Chapter Twelve

2.6K 362 10
                                    

Warning - Violent Scene Alert

ZawGyi (အတိတ်ဆီမှ အကြွေး)

လပြည့်ညဖြစ်သည့်တိုင် မိစ္ဆာအငွေ့အသက်များကကြီးစိုးနေသည့်အလား မီးခိုးရင့်ရောင်တိမ်စိုင်လိပ်တွေကြားသို့ ပုန်းခိုဖို့ရာကြိုးစားနေ​သောလမင်းကြောင့် ပတ်ဝန်းကျင်သည်ကား တစ်စထက်တစ်စ အမှောင်ထုထဲသို့တိုးဝင်နေသကဲ့သို့ဖြစ်လာသည်။

ဆိတ်ငြိမ်လွန်းတဲ့ အိမ်နှင့်ခြံကြီးမှာ အပြင်မှကြည့်လျှင် အိမ်ထဲဖြစ်ပျက်နေသည်များနှင့်လားလားမျှမဆိုင် မည်သူမျှရှိမနေသကဲ့သို့ ငြိမ်သက်နေသော်ငြား လက်တွေ့တွင်မူ ပူလောင်ပြင်းပြသော အမုန်းမီး​တောက်မီးလျှံတို့ဖြင့်​ပြင်းထန်စွာ​ တမြေ့မြေ့လောင်​ကျွမ်း​လို့​နေသည်မှာ သိပ်မကြာခင် ပြာကျတော့မယောင်...

ရှူးဖိနပ်အမည်းရောင်ဝတ်ဆင်ထားသော ခပ်ကြီးကြီးခြေထောက်တစ်စုံနောက်တွင် ဖြူလွလွ walking shoe တစ်ရံနှင့်အံဝင်ဂွင်ကျဖြစ်နေသည့် ခြေထောက်လေးမှာ ထပ်ကြပ်မကွာပါလာခဲ့သည်ကို မီးအလင်း​ရောင်ဖြင့်တောက်ပြောင်​နေ​သော ကျွန်းသားကြမ်းခင်းထက်တွင် ထင်ရှားစွာမြင်တွေ့နိုင်သည်။

တစ်လျှောက်လုံးတွင် နာကျင်မှုကြောင့်ညီးညူနေသည့် ဝမ်ရိပေါ်၏အသံနှင့် စည်းချက်မကျစွာထွက်ပေါ်နေသည့် ဖိနပ်သံများမှလွဲ မည်သည့်အသံကိုမျှကြားရခြင်းအလျဉ်းမရှိ။

"အ!! ကို..ကို! ကိုကို!"

တဆစ်ဆစ်ထိုးစွနေသလိုခံစားနေရတဲ့နာကျင်မှု​တွေ နည်းနည်းလောက်များ သက်သာလေမလားဆိုတဲ့စိတ်နဲ့ သူ့ဦးရေပြားရဲ့အရင်းနားကနေ စုပ်​ထွေးကိုင်ထားတဲ့ ကိုကို့ရဲ့လက်ကို ဝမ်ရိပေါ်က သူ့လက်တွေနဲ့မှန်းဆကာလှမ်းကိုင်လိုက်မိ​ပေမယ့်လည်း စမ်းလို့မမိဘဲ အချည်းနှီးသာ...

ဆံသားများမှ ဆွဲ​ခေါ်လာတာကိုခံရသည့်အခါ ဝမ်ရိပေါ်၏နဂိုဖြူ​ဖွေးလွန်း​သောမျက်နှာမှာ အနီရင့်ရင့်ဘက်သို့ပင်ကူးပြောင်းလာပြီး ဦးခေါင်းမှာ​လည်း ​ခန္တာကိုယ်ထက်အ​ရှေ့ကို​ရောက်​နေကာ အောက်သို့ငိုက်စိုက် အနေအထားဖြစ်နေသဖြင့် ​ခြေလှမ်းတွေလည်း မှန်မှန်မလျှောက်နိုင်တော့ဘဲ ယိမ်းထိုးနေ​တော့သည်။

HATE CATASTROPHE  Where stories live. Discover now