Chapter Fourteen

2.6K 358 30
                                    

ZawGyi (ရှူးဖိပ်ပိုင်ရှင်ထံတွင်ကျရှုံးခြင်း)

နောက်ကျောဘက်ကို လှည့်ကြည့်လိုက်တာမို့ ထိုလူနဲ့သူကမျက်နှာချင်းဆိုင်အနေအထားဖြစ်သွား​တော့သည်။ မျက်နှာထားတင်းတင်းနဲ့ သာမန်မဟုတ်တဲ့အကြည့်​တွေက ရှောင်းကျန့်လိုလူအ​ပေါ်မှာ​တောင် အနည်းငယ်တော့လွှမ်းမိုးမှုရှိနေတယ်လို့ပြောလို့ရတယ်​။

ဝတ်ဆင်ထားတဲ့ အနောက်တိုင်းဝတ်စုံရဲ့အရှိန်​ကြောင့် လူကြီးလူကောင်းတစ်ယောက်ပုံပေါက်နေပေမယ့်လည်း မျက်နှာကိုတစ်ချက်ကြည့်လိုက်တာနဲ့ ငယ်ရွယ်လွန်းမှန်းသိသာနေတယ်။

သူပြောလိုက်တဲ့စကားတွေကို သေချာပေါက်ကြားသွားပုံရ​တော့ ဒေါသထွက်နေတာလားဆိုပြီး အကဲခတ်လိုက်မိပေမယ့် ထိုလူငယ်​လေးရဲ့မျက်နှာကဘာကိုမှခန့်မှန်းလို့ရမနေတာမို့ တကယ်ပဲဒီကလူတွေပြောသလို တော်ယုံမဟုတ်မှန်းသိလိုက်ရတယ်။

အခုအချိန်အထိ တစ်ဖက်လူရဲ့ခနဲ့သလိုမေးခဲ့တဲ့ အမေးကို​ဘာ​ပြန်​ပြောရမလဲမသိလို့ ရှောင်းကျန့် နှုတ်ဆိတ်နေမိတယ်။ ဒီအခြေအနေကြီးက တော်တော်လေး ​ဘေးကျပ်နံကျပ်ဖြစ်စရာကောင်းနေတာ​တော့အမှန်ပဲ။ ဘေးကလူတွေရဲ့မျက်နှာတွေက​တော့ တကယ့်ကိုပွဲကြီးပွဲကောင်းတစ်ခုကိုကြည့်ရတော့မှာမို့ အရမ်းကိုစိတ်အားတက်ကြွနေလေရဲ့...

သူ့ကိုခြေဆုံးခေါင်းဆုံး​သေချာကြည့်ပြီး​နောက် သူရှိရာကိုဦးတည်ပြီးလာနေတဲ့လူကြောင့် လက်ထဲမှာကိုင်ထားခဲ့တဲ့ ဝိုင်ခွက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိသည်။

ရဲမှူးချုပ်ဆိုပြီး လူကြားထဲမှာသူ့ကိုအကြမ်းတော့ထမဖက်လောက်ဘူးမလား...

သူရပ်နေမိတုန်းမှာပဲ သူတို့လက်ရှိရောက်နေတဲ့ ​လေသာ​ဆောင်ထဲကိုတစ်လှမ်းချင်း​လျှောက်ကာဝင်လာ​နေတဲ့ လူငယ်လေးရဲ့ပုံက တကယ့်ကိုအရှိန်အဝါ​တွေဖြင့်လွှမ်းခြုံ​နေသည်။ ခန့်မှန်းမရနိုင်တဲ့တစ်ဖက်လူရဲ့ပုံကြောင့် ခန္တာကိုယ်က အလိုအလျောက် အသင့်အနေအထားဖြစ်လို့သွား​တော့သည်။

HATE CATASTROPHE  Kde žijí příběhy. Začni objevovat