Cherry or Sakura

3.8K 301 11
                                    

ဒီနေ့တော့ အားလုံးသိချင်နေကြတဲ့ ချယ်ရီပန်းအကြောင်းကိုပြောပြပါ့မယ်။ မြန်မာ နဲ့ အခြားနိုင်ငံတွေမှာတော့ချယ်ရီလို့ခေါ်ပြီး ဂျပန်မှာတော့ Sakura (ဆာကူရာ)
လို့ခေါ်ပါတယ်။ ချယ်ရီတွေဟာ အာရှတိုက် nativeပါ။ဂျပန်၊ကိုရီးယား တရုတ် စတဲ့နိုင်ငံတွေမှာ အများဆုံးတွေ့ရပြီး
အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးလိုလိုမှာ တွေ့နေရပါပြီ။ချယ်ရီတွေက လှပေမယ့် ပွင့်တဲ့သက်တမ်းကတော့အတော်လေးကိုတိုပါတယ်တဲ့။စပွင့်တဲ့အချိန်ကစပြီး
နှစ်ပတ်လောက်ကြာတာနဲ့ အကုန်ကြွေပါတယ်။သူက ပွင့်ပြီးညှိုးတာနဲ့တန်းကြွေတယ်လို့လည်း
ကြားဖူးပါတယ်။

ချယ်ရီပွင့်တွေရဲ့ အဓိပ္ပါယ်တွေက နည်းနည်းတော့များတယ်။
အားလုံးခြံပြောရင် နုပျိုခြင်း၊ပြန်လည်မွေးဖွားခြင်း၊Beauty of life
(ဘဝရဲ့အလှတရား)၊Fragility (ကဗျာဆန်ဆန် translateရမယ်ဆိုရင်တော့နူးညံ့ပဲ့ကြွေလွယ်ခြင်းပေါ့။ ဒါပေမယ့် Fragilityရဲ့
တကယ့်မူရင်းအဓိပ္ပါယ်က ထိလိုက်တာနဲ့ကျိုးသွားနိုင်တာမျိုးကို
ဆိုလိုချင်တာ။ )
ပြီးတော့ သူ့ရဲ့အဓိပ္ပါယ်က  ဂျပန် နဲ့ တရုတ်မှာဆိုအတော်ကွဲတယ်တဲ့။(အဲ့ဒါကိုအောက်မှာဆက်ရှင်းပေးပါ့မယ်။)

Floral languageမှာဆိုရင်တော့
သူ့ရဲ့အဓိပ္ပါယ်က "အောင်မြင်ခြင်း(သို့)လှပတဲ့နှလုံးသား"တဲ့။

ချယ်ရီလို့ပြောလိုက်တာနဲ့ ဂျပန်နိုင်ငံကို ပြေးမြင်မိကြမှာပါ။ဂျပန်နိုင်ငံမှာတော့ ချယ်ရီမျိုးကွဲမှန်သမျှကိုလည်းဆာကူရာလို့ပဲခေါ်ကြပါတယ်တဲ့။ပြီးတော့ ချယ်ရီဟာ ဂျပန်ရဲ့National flowerမဟုတ်ပေမယ့်လည်း ချယ်ရီနဲ့ပတ်သတ်ရင်တော့ဂျပန်တွေက အတော်လေးအလေးထားတာတွေ့ရပါတယ်။

Japanမှာ cherryတွေနဲ့ပတ်သတ်ပြီး
Hanamiလို့ခေါ်တဲ့ ဓလေ့လေးတစ်ခုရှိပါတယ်။အဲ့ဒါက ဘာလဲဆိုတော့ ချယ်ရီပွင့်ချိန်ရောက်တိုင်းပျော်ပွဲစွားတွေထွက်ကြရင်း ချယ်ရီတွေကြည့်ကြတာပါတဲ့။

ဂျပန်မှာ ချယ်ရီတွေနဲ့ပတ်သတ်တဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။ဟိုးအရင်တုန်းက Samurai(ဆာမူရိုင်း)တစ်ယောက်ရဲ့ခြံဝင်းထဲမှာ နှစ်တစ်ရာခန့်သက်တမ်းရှိတဲ့ ချယ်ရီတစ်ပင်
ရှိတယ်တဲ့။အဲ့ဒီSamurai အသက်ကြီးလာတာနဲ့အမျှချယ်ရီပင်ကလည်း သက်တမ်းရင့်လာပြီး သေတော့မလို
ဖြစ်လာတယ်။အဲ့ဒါကြောင့် Samuraiက ချယ်ရီပင်အတွက် စိတ်မကောင်းဖြစ်မိတယ်။သူက သတ္တိရှိပြီးလေးစားထိုက်တဲ့သူဖြစ်တာကြောင့် ချယ်ရီပင်ရဲ့အသက်နဲ့
သူ့အသက်ကိုလဲဖို့့်ဆုံးဖြတ်လိုက်ပြီး ချယ်ရီပင်အောက်မှာသူ့ကိူယ်သူ သတ်သေလိုက်တယ်။ သူသေပြီးတစ်နာရီအကြာ
လတစ်လရဲ့ ဆယ့်ခြောက်ရက်မြောက်နေ့မှာ ချယ်ရီပင်ကပြန်ရှင်သန်လာပြီး အပွင့်တွေပွင့်လာတယ်တဲ့။

FlowersWhere stories live. Discover now