Chapter Ten

2.6K 387 21
                                    

Warning - Violent Scene Involve

ZawGyi (ခမ်းနားသော ညစာ)

"ဒီနေ့ဒီအိမ်ထဲကိုခြေတစ်လှမ်းတောင်မချမိစေနဲ့ အပြင်မှာသွား​နေ"

အပေါ်ထပ်လှေကားလက်ရန်းနားမှာရပ်ကာ​ အောက်ထပ်ကလှုပ်ရှားမှု​တွေကို​စောင့်ကြည့်​နေသည့်လူကြီးတစ်ယောက်မှ သူ၏ဘေးမှကလေးငယ်အားပြောလိုက်ခြင်းဖြစ်သည်။

"ဘာလို့လဲ သားလည်း ကြည့်ချင်တယ်လေ။ ဝမ်မျက်နှာကြောတင်းက ဝတ်ကောင်းစားလှတွေတောင်ဝတ်ထားတာ​နော်။ တကယ်စိတ်လှုပ်ရှားစရာကောင်းမှာကို"

"နာချင်နေပြီလား?"

ကလေးတွေမမြင်သင့်တဲ့မြင်ကွင်းတွေကို ရှောင်းကျန့်မပြနိုင်ပေ။

ပြတ်သားစွာထွက်ပြောလာသည်က တကယ့်လုပ်မည့်ပုံမှန်းသိသည့်အခါ ကလေးငယ်မှာပါးစပ်ပိတ်လို့ အိမ်တော်ထဲမှထွက်သွားရတော့သည်။

ကုတ်ကုတ်နဲ့ထွက်သွားသည့် ကလေးကိုရှောင်းကျန့်တစ်ချက်လှမ်းကြည့်လိုက်တယ်။ ဒီကလေးက အဖြူရောင်လို့ကျိန်​ပြောရင်​တောင်မယုံနိုင်​လောက်မယ့် အမည်းရောင်သို့ကူး​ပြောင်း​နေပြီဖြစ်တဲ့ ​ပေစုတ်စုတ်အင်္ကျီ​လေးကိုဝတ်ပြီး လွန်ခဲ့တဲ့ခုနှစ်နှစ်လောက်တုန်းက သူ့ဆီကိုရောက်လာခဲ့တယ်ပဲပြောရမလား?

လမ်းပေါ်မှာလေလွင့်နေတဲ့ ကလေးတစ်ယောက်က မိုးတွေရွာနေတဲ့ညကြီးမင်းကြီးမှာ နေစရာမရှိလို့ထင်ပါ့ ဒီအိမ်ထဲကိုဝင်လာခဲ့တယ်လေ။ ဘယ်သူမှမလာရဲတဲ့ ဒီနေရာကိုရောက်လာသူမို့ သူတောင်အံ့သြခဲ့ရသေးတာ။

ဒါပေမယ့်လည်း အဲဒီကလေးက ကံဆိုးရှာပါတယ်​လေ။ တစ်ကိုယ်လုံးရေစက်လက်နဲ့ မှောင်မည်းနေတဲ့အိမ်ကြီးထဲမှာတစ်ယောက်တည်းလျှောက်သွားနေရင်းက လှေကားပေါ်တက်ကြည့်ပြီးပြန်အဆင်းမှာ သူ့ကိုယ်​ပေါ်ကကျခဲ့တဲ့ရေတွေကိုပြန်တက်နင်းမိရင်း  ခြေချော်ကျရာက သွေးထွက်လွန်ုပြီး သေဆုံးခဲ့ရတာ။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီကလေးပြုတ်ကျတဲ့အချိန်တုန်းက သူ့နှစ်ပတ်လည်​နေ့​ဆိုတော့ သူအရမ်းအားနည်းနေ​ခဲ့တာမို့ လှမ်းပြီးဖမ်းဆွဲ​ပေးလိုက်ချိန်​တောင်မရခဲ့ဘူး။ အဲဒီအတွက်ကိုတကယ်စိတ်မကောင်းဖြစ်ရတာမို့ ဒီကလေးကိုသူတတ်နိုင်သလောက်စောင့်ရှောက်ပေးနေတာ။

HATE CATASTROPHE  Where stories live. Discover now