Chapter Three

3.5K 455 57
                                    

ZawGyi (ထူးန်းသောအိမ်ကြီးဂေဟာ)

"သေလိုက် ဝမ်ရိပေါ်!! သေစမ်း"

လက်ဆုပ်လက်ကိုင်ပြစရာထုထည်မရှိသည့် အခိုးအငွေ့သာရှိသော သူတစ်ယောက်မှာ ခေါင်းအုံးအပေါ်မှ ဖိအားတစ်ခုဖြင့်အုပ်ထားသည့်အခါ အိပ်​ပျော်​နေသည့်သူမှာ အိပ်မက်ယောင်နေသလိုဖြစ်ကာ အသက်ရှုမဝဖြစ်လာရသည်။

ရှောင်းကျန့်အိပ်ပျော်​နေတဲ့ ဝမ်ရိပေါ်ရဲ့မျက်နှာ​ပေါ်မှာ ခေါင်းအုံးကိုအရင်တင်လိုက်ပြီးမှ ဖြည်းဖြည်းချင်းဖိချလိုက်​တော့ ဝမ်ရိပေါ်ရဲ့ ခြေထောက်တွေလက်တွေက စရုန်းကန်လာပေမယ့် မလွှတ်ပေးဘဲ ဒီအတိုင်းထားပြီး ကြည့်ကောင်း​ကောင်းနဲ့ကြည့်​နေလိုက်တယ်။

ဝမ်ရိပေါ်ရဲ့အခုလို ကူကယ်ရာမရတဲ့ပုံစံကိုကြည့်ရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။ အချိန်တော်တော်ကြာတော့မှ ​ခေါင်းအုံးကိုဖယ်ပေးလိုက်ချိန် ဖွင့်ဟလာတဲ့ ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေနဲ့ တန်းပြီးအကြည့်ချင်းဆုံသွားရတယ်။

ဒီလောက်ကဘာမှမဟုတ်သေးဘူးလေ။ စိတ်မပူနဲ့ ငါမင်းကို ဒီလိုလွယ်လွယ်နဲ့ပေးမသေနိုင်ဘူး ဝမ်ရိပေါ်။ ဒီထက်ပိုပြီးတစ်မြေ့မြေ့နဲ့လောင်ကျွမ်းပြီးသေသွားရအောင်လုပ်ဦးမှာ...

ဝမ်ရိပေါ်တစ်ယောက် အိပ်နေရင်းကနေ အသက်ရှုမဝသလို အရမ်းကိုမွန်းကြပ်လာတာကြောင့် ရင်ဘက်အစုံနိမ့်ချည်မြင့်ချည်နဲ့ မောဟိုက်လာပြီး လန့်နိုးလာရတယ်။ အိပ်မက်ဆိုးမက်နေမှန်းသိလိုက်တဲ့အခါမှ သက်ပြင်းတစ်ချက်ချလိုက်မိပြီး သူ့မျက်လုံးတွေကိုဖွင့်လိုက်တဲ့အချိန်မှာ​တော့ မျက်စိအ​ရှေ့ကမြင်ကွင်း​ကြောင့် အသက်ရှုတောင်ရပ်တန့်သွားပြီး နှလုံးခုန်သံတွေက တဒုန်းဒုန်းနဲ့မြန်ဆန်လာတာကို အတိုင်းသားခံစားမိ​လိုက်တယ်။

သူအခုမြင်နေရတဲ့ မြင်ကွင်းကတကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ ညတုန်းကသူတွေ့ခဲ့တဲ့ ပန်းချီထဲကလူက သူ့ကုတင်ဘေးမှာရပ်နေပြီး သူ့ကိုအပေါ်ကနေငုံ့မိုးကြည့်နေတယ်လေ။

အိပ်မက်လား လက်တွေ့လား မသဲကွဲတဲ့အခါ ဝမ်ရိပေါ်ကသူ့မျက်လုံးများကိုလက်နဲ့ပွတ်သပ်လို့ သေချာအောင်ထပ်ကြည့်မိတယ်။ နှမြောစရာကောင်းစွာပါပဲ သူ့မျက်လုံးတွေကြည်လင်သဲကွဲလာတဲ့အခါ မျက်စိအရှေ့မှာဘယ်သူမှရှိမနေတော့ဘူး။ ဒီလိုမှန်းသိရင် ဝမ်ရိပေါ်ကသူ့မျက်လုံးတွေကို မပွတ်သပ်ခဲ့ပါဘူး။

HATE CATASTROPHE  Onde as histórias ganham vida. Descobre agora