Lily

5.7K 369 29
                                    

Lilyကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ မြန်မာမှာလည်းအလွယ်တကူရရှိနိုင် စိုက်ပျိုးနိုင်တဲ့ပန်းပါ။အနံ့လည်းတော်တော်ကောင်းသလို မတည့်တဲ့သူတွေကျတော့လည်း သူ့ရဲ့၀တ်မှုံနဲ့ထိတာနဲ့ကို allergicဖြစ်တာမျိုးတွေလည်းရှိပါတယ်။

Lilyဟာကမ္ဘာပေါ်မှာကျော်ကြားတဲ့ပန်းတွေထဲကတစ်မျိုးအပါအ၀င်ပါ။
Lilyဆိုတဲ့နာမည်ကတော့ leironဆိုတဲ့ Greekစကားလုံးကနေဆင်းသက်လာတာပါတဲ့။(အဖြူရောင်Madonna lilyကို ပြောတာပါ။)

May လရဲ့ birth flowerဖြစ်ပြီး
နှစ်သုံးဆယ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ရဲ့ပန်းလဲဖြစ်ပါတယ်။
Lilly of the valleyဆိုတဲ့lilyမျိုးနွယ်ဝင်ပန်းလေးကတော့ ၂နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်ရဲ့အထိမ်းမှတ်ပန်းပါ.....

Lilyပန်းကို Romansနဲ့Greekတွေက
သိပ်ကိုတန်ဖိုးထားကြပါတယ်တဲ့။
တရုတ်နိုင်ငံမှာဆိုရင် Lilyပန်းကို မင်္ဂလာဆောင်တွေမှာအသုံးပြုဖို့ အများအပြားဝယ်ယူကြပါတယ်။ဘာလို့လဲဆိုတော့ Lilyပန်းရဲ့အသံထွက်အစ စကားစုကစုံတွဲတွေကိုနှစ်တစ်ရာတိုင်အောင်ပျော်ရွှင်စွာ ပေါင်းစည်းနိုင်ပါစေ လို့ဆုတောင်းပေးတာနဲ့ တူလို့ပါတဲ့။နောက်ပြီး တရုတ်နိုင်ငံမှာပဲ lilyပန်းတွေကိုလတ်တလောဆုံးရှုံးမှုတစ်ခုခု ကြုံတွေ့ထားရတဲ့လူတွေကိုပေးလေ့ရှိပါတယ်။ အကြောင်းကတော့ lilyဟာနှလုံးသားကခံစားရတဲ့နာကျင်မှုတွေကိုသက်သာစေဖို့အထောက်အကူပြုတယ်လို့ယုံကြည်ကြလို့ပါ။

သင်ဟာ အိမ်မှာကြောင်မွေးထားသူဖြစ်တယ်ဆိုရင်တော့Lilyပန်းတွေနဲ့ဝေးဝေးမှာထားသင့်ပါတယ်။Lilyရဲ့အနံ့လေးကသင်းပျံ့တာမှန်ပေမယ့်လည်းအမွှေးထူတဲ့တိရိစ္ဆာန်တွေအတွက်တော့တော်တော်လေးအဆိပ်အတောက်ဖြစ်စေပါတယ်။ လူထဲမှာလဲ မတည့်တဲ့သူက အဲ့ပန်းနဲ့မတည့်ပါဘူး။

Lilyအမျိုးအစားပေါင်းအရောင်ပေါင်းများစွာရှိပါတယ်။ဒါကြောင့် အမျိုးအစားပေါ် အရောင်ပေါ်မူတည်ပြီးအဓိပ္ပါယ်
တွေလည်းကွဲပြားကြပါတယ်။ တစ်ခုချင်းflower languageတွေကိုပြောပြပေးပါ့မယ်။ ပုံမသိရင် googleမှာခေါက်ကြည့်ပါနော်။

FlowersWhere stories live. Discover now