Chapter Four

3.2K 423 70
                                    

ZawGyi (ရက်က်ငြ်းရဲ့အစ)

'ကျွီ'

'ကျွီ'

'ကျွီ'

သန်းခေါင်းယံမတိုင်ခင်အချိန် တိတ်ဆိတ်နေသည့်ကြားမှ တစ်ချက်တစ်ချက် ထွက်​ပေါ်​နေသည့်အသံအား လျိုရင်ယွဲ့တစ်ယောက် ကြားနိုင်စွမ်းမရှိသည်က နှစ်ခြိုက်စွာအိပ်ပျော်နေသောကြောင့်ပင်ဖြစ်သည်။

"အဲဒီလိုမဆော့ရဘူးလို့ ​ပြောထားတယ်မလား?"

လျိုရင်ယွဲ့၏အခန်းထဲရှိ ကျွန်းဗီဒို၏ကြီးမား​သော တံခါးချပ်ကြီး၏လက်ကိုင်ကိုအားပြု၍ ​ဘောင်တန်း​လေး​ပေါ်တွင်ရပ်ကာ ဘီဒိုတံခါးကိုတွဲလဲခိုစီးနေသော ကလေးငယ်တစ်​ယောက်မှာ အခန်းတံခါးဝမှထွက်ပေါ်လာသည့်အသံကြောင့် ကြမ်း​ပြင်​ပေါ်သို့ဆင်းလိုက်ရ​သော်လည်း မျက်နှာ​​လေးသည်ကား စူပုတ်လို့​နေ​လေသည်။

"အဲဒီအဖွားကြီးက သိတာမှမဟုတ်တာ ဘာလို့စီးလို့မရတာလဲ"

"သူမ နည်းနည်းလေးတောင် ရိပ်မိ​စေမယ့်အပြုအမူမျိုးမလုပ်ဖို့ မှာထားတယ်မဟုတ်လား"

"ဟိုကအိပ်ပျော်နေတာ နိုးတောင်မနိုးပါဘူး သခင်ကြီးကလည်း"

"မလိုချင်ဘူး ဆော့ချင်တစ်ခြားအခန်းမှာသွားဆော့"

"အဲဒါဆို ဟို...ဝမ်မျက်နှာ​ကြောတင်းရဲ့အခန်းမှာ..."

"မရဘူး!"

ကလေးငယ်၏စကားမဆုံးခင် ပြတ်သားစွာထွက်ပေါ်လာသည့် အငြင်းစကားသံ​ကြောင့် နောက်ဆုံးတော့ ကလေးငယ်လေးမှာငြိမ်လို့သွားတော့လေသည်။

သခင်ကြီးမကြိုက်တာကိုသွားလုပ်မိရင် သူလည်းမလွယ်လောက်ဘူးမလား? နောက်မှ ဘယ်သူမှမရှိတော့မှပဲ အသာလေးလာဆော့တော့မယ်။

"အဲဒါဆိုလည်း တစ်ခြားမှာပဲ သားသားသွားဆော့လိုက်မယ်​နော်"

"အင်း လိမ္မာတယ်"

ခပ်ကုပ်ကုပ်လေးပြောနေ​သော ကလေးလေး၏ခေါင်းလုံးလေးကို ပုတ်လို့ပြောနေသည့် သူ၏မျက်နှာထက်တွင်နှစ်လိုဖွယ်အပြုံးရှိမနေသည့်တိုင် နူးညံ့ရိပ်များခြယ်သလို့ထားသည်။

HATE CATASTROPHE  Where stories live. Discover now