Chapter Nine

2.6K 375 37
                                    

ZawGyi (ငရဲသို့အတူ)

ရှေ့ဆက်ဖြစ်လာမည့် အနာဂတ်ကိုမသိနိုင်သော ဝမ်ရိပေါ်မှာ စိတ်လှုပ်ရှားမှုတွေကြီးစိုးနေသဖြင့် ညပင်ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။

ကိုကိုကသူ့ကို ကိုယ်ထင်ပြပြီးတော့ကို လာတွေ့သွားတာ။ တကယ့်ကို ကိုကို့ပုံကို သူသေချာသူမြင်လိုက်ရသလို အသံကိုပါကြားခဲ့ရတာ။ သူသိတာပေါ့ ဒီအိမ်ထဲမှာ ကိုကိုရှိနေတယ်ဆိုတာ ဒီတစ်လျှောက်လုံး အသေအချာကို သူခံစားမိနေခဲ့တယ်။

အိပ်ခန်းထဲတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်နေသော ဝမ်ရိပေါ်အား ထောင့်တစ်နေရာတွင် ထိုင်ကာကြည့်နေသည့်သူ၏မျက်နှာထက်တွင် ကျေနပ်အားရနေသည့်ဟန် အပြုံးသဲ့သဲ့နေရာယူထားသည်။

"ဝမ်ရိပေါ်...ဝမ်ရိပေါ်...အဲဒီလောက်တောင် စိတ်လှုပ်ရှားနေတာလား?"

တည်ငြိမ်စွာထွက်ပေါ်လာသည့်အသံက လေထုမှတစ်ဆင့်ဖြတ်ကျော်ကာ အခန်းထဲတွင်ရှိနေသည့် ဝမ်ရိပေါ်ထံပါးသို့ပို့ဆောင်ပေးနိုင်ခြင်းရှိမနေပေ။

"စိတ်ချ မနက်ဖြန်ကျရင် ဒီကိုကိုက မင်းမျှော်လင့်ထားတာထက်ပိုပြီး စိတ်လှုပ်ရှားစရာတွေကို ယူဆောင်လာပေးဦးမှာ"

မျက်ဝန်းသေတွေက လှုပ်လှုပ်ရှားရှားဖြစ်နေသည့် အခန်းထဲရှိကောင်လေးထံတွင်သာ မြဲမြံလို့​နေသည်။ အမြဲတစေ အနက်ရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည့်သူက ရင်ထဲကနာကျင်စရာများကို ဖုံးဖိထားနိုင်ဖို့ရည်ရွယ်နေသည့်အလား...

"မင်းက တကယ့်ကို ကလေးပဲရှိသေးတာပဲ။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ငယ်သေးတယ်ဆိုပြီး မင်းကိုသနားပေးဖို့အစီအစဉ် ဒီကိုကိုဆီမှာလုံးဝမရှိဘူး။ ဘာလို့ဆို မင်းလိုလူမျိုးကို အသက်ရှင်ခွင့်ပေးလိုက်ရင် နောက်ထပ်လူတွေကိုဒုက္ခပေးနေဦးမယ်မဟုတ်လား"

ရှောင်းကျန့်က ဒီထက်ပိုပြီးမစောင့်နိုင်တော့ဘူး။ အနှစ်ငါးဆယ်တောင်သူအလုံအလောက်စောင့်ဆိုင်းခဲ့ပြီးပြီမဟုတ်လား။ အစတုန်းကတော့ ဝမ်ရိပေါ်ကိုစိတ်ခြောက်ခြားအောင် အနည်းငယ်ဒုက္ခပေးပြီးမှ သူ့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့လုပ်ခဲ့တာပေမယ့် ထင်မထားလောက်အောင်ကို အဲဒီဝမ်ရိပေါ်က သတ္တိရှိနေသလို သူ့ကိုလည်းလုံးဝကြောက်ရွံ့မနေခဲ့ဘူးလေ။ အဲဒီတော့လည်း အချိန်ဆွဲမနေတော့ပဲ ခပ်မြန်မြန်ပဲလုပ်ရတော့မှာပေါ့။

HATE CATASTROPHE  Where stories live. Discover now