Chapter Eleven

2.6K 375 11
                                    

Warning - Violent Scene Involve

ZawGyi (ဖိပ်အောက်တွင်ကျရှုံးခြင်း)

"ဒီလောက်လေးနဲ့ ပျော့မသွားနဲ့လေ။ တင်းခံထားဦးမှပေါ့"

တိတ်ဆိတ်နေတဲ့ ထမင်းစားခန်းကျယ်ကြီးထဲတွင် ထွက်ပေါ်လာသည့်အသံက ဝင်ရိုးစွန်းဒေသရှိ​ရေခဲတောင်များမှ ရေခဲများလတ်လတ်ဆတ်ဆတ် အရည်​ပျော်ကျလာသည့်အလားအေးစက်ကာ ညှာတာမှုမရှိတဲ့အခါ ကြားလိုက်ရမည့်သူအပေါင်းကို ထိတ်လန့်စေဖို့လုံလောက်သည်။ သို့သည်တိုင် ထိုနေရာတွင် ဝမ်ရိပေါ်မှလွဲ နား​ထောင်မည့်သူဘယ်သူမှရှိမနေခဲ့။

"မဟုတ်ရင် ဘယ်ပျော်စရာကောင်းတော့မလဲ?"

ခုံပေါ်မှောက်နေတဲ့ခေါင်းကို ​နောက်ပြန်ဆွဲလိုက်လှန်ပြီး ရှောင်းကျန့်ပြောလိုက်တယ်။ ဝမ်ရိပေါ်ရဲ့အခုလိုပုံစံကိုမြင်နေရတာက သူ့ကိုအရမ်းပဲနှစ်ထောင်းအားရဖြစ်စေတယ်။ ဒါအခုမှအစပဲရှိသေးတယ်လေ။ ဒီလူယုတ်မာလေးကို သူတစ်ဖြည်းဖြည်းညဉ်းပြီးသတ်ရဦးမှာ။ နှမြောစရာတစ်ခုက သူ့မှာအချိန်ကြာကြာမရတာပါပဲ။ ဝမ်ရိပေါ်ကို သူနဲ့အတူခေါ်သွားဖို့က ဒီတစ်ညပဲရှိတော့တာ။

အသိအာရုံထဲမှာ နာကျင်မှုတွေအပြည့်ဖြစ်​နေပေမယ့်လည်း ဝမ်ရိပေါ်ဦး​ခေါင်းက ပြန်ဆွဲမော့ခံလိုက်ရတာမို့ ကြိုးစားလို့မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါ ဝိုးတဝါးမြင်နေရတာက ကိုကိုကပြုံးနေခဲ့တယ်။ ပြုံးတာမှ အရမ်းကိုတောက်တောက်ပပနဲ့ကိုပြုံးနေတာမို့ ဖြစ်ပျက်နေသမျှကိုမေ့သွားပြီး သူ့ပါလိုက်ပြုံးမိတဲ့အထိပဲ။

"ကို..ကို"

သူ့စိတ်တွေအကုန်လွတ်ထွက်​သွားစေနိုင်တဲ့အထိ ကိုကိုကသက်ရောက်မှုကြီးပါတယ်။ တကယ်ပါကိုကိုသာ​ပျော်မယ်၊ အမြဲအဲဒီလိုပြုံး​နေနိုင်မယ်ဆိုရင် ဝမ်ရိပေါ်ကသူဘာပဲဖြစ်သွားဖြစ်သွား​နောင်တရမှာမဟုတ်ဘူး။ နာကျင်ရလည်းတန်ပါတယ်လေ။ ကိုကို့ရဲ့အခုလိုအပြုံးကိုမြင်လိုက်ရတယ်မဟုတ်လား။

"အို! မင်းက တော်ယုံတော့မဟုတ်ဘူးပဲ။ ဒီလိုအချိန်မှာတောင်ပြုံး​နေနိုင်​သေးတယ်​ပေါ့"

HATE CATASTROPHE  Where stories live. Discover now