Chapter Two

4.4K 476 81
                                    

ZawGyi (ပန်းချီကားထဲမှလူသား)

ပတ်ဝန်းကျင်အသစ်ကိုသေချာအကဲခတ်ကာလှေကားရှိရာတည့်တည့်ကိုတ​ရွေ့​ရွေ့တက်သွားနေသည့် ဝမ်ရိပေါ်က ဆယ်ထစ်မြောက်လှေကားထစ်ကိုတက်ပြီးသည့်အခါ သူ့အရှေ့မှတက်သွားသည့်သူများမှ ​ဘေးဘက်ရှိလှေကားဆီသို့ဆက်မတက်တော့ဘဲ ရပ်လိုက်ကြသဖြင့် သူပါရပ်လိုက်မိသည်။

ထိုအခါ မြင်လိုက်ရသည့်က ​ဧည့်ခန်းထဲသို့ဝင်လာချိန်ကတည်းက လှေကားအဆုံး၌လှမ်းမြင်နေရသော တံခါးချပ်ကို မင်းကျန်းယိတစ်ယောက် ဖွင့်ဟ​နေခြင်းဖြစ်သည်။

"အပေါ်ထပ်ကို ဒီဘေးလှေကားကနေတက်ရမှာမဟုတ်ဘူးလား?"

အိမ်ကြီး၏ဖွဲ့စည်းထားပုံကို​သေချာမသိသည့် လျိုရင်ယွဲ့မှာ ဘေးလှေကားကိုတစ်ချက်လှမ်းကြည့်၍ မင်ကျန်းယိအားမေးလိုက်​ခြင်းဖြစ်သည်။

"မဟုတ်ပါဘူး ဆရာကတော် အိပ်ခန်းတွေဆီသွားဖို့ဆို ဒီအတွင်းဘက်လှေကားကနေတက်မှရောက်တာပါ။ အိမ်ကအရှေ့ဧည့်ခန်းအ​ဆောင်နဲ့ အနောက်ဆောင်ကိုခွဲထားတဲ့သဘောပါ။ အခုဆရာကတော်မြင်နေရတဲ့ဘေးလှေကားကတက်ရင် ဧည့်ခန်းကိုအပေါ်စီးကနေ ကြည့်လို့ရတဲ့ အပေါ်ထပ်ဝရန်တာကိုရောက်သွားမှာပါ"

"အဲဒီကိုသွားကြည့်လို့ရမလား?"

မင်ကျန်းယိရှင်းပြသည်ကို ​သေချာနားထောင်နေသည့် ဝမ်ရိပေါ်မှာချက်ချင်းပင်မေးလာခဲ့သည်။

"ဟုတ်ကဲ့ရပါတယ်"

"နောက်နေ့မှကြည့်ပါတော့လား ဝမ်လေးရယ် နောက်ဆိုဒီမှာအမြဲနေရတော့မှာပဲကို ဘယ်အချိန်ကြည့်ကြည့်ပေါ့"

"ဟင့်အင်း အခုပဲကြည့်ချင်တာ"

သူခုနက အဲဒီအပေါ်ထပ်ဝရံတာမှာ လူတစ်ယောက်ရပ်နေတာကို တွေ့လိုက်တယ်မဟုတ်လား? သူအမြင်မှားတာဟုတ်မဟုတ်ကို ကိုယ်တိုင်အတည်ပြုကြည့်ချင်သေးတာမို့ အခုကြည့်ရမှာကိုဖြစ်မှာ

ဝမ်ရိပေါ်၏အမေးကြောင့် လျိုရင်ယွဲ့မှာဝင်​ပြောလိုက်​သော်လည်း ခေါင်းမာလွန်းသည့် တူဖြစ်သူ၏အကြောင်းကိုသိနေသည့်အခါ လက်လျှော့လိုက်တော့သည်။

HATE CATASTROPHE  Where stories live. Discover now