Amaryllis

2.1K 162 14
                                    

ဒီ​နေ့​တော့ ဂ​ရေ့စ်​က လွမ်းစရာပုံပြင်​​လေးနဲ့ ပန်း​လေးတစ်​ခုအ​ကြောင်းကို ​ပြောပြပါမယ်​။ သူ့နာမည်​က Amaryllis တဲ့။ မြန်​မာမှာလည်း
ရှိတဲ့ ပန်း​လေးပါ။

သူ့ရဲ့ဒဏ္ဍာရီ​လေးက​တော့ ဂရိက​နေဆင်းသက်​လာခဲ့တာပါ။
ဟိုးအရင်​တုန်းက Amaryllis ဆိုတဲ့ မိန်းမပျို​လေးက
ချော​မောလွန်းတဲ့ Alteo ဆိုတဲ့ ဥယျာဉ်​မှူး​လေးကို ချစ်​မိခဲ့တယ်​တဲ့။
ဒါ​ကို Alteoကသိ​ပေမယ့်​ မသိချင်​​ယောင်​ပဲ​ဆောင်​​နေခဲ့တယ်​။အဲ့ဒီမိန်းမပျို​လေးကို သူချစ်​လို့မရခဲ့ဘူး။သူ့ဘဝမှာ မြတ်​နိုးတာဆိုလို့ ပန်း​တွေပဲရှိတယ်​။ ဒါကိုသိတဲ့ Amaryllisက Oracle တစ်​​ယောက်​ဖြစ်​တဲ့
Delphi ဆီသွားပြီး အကြံဥာဏ်​​တောင်းခဲ့တယ်​။ အဲ့ဒီမှာ Delphiက ဘာအကြံ​ပေးလိုက်​သလဲဆိုရင်​ Altoက ပန်း​တွေကိုပဲ မြတ်​နိုးတာမို့
ဒီကမ္ဘာ​ပေါ်မှာ ဘယ်​တုန်းကမှမရှိဖူးတဲ့ ပန်းတစ်​မျိုးကို မင်းစိုက်​နိုင်​ရင်​ မင်းကိုသူပြန်​ချစ်​ရင်​ ချစ်​မှာ​ပေါ့လို့​ပြောလိုက်​တယ်​။
ဒါ​ပေမယ့်​ အဲ့ဒီပန်းကိုစိုက်​ဖို့ Amaryllisက သူ့နှလုံး​သွေးနဲ့ရင်းမှရမယ်​။ ဒါ​ကြောင့်​ တစ်​လတိတိ Alteoရဲ့ အိမ်​​ရှေ့မှာ အဖြူ​ရောင်​ဝတ်​စုံကိုဝတ်​ပြီး သူမရဲ့ရင်​အုံကို ​ရွှေမြားတံနဲ့ တစ်​​နေ့တစ်​​ချောင်းထိုးစိုက်​ရင်း ​နှလုံး​သွေး​တွေကို ပက်​ဖြန်းခဲ့တယ်​။ သုံးဆယ့်​တစ်​ရက်​​မြောက်​​နေ့မှာ​တော့ Alteoရဲ့ တံခါးကို သူမ​ခေါက်​ခဲ့တယ်​။ Alteoထွက်​လာတဲ့အချိန်​မှာ​တော့ သူ့​ရှေ့မှာ Amaryllis ရဲ့နှလုံး​သွေးက​နေပွင့်​တဲ့
နီနီရဲရဲပန်း​တွေ ပွင့်​လန်း​နေတာကို ​တွေ့လိုက်​ရ​တော့တယ်​တဲ့။
စိတ်​မ​​ကောင်းစရာ​တစ်​ခုက​တော့ သူပြန်​ချစ်​လာဖို့ နှလုံး​သွေးနဲ့ရင်းခဲ့တဲ့ Amaryllis ကို Alteoက စိတ်​လည်းမဝင်​စားသလို ပြန်​လည်းမချစ်​ခဲ့ပဲ လျစ်​လျူသာရှုခဲ့ပါတယ်​တဲ့ရှင်​။ (ပန်းကို​တောင်​ သူစိတ်​မဝင်​စားဘူးထင်​တယ်​😓)

ဒီလို ဒဏ္ဍာရီရှိတဲ့ပန်းရဲ့ အဓိပ္ပါယ်​က "full of pride"တဲ့
မာနကြီးတယ်​​ပေါ့။
နောက်​အဓိပ္ပါယ်​​တွေအ​နေနဲ့ဆိုရင်​​တော့ "အချစ်​" နဲ့ "လှပခြင်း"
ပါတဲ့။

ဒီလို ဒဏ္ဍာရီရှိတဲ့ပန်းရဲ့ အဓိပ္ပါယ်​က "full of pride"တဲ့မာနကြီးတယ်​​ပေါ့။နောက်​အဓိပ္ပါယ်​​တွေအ​နေနဲ့ဆိုရင်​​တော့ "အချစ်​" နဲ့ "လှပခြင်း"​ပါတဲ့။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
FlowersWhere stories live. Discover now