ပျိုမမေ့ပန်း (Forget me not)

18K 1.2K 63
                                    

ဒီပန်း​လေးကို​တော့ရင်းနှီးတဲ့သူများမယ်​လို့ထင်​ပါတယ်
နာမည်​​လေးကဆန်းတာကိုး .....
Forget me notဆိုတဲ့နာမည်​က German
စကားလုံးဖြစ်​တဲ့ "Vergissmeinnicht "
(ဖယ်​ဂစ်မိုင်းနစ်​ရှ်​ထ်​)ဆိုတဲ့စကားကဆင်းသက်​လာတာပါ

(ဒီ​နေရာမှာGraceဆရာနည်းနည်းလုပ်​ပါမယ်​😁
ဂျာမန်​လို vergiss=​မေ့​လျော့သည်​,
mein=my, nicht=not(မဟုတ်​)လို့အဓိပ္ပါယ်​ရပါတယ်​ )

Englishနာမည်​ဖြစ်​တဲ့ forget me not ဆိုတဲ့အမည်​ကို​တော့၁၄ရာစုအစပိုင်းမှာစတင်​အသုံးပြုခဲ့တာပါ
Forget me notကိုGreekလို အဓိပ္ပါယ်​ဆိုရင်
"mouse ear"ပါတဲ့ ဘာလို့ဒီလို​ခေါ်ရလဲဆိုရင်​သူ့ရဲ့ပွင့်​ဖတ်​​ပုံစံ​လေးက ​သေးပြီးကြွကိနားရွက်​​လေးနဲ့တူလို့ပါတဲ့

Forget me notဆိုတဲ့အမည်​​လေးဖြစ်​လာပုံကလည်း
ဝမ်းနည်းစရာ​လေးပါ အလယ်​​ခေတ်​(middle age)
မှာဖြစ်​ခဲ့တယ်​လို့ဆိုကြပါတယ်​ အလယ်​​ခေတ်​ကစစ်​သူရဲ​ကောင်းတစ်​ဦးဟာသူ့ရဲ့ချစ်​သူနဲ့မြစ်​ကမ်း​ဘေးမှာလမ်း​လျောက်​လာရင်းလှပတဲ့ပန်းပွင့်​​လေး​တွေကို​တွေ့သွားပါတယ်
ဒါနဲ့သူက အဲဒီပန်း​လေး​တွေကို သူ့ချစ်​သူကို​ပေးချင်​လာတာနဲ့ပန်း​လေး​တွေကိုသွားပြီးခူးပါတယ်​ ကံမ​ကောင်းစွာနဲ့ပဲပန်းခူး​နေတဲ့သူရဲ​ကောင်းဟာသူ့ရဲ့ချပ်​ဝတ်​တန်​ဆာရဲ့အ​လေးချိန်​ကို ဟန်​ချက်​မထိန်းနိုင်​ပဲ မြစ်​ထဲကိုပြုတ်​ကျသွားပါတယ်​ သူဟာမြစ်​ထဲကိုပြုတ်​ကျသွား​ပေမယ့်​လည်းပန်း​တွေကို​တော့လွှတ်​မချပစ်​ခဲ့ပါဘဲဆုပ်ကိုင်​ထားခဲ့တာပါ
သူ​ရေနစ်​​နေတဲ့အချိန်​မှာ​တောင်​ပန်း​တွေကိုသူ့ချစ်​သူဆီပစ်​​ပေးပြီး "Forget me not"လို့​ပြောပြီး ​ရေထဲကိုနစ်​မြုပ်​သွားပါ​တော့တယ်​ သူ့ရဲ့ချစ်​သူအမျိုးသမီးဟာလည်း
သူမရှိ​တော့တဲ့အချိန်​ကစပြီး forget me notပန်း​တွေကိုပဲသူမအသက်​​သေဆုံးသည်​အထိပန်​ဆင်​သွားပါတယ်​တဲ့ ဒါ​ကြောင့်​ဒီပန်းကို အချစ်စ​စ်​ရဲ့သ​င်္ကေလို့လည်းဆိုကြပါ​သေးတယ်

ဒီပန်းကိုအဓိပ္ပါယ်​ဖွင့်​ဆိုရမယ်​ဆိုရင်​​တော့
ဘယ်​​တော့မှမ​သေဆုံး​သောအချစ်​စစ်​,
သစ္စာတရား,အတူရှိခဲ့ဖူးတဲ့အမှတ်​တရ​တွေ,သတိရခြင်း လို့်​အဓိပ္ပါယ်​ရပါတယ်

FlowersWhere stories live. Discover now