ZawGyi (ဝင်ရောက်လာသည့် အိပ်မက်များ)
တစ်နေကုန် Shopping အပီအပြင်ထွက်ပြီးနောက် လျိုရင်ယွဲ့တစ်ယောက် ညဆယ်နာရီလောက်တွင် အိပ်ယာပေါ်ရောက်သည်နှင့် တစ်ချိုးတည်းအိပ်ပျော်သွားတော့သည်။
မအိပ်ခင်သေချာပိတ်လို့ထားခဲ့သည့် အခန်းထဲရှိပြတင်းပေါက်တံခါးက အသာအယာပွင့်ဟလို့သွားသည့်အခါ ညခင်းလေပြေနဲ့အတူတူ လေအေးအေးများသာမက အပြင်ဘက်ရှိသစ်ပင်များမှ သစ်ရွက်ခြောက်များအချင်းချင်းပွတ်တိုက်သံများပါ ဝင်ရောက်လို့လာသည်။
မီးအလင်းရောင်ခပ်ပြပြသာရှိသည့်အခန်းထဲတွင် ဟိုဒီဖြတ်သွားနေသည့်အရိပ်ငယ်လေးအား မှန်တင်ခုံထဲကမှန်မှ တစ်ချက်တစ်ချက်မြင်နေရသည်က ပေါ့ပါးလွတ်လပ်နေကာ အိပ်ပျော်နေသည့်သူအားဂရုစိုက်ပုံပင်မရ။
'ကျွီ' 'ကျွီ' 'ကျွီ'
အခန်းထဲရှိကျွန်းဘီဒိုကြီး၏တံခါးအားတွဲလွဲခိုစီးလိုက် ပစ္စည်းအချို့အားဟိုရွှေ့ဒီရွှေ့လုပ်လိုက်နှင့် ထိုအရိပ်ကလေးမှာ တားဆီးမည့်သူမရှိသည့်အခါ စိတ်တိုင်းကျကိုသောင်းကျန်းနေတော့လေသည်။ ခဏအကြာတွင် ထိုသို့ဆော့ကစားနေရသည်ကို ပျင်းရိငြီးငွေ့သွာဟန်ရကာ တွေ့ကရာအဝတ်စတစ်ခုကိုယူ၍ ကုတင်ထံသို့ချဉ်းကပ်သွားပြီး လျိုရင်ယွဲ့၏ မျက်နှာထက်တွင်တင်လိုက်တော့သည်။
ဤမြင်ကွင်းအား ကျွန်းဘီဒိုတံခါးပေါ်ရှိမှန်ထဲမှတစ်ဆင့်ကြည့်မည်ဆိုလျှင် လေထဲဝဲပျံနေသော အဝတ်စတစ်ခုကိုသာမြင်ရမည်ဖြစ်သည်။
"အင်းးးး"
"ခစ်..ခစ်"
မျက်နှာပေါ်သို့ကျရောက်လာသည့် တစ်စုံတစ်ခုကြောင့်နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသော လျိုရင်ယွဲ့မှာ အသံအနည်းငယ်ထွက်လာပြီး ထိုအရာအားဆွဲယူဖယ်ရှားလိုက်သည်။ သုံးလေးခါလောက်ထိုအတိုင်းတင်လိုက် ဖယ်လိုက်လုပ်ပြီးသည့်အခါတွင်တော့ အရိပ်ငယ်လေးမှာအလိုမကျဖြစ်လာတော့သည်။
"ဘယ်လိုလုပ်ပြီးအဲဒီလောက်တောင်အိပ်နိုင်ရတာလဲမသိဘူး။ ပျော်ဖို့မကောင်းလိုက်တာ"
YOU ARE READING
HATE CATASTROPHE
Fanfictionအငြိုးကြီးတဲ့တစ္ဆေတစ်ကောင်ကိုနှစ်သိမ့်ဖို့ရာ ဘာတွေလိုအပ်နိုင်မလဲ? အငြိုးကြီးတဲ့တစ္ဆေတစ်ကောင်ကိုနှစ်သိမ့်ဖို့ရာ ဘာတွေလိုအပ်နိုင်မလဲ? ⚠️This fiction contains Too Much Violent, Horror Scenes and The Whole Story may be suffocate for viewers, also not app...