Chapter Eight

2.6K 389 21
                                    

ZawGyi (အစ်ြကြွေး)

"ကိုကို"

မျက်စိအရှေ့ကပုံရိပ်​လေးကို ဝမ်ရိပေါ်ကတမေ့တ​မောကြည့်​နေမိတယ်။

ကြည့်နေတုန်း သူ့ကိုလက်ယပ်ပြီးလှမ်း​ခေါ်နေတဲ့ ကိုကို့ကြောင့် အနားကိုတိုးကပ်သွားလိုက်တော့ နီးကပ်လာတဲ့အချိန်မှာမှ ကိုကိုကလှည့်ထွက်သွားတာမို့ သူလည်းအနောက်ကနေဆက်လိုက်သွားမိတယ်။

ဒီတစ်ခေါက်တော့ ကိုကိုက ခပ်မြန်မြန်ထွက်ပြေးသွားတာမျိုးမဟုတ်ဘဲ သူ့ကိုတစ်နေရာရာကို ခေါ်သွားနေတဲ့ပုံစံမျိုးနဲ့တူတယ်။ ဘယ်သွားနေမှန်းမသိပေမယ့် ကိုကိုခေါ်ရာဆို ဘယ်ကိုပဲဖြစ်ဖြစ် ဝမ်ရိပေါ်ကလိုက်ဖို့အသင့်ပဲ။

နောက်ဆုံးတော့ ဝမ်ရိပေါ်အခုရောက်ရှိ​လာသည်က ရှောင်းအိမ်တော်၏ ဧည့်ခန်းထဲတွင်ဖြစ်သည်။ ဒါပေမယ့် အိမ်တော်ရဲ့အပြင်အဆင်က သူတို့လက်ရှိနေနေတဲ့ပုံစံမဟုတ်ဘဲ အနည်းငယ်ပြောင်းလဲနေတယ်။ ပိုပြီးရှေးကျသလိုမျိုးဆိုပေမယ့် သူနဲ့ရင်းနှီးနေတဲ့ အနေအထားလိုပဲ အသားကျလို့နေပြန်တယ်။

ကိုကိုက ဘယ်ရောက်သွားတာလဲ?

သူကတော့လက်ရှိပုံစံမဟုတ်ဘဲ လူကြီးတစ်ယောက်အနေနဲ့ပဲပေါ့။ ဘေးဘီကိုသေချာ​ဝေ့ဝဲကြည့်လိုက်တော့ သူမသိတဲ့ တခြားသူတွေလည်းရှိနေတယ်။ ထိုလူတွေပုံကနည်းနည်းထူးဆန်းနေတယ်။ ဘယ်လိုပြောရမလဲ လူကောင်းတွေနဲ့သိပ်မတူသလိုပဲ။ အဲဒီအချိန်မှာပဲ သူ့ဘေးကိုရောက်လာတဲ့ မိန်းမတစ်ယောက်က သူ့လက်မောင်းကိုလာတွယ်ချိတ်လေတယ်။

ဟင့်အင်း သူမကြိုက်ဘူး။ သူ့လက်မောင်းပေါ်က လက်ကိုသူခါထုတ်ပြစ်လိုက်ချင်ပေမယ့် ဒီခန္ဓာကိုယ်ကို သူမှထိန်းချုပ်လို့မရဘဲ။ အဲဒါကြောင့် ဒီအတိုင်းကြည့်နေရတယ်။

အရှေ့ကိုပြန်ကြည့်လိုက်တော့ လှေကားပေါ်မှာရပ်နေတဲ့ ကိုကိုက သူတို့နှစ်ယောက်ကို မျက်ဝန်းစိမ်းတွေနဲ့ ကြည့်နေတာမို့ ဝမ်ရိပေါ်က ကိုကိုထင်နေသလိုမဟုတ်ကြောင်း ရှင်းပြချင်ပေမယ့် သူ့ပါးစပ်ကစကားတစ်ခွန်းတောင်ထွက်မလာဘူး။ အဲဒီအစား သူ့​ဘေးကမိန်းမနဲ့ ကိုကိုက စကားတွေအပြန်အလှန်ပြောနေကြတာကို သူနဲ့ဘေးကလူတွေက ဒီအတိုင်းရပ်ကြည့်နေကြတာ။

HATE CATASTROPHE  Where stories live. Discover now