Lisianthus

954 38 3
                                    
ဒီနေ့တော့ မြန်မာမှာရှိပေမယ့် သိပ်သတိမထားမိကြတဲ့ ပန်းလေးကို မိတ်ဆက်ပေးပါ့မယ်။ သိတဲ့သူတွေတော့ သိကြမှာပါ။ Lisianthusလို့ ခေါ်ပါတယ်။ (မြန်မာလို ပဲပန်းလို့ခေါ်ကြပါတယ်တဲ့။)
နှင်းဆီပန်းနဲ့အတော်လေးတူတာပါ။ မသိရင် နှင်းဆီလို့တောင် ထင်နိုင်စရာရှိပါတယ်။ ဒါပေမယ့် အရွက်ကြည့်တာနဲ့ ခွဲလို့ရပါတယ်။ wedding flower အဖြစ် အများဆုံးသုံးကြပါတယ်တဲ့။

Lisianthusကို Eustoma(scientific name)လို့လည်းခေါ်ကြပါသေးတယ်။ ဂရိစကားက ဆင်းသက်လာတာဖြစ်ပြီး လှပတဲ့ပါးစပ်လို့ အဓိပ္ပါယ်ရပါတယ်။ဘာလို့လဲဆိုတော့ ပန်းပုံစံက ပါးစပ်နဲ့ တူလို့ပါတဲ့။

သူ့ရဲ့ အဓိပ္ပါယ်ကတော့ သိပ်မများပါဘူး။
"လူနှစ်ယောက်ကြားက ရှည်ကြာခိုင်မာတဲ့ ဆက်နွယ်မှု" ၊
"ကျေးဇူးတင်ခြင်း"၊ "အသိအမှတ်ပြုခြင်း" လို့အဓိပ္ပါယ်ရပါတယ်။

Sagittarius(Nov 21 - Dec 21 အတွင်းမွေးတဲ့သူတွေရဲ့) birth flowerလို့လည်း Siteတချို့ကညွှန်းပေမယ့် သေချာပြန်ရှာကြည့်တော့ Sagittariusရဲ့ zodic flowerက Carnationလို့လည်းတွေ့လို့ပါ။ (သေချာပြန်ဖတ်ပြီးရင် Zodiac flowerတွေအကြောင်းရေးပေးပါဦးမယ်)

Lisianthusက လူနှစ်ဦးကြားက ရှည်ကြာခိုင်မာတဲ့ bondကို ရည်ညွှန်းတာမို့ မင်္ဂလာနှစ်ပတ်လည်တွေ ၊ မင်္ဂလာဆောင်တွေမှာ အတော်လေးသုံးကြပါတယ်။

ဒါ့အပြင် တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ကြောင်းပြောတဲ့နေရာမှာလည်း ဒီပန်းလေးတွေကို ဟိုးနှစ်ပေါင်းမြောက်မြားစွာကတည်းက သုံးခဲ့ကြတာပါတဲ့။ချစ်သူ၊ သူငယ်ချင်း၊ မိဘ ဘယ်သူ့ကိုပဲပေးပေးပါ။ အခုထိလည်းသုံးကြတုန်းပါပဲ။
လေးစားကြောင်းပြတဲ့နေရာမှာလည်း ပေးကြပါတယ်။

Lisianthusက အရောင်စုံတဲ့ပန်းလို့ပြောလို့ရပါတယ်။ အစိမ်းလေးကတော့ အက်မင်အကြိုက်ပါxD ဒါကြောင့် အရောင်အလိုက်ကွဲတဲ့အဓိပ္ပါယ်လေးတွေကိုပြောပြပါမယ်။ လိုသလို သုံးလို့ရတာပေါ့။

ခရမ်းရောင်လေးကတော့ သစ္စာရှိခြင်းပါတဲ့။
ပန်းရောင်အဖျော့လေးကတော့ ကလေးမွေးပြီးတာသိပ်မကြာသေးတဲ့ မေမေအသစ်စက်စက်လေးတွေကို ပေးလို့ကောင်းတဲ့ လက်ဆောင်ပါတဲ့။
အနီကတော့ သိတဲ့အတိုင်း အချစ်ကို ကိုယ်စားပြုပါတယ်။
အ၀ါလေးကတော့ နွေးထွေးမှု၊ ပျော်ရွှင်မှုကို ကိုယ်စားပြုပါတယ်။
ရှားရှားပါးပါး အစိမ်းရောင်လေးကတော့ ချမ်းသာကြွယ်၀ခြင်း၊ အောင်မြင်ခြင်းဆိုတာကို အဓိပ္ပါယ်ဆောင်ပါသတဲ့ရှင်။

သူကတော့ factသိပ်မရှိလို့ တိုသွားပါတယ်။ စိုက်တဲ့နည်းတွေတော့ရှိပေမယ့် ကိုယ်လည်းမစိုက်ဘူးတော့ မှားမှာစိုးလို့ မရေးတော့ပဲ ချန်ထားခဲ့ပါတယ်။ မှားသွားရင်ယူရတဲ့တာ၀န်ကကြီးတယ်လေ🥴

fully credit to original photo owners📷

fully credit to original photo owners📷

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

FlowersWhere stories live. Discover now