Chapter Thirteen

2.7K 376 11
                                    

ZawGyi (အတိတ်နေ့ရက်များဆီသို့)

အချိန်အားဖြင့် 1950 ခုနှစ်တစ်ဝိုက်သည်ကား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လွတ်လပ်ရေးရပြီးခါစအချိန် ကွန်မြူနစ်ဝါဒအားတရားဝင်ကြေငြာကာ စတင်အကောင်ထည်ဖော်ဆောင်နေသောကာလဖြစ်သည်။

တိုင်းပြည်ပြန်လည်ထူထောင်ရေးဖြင့် မအားမလပ်ရှုပ်ထွေးနေချိန် ရှန်းဟိုင်းမြို့၏  မြို့ပြင်ဘက်အနည်းငယ်ကျ​သော​ အထက်တန်းလွှာအများစုသာ နေရာယူထားသည့် ​နေရာလေးမှာတော့ ပြင်ပလောကနှင့်မသက်ဆိုင်သည့်အလား အေးချမ်းဆိတ်ငြိမ်မှုရှိလှသည်။

ကျယ်ဝန်းလှသည့်ခြံကြီးများမှာ တစ်ခြံနှင့်တစ်ခြံအကွာအဝေးခပ်လှမ်းလှမ်းတွင်ရှိနေပြီး ခမ်းနားလွန်း​သောအိမ်တော်များကသာ ထိုခြံများတွင် ပနံသင့်စွာနေရာယူလို့ထားသည်။

ထိုလူချမ်းသာရပ်ကွက်၏ ထောင့်ဆုံးတစ်နေရာတွင် ဝံ့ကြွားခမ်းနားစွာတည်ရှိနေသည်ြ့ခံကြီးမှာ​တော့ ရှောင်းမိသာစုပိုင်ရှောင်အိမ်တော်ကြီးပင်ဖြစ်သည်။

ရှောင်းမိသားစုသည်ကား ဂုဏ်ရှိန်ဂုဏ်ဝါကြီးမားလွန်း​သော မျိုးရိုးတစ်ခုဖြစ်သည့်အ​လျှောက် အာဏာသက်ရောက်မှုအပေါ်တွင်လည်း အနည်းနှင့်အများလွှမ်းမိုးချုပ်ကိုင်ထားနိုင်သေးသည်မို့ တော်ယုံလူများမော်ပင်မကြည့်ရဲသလို လူချမ်းသားများပင် လက်လွတ်စပယ်မဆက်ဆံရဲကြသည်အထိပင်...

ထိုသို့မျိုးရိုးအစဉ်အဆက် ကြွယ်ဝချမ်းသာလာသည့် ရှောင်းမိသားစုတွင် ယခုအချိန်တွင်တော့ နောက်မျိုးဆက်ဖြစ်သော ရှောင်းသခင်ကြီးတစ်ဦးတည်သာ ကျန်ရှိတော့သည်။

ပြောင်လက်နေတဲ့ ကျွန်းသားကြမ်းခင်း​ပေါ်မှာ အနက်ရောင်ရှူးဖိနပ်ကို တစ်လှမ်းချင်းလှမ်းပြီး အိမ်​တော်အ​ပေါ်ထပ်မှဆင်းလာနေသူ၏ခြေသံကိုကြားလိုက်သည်နှင့် တစ်အိမ်လုံးရှိအလုပ်သမားများမှာ အသင့်အနေအထားဖြစ်လို့သွားသည်။

"ညနေကျရင် ပါတီတစ်ခုတက်ဖို့ဖိတ်စာ​ရောက်​နေပါတယ် သခင်ကြီး"

မော်ကြွားစွာ​လျှောက်လှမ်းလာသည့် သခင်ကြီးအား ခါးကိုငုံ့ကိုင်းလို့အရိုအသေပေးရင်းမှ အိမ်တော်ထိန်းဖြစ်သူမှ​ပြောလိုက်​ခြင်းဖြစ်သည်။

HATE CATASTROPHE  Where stories live. Discover now