ်​လုံးက ဆင်းသက်​လာပါတယ်​တဲ့။
သူ့ရဲ့အဓိပ္ပါယ်​က "အပြာ​ရောင်​​ကျောက်​အရိုင်းတုံး"တဲ့။
ဒါ့အပြင်​ ​Hyacinth လို့​ခေါ်တဲ့ နာမည်​ဖြစ်​​ပေါ်လာပုံရဲ့
နောက်​ကွယ်​မှာ ဒဏ္ဍာရီခပ်​ဆန်းဆန်း​လေးတစ်​ပုဒ်​လည်း
ရှိ​နေပါ​သေးတယ်​။(LGBT character ​တွေနဲ့ပါ :3)

ဂရိဒဏ္ဍာရီမှာ "Hyakinthos"လို့ အမည်​ရတဲ့
ချော​မောလှပတဲ့ ​မင်းသားတစ်​ပါးဟာ ​နေနတ်​မင်းApollo
ရဲ့ ချစ်​သူတစ်​​ယောက်​ဖြစ်​ပါတယ်​။ ဒါ့အပြင်​ Hyakinthos
ကို ​Zephyr လို့အမည်​ရတဲ့ နတ်​မင်း(God of west wind)
တစ်​ပါးကလည်း ချစ်​ခင်​စုံမက်​​နေပါတယ်​။ဒါ​ပေမယ့်​ Hyakinthos
က သူ့ကိုနှစ်​သက်​တဲ့သူ​တွေအများကြီးကြားကမှ Apolloကို
ရွေးချယ်​ခဲ့တာ​ကြောင့်​ Zephyrဟာ Apolloကို မ​ကျေနပ်​ပါဘူး။
Apolloဟာ သူ့ချစ်​သူကို အ​တော်​​လေးချစ်​ပြီး ကဗျာ​တွေ
စာ​ပေ​တွေ ​လေးမြှားအသုံးပြုပုံ​တွေကို သင်​​ပေးတတ်​ပါတယ်​။
တစ်​​နေ့မှာ Apolloနဲ့ သူ့ချစ်​သူကို သံပြားပစ်​ပုံ
သင်​​ပေး​ရင်း Apolloကသံပြားကို အစမ်းပစ်​ပြလိုက်​ပါတယ်​။
နဂိုကတည်းက Apolloကိုမုန်း​နေတဲ့ Zephyrက အဲ့ဒါကိုမြင်​​တော့
လေ​တွေအများကြီးကို မှုတ်​ထုတ်​ပြီး သံပြားကို Apolloဆီ​ထိမှန်​​အောင်​ လုပ်​လိုက်​ပါတယ်​။ ဒါ​ပေမယ့်​ ကံမ​ကောင်းချင်​​တော့ သံပြားဟာ
Apolloကိုမထိပဲ Hyakinthos ကိုထိမှန်​ပြီး အဲ့ဒီ​နေရာမှာပဲ
သေဆုံးသွားပါ​တော့တယ်​။ Apolloက​တော့ သိပ်​ကို​ကြေကွဲသွားခဲ့ရတာ​ပေါ့။ အဲ့ဒီအချိန်​မှာပဲ Hyakinthosရဲ့ ​သွေးစက်​​တွေကျတဲ့​နေရာမှာ ပန်းပင်​​လေးတစ်​ပင်​ ထွက်​​ပေါ်လာခဲ့တာကို Apollo သတိပြုမိ
သွားခဲ့ပါတယ်​။ သူ့ချစ်​သူရဲ့​သွေးစက်​ကျခဲ့တဲ့​နေရာမှာ ပွင့်​လန်းလာခဲတဲ့ ပန်းတစ်​ပွင့်​ဖြစ်​တာမို့ Hyacinth လို့ အမည်​မှည့်​​ခေါ်​စေခဲ့ပါတယ်​တဲ့။(သူက မူကွဲ​တွေရှိပါတယ်​။Graceက အဆင်​​ပြေတာ​လေးကို
ထည့်​​ရေး​ပေးလိုက်​ပါတယ်​ရှင်။)

FlowersWhere stories live. Discover now