cyclamen

1.1K 34 0
                                    

🌺 Cyclamen🌺

ချစ်သူများနေ့မှာ ချစ်ရသူလေးကို အနီရောင်နှင်းဆီပန်းတွေပဲ ပေးနေရတာ ရိုးနေပြီလား။ ဟုတ်ကဲ့ ဒါဆို နှင်းဆီပန်းလို ရိုမန်တစ်ဆန်တဲ့ အဓိပ္ပါယ်လေးနဲ့ နောက်ပန်းတစ်မျိုးကို ညွှန်းပေးပါရစေ။  ဒါကတော့   နက်ရှိုင်းတဲ့အချစ်နဲ့ စစ်မှန်တဲ့ မြတ်နိုးမှုတွေကို ကိုယ်စားပြုတဲ့ Cyclamen ပါ။ သူကလည်း ဆောင်းရာသီမှာ အများဆုံးပွင့်ပါတယ်။

Cyclamen မှာ တော်တော်လေးကို ဒူပေဒဏ်ပေခံနိုင်တဲ့ ကျူးဗား(မြေအောက်ပင်စည်)ရှိပါတယ်။ သူ့ရဲ့အဓိပ္ပါယ်ဖြစ်တဲ့ နက်ရှိုင်းတဲ့အချစ် ၊ မပြောင်းလဲမဲ့အချစ်ဆိုတာတွေကလဲ ဒီကျူးဗားကြောင့်ပဲ ဖြစ်လာတာပါ။

တစ်စုံတစ်ယောက်ကို cyclamen ပေးလိုက်တယ်ဆိုရင် ဒါက သူ့အပေါ်ထားရှိတဲ့ သင့်ရဲ့ မပြောင်းလဲမဲ့ချစ်ခြင်းမေတ္တာနဲ့ မြတ်နိုးမှုတွေကို ဖော်ပြတာနဲ့တူတူပါပဲတဲ့။

ဒါ့အပြင် Cyclamen အပင်က ချစ်သူနှစ်ယောက်ကြား ဒါမှမဟုတ် အိမ်ထောင်ဖက်နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာတွေ ပိုပြီးခိုင်မြဲလာစေတဲ့ အဆောင်တစ်ခုလို့လဲ ယုံကြည်ကြပါတယ်။ အိမ်မှာ Cyclamen အပင်ကို စိုက်ထားရင် ဝမ်းသာစရာအခြေအနေတွေကို ပိုပြီးကြုံလာရနိုင်တယ်ဆိုတဲ့ အယူလဲရှိပါသေးတယ်။

ကဲ ချစ်သူလေးကို ပေးဖို့ ဘယ်လောက်တောင် သင့်တော်တဲ့ ပန်းလေးလဲ!

အပေါ်မှာ ချစ်သူရှိတဲ့သူတွေ အတွက် Cyclamen ရဲ့အသုံးဝင်ပုံကို ရေးပြီးပြီဆိုတော့ အခု စော်မရှိဘဲမရှိတွေအလှည့်လာပါမယ်~~

Cyclamen ရဲ့ကျူးဗားထည့်ပြီး ဖုတ်ထားတဲ့ ကိတ်မုန့်ကို ကိုယ်နှစ်သက်နေတဲ့သူကို ကျွေးလိုက်မယ်ဆိုရင် ဒါက love spell တစ်ခုလို အလုပ်လုပ်နိုင်ပါတယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုရှိပါတယ်။ အဆိုအရတော့ အဲ့ဒီ့ကိတ်မုန့်ကို စားမိတဲ့သူက ကိတ်မုန့်ဖုတ်ထားတဲ့သူကို ချစ်ကျွမ်းဝင်သွားပါလိမ့်မယ်တဲ့။ ဟုတ်ပါတယ် ကိတ်မုန့်ဖုတ်တတ်ဖို့တော့ လိုပါသေးတယ်။

❌❌( စကားချပ်အနေနဲ့ ဒါကလုံးဝ အရည်မရအဖက်မရကြီးမှန်း သိသာနေပေမယ့်လဲ စမ်းကြည့်မဲ့ သူတွေရှိမှာစိုးလို့ ကြိုသတိပေးပါရစေ။ Cyclamen ရဲ့ကျူးဗားက အဆိပ်နည်းနည်းလေးရှိပါတယ်။ လိုက်မလုပ်ကြဖို့အကြံပြုပါတယ်။ ဒီအတိုင်း စိတ်၀င်စားစရာ factတစ်ခုအနေနဲ့တင်ပြခြင်းသာဖြစ်ပါတယ် )❌❌

FlowersWhere stories live. Discover now