Chapter Seven

2.8K 379 21
                                    

ZawGyi (ပျောက်ဆုံးနေသော အပိုင်းအစများ)

"ကျွီ"

အိပ်ခန်းထဲသို့ဝင်လာသည့် လျိုရင်ယွဲ့မှာ ပွင့်ဟနေသည့် ဗီဒိုတံခါးကြီးကြောင့် အလိုမကျဖြစ်သွားရသည်။

ဒီနေ့တစ်နေ့လုံး ဘယ်သူ့ကိုမှ သူမအခန်းထဲပေးမဝင်ခဲ့ပါဘူး။ နောက်ပြီး မနက်က အောက်ထပ်ကိုမဆင်းခင် သူမ​သေချာတံခါးကိုသော့ခတ်ပိတ်ထားခဲ့တာပါ။

သူမအခန်းထဲက ပစ္စည်းတွေက သူမလည်းမလုပ်ဘဲ နေရာရွေ့ရွေ့နေတာကို သတိထားမိတာမို့ အိမ်အကူတွေဝင်ပြီး လုပ်နေတယ်ထင်လို့ အခုလိုအခန်းတံခါးကိုသော့ပါခတ်ထားခဲ့တာ။ သော့ကလည်းတစ်နေကုန်သူမအင်္ကျီအိတ်ကပ်ထဲမှာထည့်ထားခဲ့တာ။

ထူးဆန်းတာက ပစ္စည်းတွေကနေရာသာရွေ့ရင်ရှိမယ် ပျောက်ဆုံးနေတာမျိုးတော့မရှိတာမို့ အိမ်အကူတွေခိုးဖို့ကြံနေတယ်လို့လည်းပြောလို့မရပြန်ဘူး။

"ဘယ်သူလဲ!!"

တွေဝေနေသဖြင့် ဘီဒိုတံခါးနားမှာပင်ရပ်နေမိသည့် လျိုရင်ယွဲ့မှာနောက်မှဖြတ်ခနဲဆိုသလို လှမ်းမြင်လိုက်ရသလိုရှိသည့် အရာကြောင့်လှမ်းကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှမတွေ့ရခဲ့။

သေချာပေါက်ခပ်​သေး​သေးအရိပ်​တစ်ခုဖြတ်သွားတာကို ဘီဒိုမှန်ထဲကနေ မြင်လိုက်တာ။

အသက်ရှုသံတွေပါ မြန်လာသည့် လျိုရင်ယွဲ့မှာ စိတ်ကိုမနည်းတည်ငြိမ်အောင်ထားနေရသည်။

"တကယ်ပဲ လှည့်ကြည့်လိုက်တော့ ဘာမှမရှိဘူးဆို​နေ"

"ဝမ်လေးကလည်း ပန်းချီကားကြီးကိုကြည့်ပြီးတစ်ယောက်တည်းစကားတွေပြောနေတာက သာမန်နဲ့လုံးဝမတူဘူး"

"စိတ်ထင်နေရအောင် ဘာကိုစိတ်ထင်ရမှာလဲ! ကျွန်မပြောတာကိုယုံပါ။ ဒီအိမ်ကြီးကတစ်ခုခုတော့ မူမမှန်ဘူး။ အရမ်းကိုစိတ်ခြောက်ခြားစရာကောင်းတယ်"

ခင်ပွန်းဖြစ်သူအား ညဘက်ကြီးဖုန်းလှမ်းဆက်ကာ လျိုရင်ယွဲ့မှာ ရင်ဖွင့်လို့နေတော့လေသည်။

ဒီကလူ​တွေကို သူမသွားပြောရင် သူမကိုရူးနေတယ်လို့ပဲထင်နေကြမှာ။ ဒါပေမယ့်ကြည့်ရတာ ယောက်ျားဖြစ်သူကလည်း သူမကိုယုံကြည်ပုံမရပါဘူး။

HATE CATASTROPHE  Where stories live. Discover now