စာစဉ် ၁၉ (၁ - ၃၀)
3.7K 420 38
စာစဉ် ၁၉၊ အခန်း ၁။  ချစ်တတ်အောင်သင်ပေးခဲ့တဲ့ မိန်းကလေးက ထွက်သွားပြီ (11)
သူဌေးတစ်ယောက်က အတွင်းရေးမှူးတစ်ယောက်ကို ဒီလောက်အထိ တစ်ရင်းတနှီးဆက်ဆံနေသည်လား ။
ဝိုင်ခွက်ကို ကိုင်ထားတဲ့ လျန်ဒေါ့ကူလက်ချောင်းတို့ပင် တုန်တုန်ရီရီ ။
အဲ့ဒီနောက် ဂူယူရှန်းနဲ့ ချင်းကျီအိုက်က
သူမ ရှိနေတဲ့စားပွဲနားက ဖြတ်လျှောက်ကာ ...
“ပင်ပန်းနေပြီလား”
“ဟင့်အင်း”
“ဒါကနောက်ဆုံး စားပွဲပါ ဒါပြီးရင် မင်းနားဖို့နေရာကို အပေါ်ထပ်မှာ စီစဉ်ပေးဖို့ ကိုယ် ရှောင်ဝမ်ကို ပြောလိုက်မယ်”
သူမ ဘေးကနေ ဖြတ်သွားပြီး ကျော်သွားခဲ့ပြီမို့ ချင်းကျီအိုက် စကားပြန်ပြောသံကိုတော့ မကြားလိုက်ရတော့ ။ လျန်ဒေါ့ကူ လှည့်ကြည့်လိုက်တော့ သူတို့နှစ်ယောက်က တခြားဝိုင်းမှာ ဧည့်ခံနေသည် ။
ဂူယူရှန်းဘေးမှာ ရပ်ပြီး အတွဲအနေနဲ့ ဧည့်ခံကျွေးမွေးဖို့ကို သူမနှစ်တွေအကြာကြီး မျှော်လင့်ခဲ့ပေမဲ့ ဒီလိုအခွင့်အရေးမျိုး သူမ မရခဲ့သော်လည်း ချင်းကျီအိုက်ကတော့ အလွယ်တကူပဲရနေသည် ။
လျန်ဒေါ့ကူ ဒေါသကြောင့် ဟန်ဆောင် ပြီးတောင် မပြုံးနိုင်တော့ပေ ။
အဲ့ဒီနောက် ချင်းကျီအိုက်နဲ့ ဂူယူရှန်းလည်း သူတို့ထိုင်ခုံဆီပြန်သွားကြပြီး မိနစ်ပိုင်းအကြာမှာတော့ ရှောင်ဝမ် ပြန်ရောက်လာခဲ့တာကြောင့် ဂူယူရှန်းက လှမ်းခေါ်သည် ။
“ဒါက နားနေခန်းသော့မလား ဟိုးမှာ ထိုင်နေတဲ့ရှောင်အိုက်ကို ပေးလိုက်”
ဂူယူရှန်း အသံခပ်တိုးတိုးဆိုပေမဲ့ ဘေးမှာ ထိုင်နေတဲ့လျန်ဒေါ့ကူ ကောင်းကောင်းကြားနိုင်လေသည် ။
သူ့နားနေခန်းကို ချင်းကျီအိုက်ကို သုံးခိုင်းသည်မို့ လျန်ဒေါ့ကူ သည်းမခံနိုင်စွာနှင့် အံကျိတ်ထားရသည် ။
ခဏအကြာမှာတော့ လုဘန်ချန်းဆီက မီးခြစ်တောင်းပြီး ဂူယူရှန်း အပြင်ထွက်သွားခဲ့တော့ လျန်ဒေါ့ကူလည်း ချင်းကျီအိုက်ထိုင်နေတဲ့ ၀ိုင်းကို တစ်ချက်လှည့်ကြည့်တော့ ချင်းကျီအိုက်သည်လည်း သူ့စားပွဲကနေထနေခဲ့သည်မို့ သူမလည်း ထလိုက်သွားဖို့ပြင်ရသည် ။