ဒုဓလီ(Dandelion)

6.5K 454 62
                                    


ဒီပန်း​လေးကို​တော့ သိတဲ့သူများမှာပါ။ ဒုဓလီလို့ မြန်မာလိုခေါ်ကြတယ်။ အဖြူရောင်လုံးလုံးလေးအဖြစ်လူသိများပေမယ့် တကယ်​တော့ Dandelion ပန်းရဲ့အ​ရောင်​က အဝါပါ။အဖြူမဟုတ်​ပါဘူး။အဝါ​ရောင်​ပွင့်​ဖတ်​တွေညှိုးပြီး​ကြွေကျသွားတဲ့အခါမှ အ​စေ့​တွေက အဖြူ​ရောင်​ဘောလုံးသဏ္ဍာန်​ဖြစ်​လာတာပါ။ဒါ​ကြောင့်​လေထဲကိုမှုတ်​ထုတ်​လို့ရတဲ့ အဖြူ​ရောင်​လေး​တွေက အ​စေ့​တွေပါ။
(အဖြူ​ရောင်​အမျှင်​လေး​တွေရဲ့​အောက်​ခြေမှာ အ​စေ့ရှိပါတယ်​။အဖြူ​ရောင်​အမျှင်​လေး​တွေက အ​စေ့က​နေထွက်​လာတာပါ။ အဲဒီအ​စေ့​တွေကျတဲ့​နေရာမှာ Dandelionအပင်​သစ်​
တစ်​ပင်​ပြန်​လည်​ပေါက်​ရောက်​လာနိုင်​ပါတယ်​တဲ့။

Dandelionက​နေကြာမျိုးနွယ်​ဝင်ဖြစ်ပါတယ်။

Dandelion ဆိုတဲ့နာမည်​က ပြင်​သစ်​စကားလုံး
"dent de lion"ဆိုတဲ့စကားလုံးကဆင်းသက်​လာတာပါ။အဓိပ္ပါယ်​က "ခြင်္သေ့သွား"တဲ့။
သူ့ရဲ့အရွက်​တွေက ခြ​င်္သေ့ရဲ့သွားလိုအချွန်​အတက်​လေး​တွေနဲ့မို့လို့ပါတဲ့။
၀ိတိုရိယခေတ်ပန်းစကားမှာတော့ ဒုဓလီတွေရဲ့အဓိပ္ပါယ်​က​ပျော်​ရွှင်​မှုနဲ့ သစ္စာတရားတဲ့။

သူ့ရဲ့အင်္ဂလိပ်အသံထွက်က ဒန့်ဒယ်လိုင်းယွန် ပါ။ သူက အရိုင်းပန်းဖြစ်ပြီး ပေါင်းပင်ပုံစံလိုပါပဲ။ အရွက်ကိုသုတ်စားတာတွေ့ဖူးတယ်။ ပန်းကတော့စားလို့မရပါဘူး။ အနောက်နိုင်ငံတွေမှာတော့ နာမည်ကြီးပန်းတစ်မျိုးပါပဲ။

လူအများစုက​တော့ Dandelion​တွေနဲ့ပတ်​သတ်​ရင်​ဒီလိုယုံကြည်​ကြပါတယ်​။
" Dandelion​စေ့အဖြူ​ရောင်​လေး​တွေကို​လေထဲကိုမှုတ်​ထုတ်​လိုက်​မယ်​ဆိုရင်​Dandelionပန်း​လေး​တွေက သင့်​ရဲ့ဆန္ဒတစ်​ခုကိုဖြည့်​ဆည်း​ပေးလိမ့်​မယ်​တဲ့။ "

ဒါ​ကြောင့်​Dandelion ရဲ့​နောက်​အဓိပ္ပါယ်​တစ်​ခုကတော့ တောင်းဆု တဲ့။
ကိုရီးယားမှာတော့ ဒုဓလီကို မင်ဒူလယ် လို့ခေါ်တယ်။ အ၀ါရောင်ပန်းကနေ အဖြူရောင်ကိုပြောင်းသွားပြီဖြစ်တဲ့ အဖြူရောင်dandelionတွေရဲ့အဓိပ္ပါယ်ကတော့
"ကိုယ့်အချစ်တွေ မင်းဆီကိုပေးတယ်" တဲ့။

FlowersWhere stories live. Discover now