Lilac

4.2K 283 31
                                    

❀❀ Lilac ❀❀

အချစ်​ဦးဆိုတဲ့ အဓိပ္ပါယ်​နဲ့ပန်း​လေးတစ်​ပွင့်​ရှိတာကိုသိလား။
Lilacလို့အမည်​ရတဲ့ပန်း​လေးက အချစ်​ဦးဆိုတဲ့အဓိပ္ပါယ်​ကိုရည်​ညွှန်းပါတယ်​။ခရမ်း​ရောင်​အပွင့်​သေး​သေး​လေး​တွေနဲ့
တကယ်​ချစ်​ဖို့​ကောင်းတဲ့ပန်း​လေး​ပေါ့။ Forget me notလို ပန်း​သေး​သေး​လေး​တွေကြိုက်​တတ်​တဲ့သူအဖို့​တော့ သ​ဘောကျမှာ​အ​သေအချာပါပဲ။
Lilacကို မြန်​မာမှာ​တော့ မမြင်​ဖူးပါဘူး။

ဒါ​ပေမယ့်​မြောက်​အ​မေရိကမှာ​တော့ အများကြီးရှိပါတယ်​တဲ့။
သူတို့ရဲ့ originက Asiaနဲ့ Europeဘက်​ကပါ။
ပြီး​တော့ ဒီပန်း​လေး​တွေက လှရုံမကပဲ အနံ့လည်း​အရမ်း​ကောင်းပါတယ်​။
တချို့လူ​တွေဆို Lilacနဲ့အနံ့ကို နှင်းဆီထက်​တောင်​ပိုကြိုက်​ကြပါ​သေးသတဲ့။

ပန်း​လေးက​သေး​သေး​လေးဆို​ပေမယ့်​သူ့မှာသယ်​ဆောင်​ထားတဲ့အဓိပ္ပါယ်​က​တော့ သင့်​ကိုခံစားချက်​တွေတနင့်​တပိုး​ဆောင်​ယူလာ​ပေးနိုင်​ပါတယ်​။

၀ိတိုရိယခေတ်တုန်းက Lilac ပန်း​တွေကို အဓိပ္ပါယ်​တစ်​ခုသတ်​မှတ်​ပြီး​ပေးခဲ့ကြပါတယ်။ ဘာအဓိပ္ပါယ်​လဲဆို​တော့...
"​ပေးတဲ့သူက လက်​ခံတဲ့သူရဲ့ အချစ်​ဦးကိုသတိရ​စေချင်​လို့ပါတဲ့"

ဒါ့အပြင်​Lilac​တွေကို​ပေးတဲ့သူက လက်​ခံတဲ့သူ
အ​ပေါ် စိတ်​ချယုံကြည်​မှုကို​ဖော်​ပြတဲ့အခါမှာလည်းအသုံးပြုကြပါတယ်​တဲ့။
ဒါ​ကြောင့်​ဒီပန်းကို ဘွဲ့ယူမယ့်​သူ​တွေကို​ပေးဖို့
အတွက်​သင့်​လျော်​တဲ့ပန်းတစ်​မျိုးပါတဲ့။

Lilacဆိုတဲ့နာမည်​က French နဲ့ Spanish
စကားလုံးဖြစ်​တဲ့ Lilac ဆိုတဲ့စကားကပဲယူထားတာလို့ဆိုပါတယ်​။

၀ိတိုရိယခေတ်မှာပဲ မုဆိုးမ​တွေက
Lilacပန်း​တွေကို ပန်​ဆင်​ကြပါတယ်​တဲ့။
ဘာလို့လဲဆို​တော့ lilacကို
"သွားလေသူကို အမှတ်ရခြင်း" ဆိုတဲ့အဓိပ္ပါယ်နဲ့ပါ။

Lilacကလည်း အ​ရောင်​အ​ပေါ်မူတည်​ပြီး
အဓိပ္ပါယ်​ကွဲပြားပါတယ်​။
Graceက အ​ရောင်​သုံးခုပဲ​ပြောပြပါ့မယ်​။

အဖြူ​ရောင်​lilac က​တော့ ဖြူစင်​ခြင်းကို
ရည်​ညွှန်းပါတယ်​။
ခရမ်း​ဖျော့​ရောင်​lilac(liacရဲ့အ​ရောင်​)
က​တော့ အချစ်​ဦး ဒါမှမဟုတ်​တစ်​ယောက်​ယောက်​အ​ပေါ်မှာ အချစ်​ကိုပထမဆူံးအဖြစ်​ခံစားရတဲ့အချိန်​ကို ရည်​ညွှန်းပါတယ်​။
ပန်း​ရောင်​Lilacက​တော့ ခိုင်​မာတဲ့ friendship နဲ့ အချစ်​ကိုရည်​ညွှန်းပါတယ်​တဲ့။

FlowersWhere stories live. Discover now