Chapter One

8.1K 573 139
                                    

Before read this chapter you must carefully look *Intro or Warning*. If you think you can't stand on this kind of story just skip it because I can't take responsibility for your emotion. If you decide to stay, you are watching at your own risk!!!

ZawGyi (ရှောင်းအိမ်တော်မှကြိုဆိုပါသည်)

အချိန်ကာလအားဖြင့် 2003 ခုနှစ်ဝန်းကျင်တွင်ဖြစ်သည်။ 90 ခုနှစ်များကိုကျော်လွန်ပြီး​နောက်ပိုင်းသကာလ တရုတ်နိုင်ငံသည်ကား အရှိန်အဟုန်ဖြင့် တိုးတက်လာ​သည့်အခါ ပြည်ပတွင်သွားရောက်အခြေချနေထိုင်ကြသည့် နိုင်ငံသားများမှာလည်း မိခင်နိုင်ငံသို့အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာကြသော အချိန်ကာလတစ်ခုဖြစ်နေ​​တော့သည်။

ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသက်သုံးဆယ်အရွယ်ခန့် ​ချောမောလှပ​၍​ခေတ်ဆန်ဆန်အမျိုးသမီးတစ်ဦးမှာ ဆယ်ကျော်သက်အရွယ်ကြည့်​ကောင်းလွန်းသည့် ကလေးတစ်ယောက်ဖြင့်အတူ​လက်တွဲ​လျှောက်လှမ်း​နေရာ ပတ်ဝန်းကျင်ရှိ လူအများ၏စိတ်ဝင်စားမှုကို ဖမ်းယူထားကာ ထိုအမျိုးသမီးနှင့်ကလေးငယ်ကတော့ မည်သူ့ကိုမှစိတ်မဝင်စားသည့်အလား...

တရုတ်နိုင်ငံကို ပထမဆုံးခြေချတဲ့ တစ်ဆယ့်လေးနှစ်အရွယ် ဝမ်ရိပေါ်​လေးအတွက်က​တော့ ပတ်ဝန်းကျင်ရှိအရာရာမှာ အသစ်ဆန်းတွေဖြစ်လို့နေယုံမက အလိုမကျမှုတွေသည်လည်း မျက်နှာအနှံ့နေရာယူထားခဲ့သည်။

"အခုအချိန်အထိ စိတ်ဆိုးမပြေသေးဘူးလား ဝမ်လေး?"

နယူးယောက်မှ ရှန်ဟိုင်းသို့ လေယာဉ်အကြာကြီးစီးလာပြီးသည့်တိုင် မျက်နှာမသာမယာဖြစ်နေသည့် တူဖြစ်သူကြောင့် လျိုရင်ယွဲ့ မေးလိုက်သော်လည်း တုန့်ပြန်မှုတစ်စုံတစ်ရာပြန်မရလာခဲ့ပေ။

ဝမ်ရိပေါ်၏ဖခင်မှာ တရုတ်နွယ်ဖွား အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူ သူမ၏အမမှာ နယူးယောက်တွင်​ကျောင်းသွားတက်ရင်း ဝမ်ရိပေါ်၏အဖေနှင့်​တွေ့ဆုံချစ်ကြိုက်ပြီး လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

သို့ပေသိ ကံမကောင်းရှာသည့် သူမ၏အမမှာ ဝမ်​ရိ​ပေါ်
အားမွေးပြီးသိပ်မကြာခင်မှာပင် ဆုံးပါးသွားခဲ့ရာ နှစ်ဖက်မိဘတွေအ​နေဖြင့် အရွယ်ငယ်သေးသည့်ဝမ်​လေးအ​ဖေက နောက်အိပ်​ထောင်ထပ်ပြုလျှင် ဝမ်​လေးမှာမိထွေးနဲ့​နေရမည်ကိုစိတ်ပူပြီး သူမနဲ့ဝမ်​လေးအဖေအားအတင်းပင် လက်ထပ်ပေးခဲ့ကြသည်။

HATE CATASTROPHE  Where stories live. Discover now