Hydrenga

2.1K 121 4
                                    

🍀 Hydrengea 🍀

ပန်းတွေက သူတို့ရဲ့နူးညံ့လှပမှု ၊ ရနံ့စတာတွေနဲ့ တစ်ဖက်တစ်လမ်းကနေ လူတွေရဲ့ ဘဝကိုစိတ်ကြည်နူးစရာဖြစ်အောင် စွမ်းဆောင်ပေးတတ်ကြပါတယ် ။ဒါပေမယ့် တစ်ချို့ပန်းလေးတွေ သယ်ဆောင်တဲ့အဓိပ္ပာယ်ကတော့ သူတို့ရဲ့အလှအပတွေကို အပေါ်ယံတွေပါလို့ ပြောနိုင်လောက်တဲ့အထိ လေးနက်တဲ့အဓိပ္ပာယ်ကိုပိုင်ဆိုင်ကြပြန်ပါတယ်။တစ်ချို့ပန်းလေးတွေကျတော့လဲ မတူညီတဲ့အဓိပ္ပာယ်ပေါင်းများစွာကို ကိုယ်စားပြုတတ်ပြီး လိုသလိုအသုံးပြုနိုင်ပါသေးတယ်။

ဒီနေ့ အလှစိုက်ပန်းထဲမှာနာမည်ကြီးတဲ့ ပန်းလေးဖြစ်တဲ့ Hydrangea အကြောင်းပြောပြပေးပါ့မယ်။

မျိုးစိတ်ကွဲ 75 မျိုးလောက်ရှိတဲ့ Hydrangea ပန်းမျိုးစိတ်ရဲ့နာမည်က Greek စာလုံး " Hydro " ရေနဲ့ "Angos" ခရားလို့ အဓိပ္ပာယ်ရတဲ့ စာလုံးတွေကနေ ဆင်းသက်လာတာပါ။ နာမည်က ရေခရားလို့ အဓိပ္ပာယ်ရနေပေမယ့် ဒီဘောလုံးပုံစံပန်းလေးတွေက ရေမသယ်ဆောင်တဲ့အပြင် သူတို့ကြီးထွားတဲ့အချိန်မှာဆိုရင် moisture တောင်အများကြီးလိုအပ်တတ်ပါသေးတယ်။ Hydrengeaရဲ့ color range က အပြာက​နေ ခရမ်း​ရောင်​၊ ပန်း​ရောင်​ အထိဖြစ်​ပါတယ်​။
စိုက်​ပျိုးတဲ့​မြေသားရဲ့ acidity levelအ​ပေါ်မူတည်​ပြီး ပွင့်​တဲ့အ​ရောင်​ ကွာခြားပါတယ်​။

Hydrangea ပန်းရဲ့ origin ကိုတော်တော်များများက ဂျပန်လို့လက်ခံထားကြပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် Hydrangea ကတော်တော်လေးအရေးပါတဲ့ပန်းလေးပါ။သူ့တို့က နက်ရှိုင်းတဲ့ခံစားချက်တွေ ၊ နားလည်ပေးမှုအတွက် ကျေးဇူးတင်တာနဲ့ တောင်းပန်တာတွေကို ကိုယ်စားပြုတယ်လို့ ဂျပန်တွေက သတ်မှတ်ထားကြပါတယ်။ ဒါကလဲ ဂျပန်ဧကရာဇ်တစ်ပါးက သူချစ်တဲ့မိန်းကလေးကို တိုင်းရေးပြည်ရေးတွေပဲအာရုံစိုက်မိနေပြီး သူမကိုဂရုမစိုက်ပေးနိုင်ခဲ့တာတွေအတွက် တောင်းပန်တဲ့အနေနဲ့ Hydrangea ပန်းလေးကို ပေးခဲ့တဲ့အတွက်ပါ။

Hydrangea ကလဲအဓိပ္ပာယ်အများကြီးသယ်ဆောင်ထားတဲ့ပန်းလေးပါ။ နက်ရိုင်းတဲ့ခံစားချက်တွေဖော်ပြတဲ့နေရာမှာသုံးနိုင်သလို ကိုယ့်ကိုကိုယ်သာလွန်စွာချစ်မြတ်နိုးခြင်း ၊ ကိုယ့်ကိုယ်ကိုသာ အထင်ကြီးခြင်း နဲ့ Narcissism ဝါဒီကိုလဲ ကိုယ်စားပြုပါတယ်။ အာရှနိုင်ငံတော်တော်များများမှာတော့ သူ့ကို
နက်ရှိုင်းတဲ့ခံစားချက် ၊ ကျေးဇူးတင်ခြင်း ၊ တောင်းပန်ခြင်း
နှစ်ဦးကြားနားလည်မှုတည်ဆောက်ခြင်း တို့ကိုကိုယ်စားပြုတတ်ပြီး Victorian language အရဆိုရင်တော့ သူက
Narcissism ဝါဒနဲ့ မိမိကိုယ်ကိုလွဲမှားစွာ အထင်ကြီးနေခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။ Hydrangea ရဲ့တခြားပန်းတွေနဲ့မတူဘဲထူးခြားတဲ့ အလှကြောင့် သူ့ကို ကျက်သရေနဲ့ လှပခြင်းကို ကိုယ်စားပြုတဲ့နေရာမှာလဲ သုံးတတ်ပါသေးတယ်။ Hydrangea ရဲ့နောက်ထပ်အဓိပ္ပာယ်ကတော့ အချစ်ရေးကိစ္စနဲ့ လိင်မှုကိစ္စစိတ်မဝင်စားခြင်းပါ။ ဒီအဓိပ္ပာယ်ကတော့ မိန်းကလေးတွေနဲ့ပဲသက်ဆိုင်ပါတယ်။ Hydrangea ပန်းကိုခူးတဲ့မိန်းကလေးက ယောကျာ်းမရတတ်ဘူးဆိုတဲ့ ရှေးရိုးယုံကြည်မှုတစ်ခုကနေဆင်းသက်လာလို့ပါ။
ပြီး​တော့ ဒီပန်းက ​လေးနှစ်​ပြည့်​မင်္ဂလာနှစ်​ပတ်​လည်​​နေ့ရဲ့ သ​င်္ကေတာပန်းလည်းဖြစ်​ပါတယ်​။

FlowersWhere stories live. Discover now