Let's say goodbye to Xiao Master & Wang Yibo

4K 346 54
                                    

ZawGyi

fic ပြီးပြီးချင်းကတည်းက လာနှုတ်ဆက်မလို့ပေမယ့် အပျင်းထူနေမိတာနဲ့ နည်းနည်းတောင်ကြာသွားတယ်။

ပထမဆုံး​အနေနဲ့ Hate Catastrophe လေးကို Huli ကိုယုံကြည်ပြီးအစကနေအဆုံးထိလိုက်ပါပေးခဲ့တဲ့တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်​လို့​ပြောပါရ​စေ။

HC က အပိုင်း 20 ပဲပါတယ်ဆိုပေမယ့် တကယ်တမ်းကျ တစ်ပိုင်းစီကို Huli ရေးနေကျ လေးငါးပိုင်းစာလောက်ရေးထားတာမို့ fic အရှည်တစ်ပုဒ်ပါပဲ။ ရေးနေတုန်း ငါဘာလို့ဒါကိုရေးခဲ့မိလဲမသိဘူး ရပ်လိုက်ရင်ကောင်းမလားဆိုပြီး ဝေခွဲမရဖြစ်ခဲ့ချိန်က အတူ Ongoing လိုက်ခဲ့ပေးသူတွေရဲ့ အားပေးမှုကြောင့်သာဆက်ရေးဖြစ်ခဲ့တာပါ။

Huli ကိုယ်တိုင်လည်းနောက်ပိုင်းဇာတ်ဝင်ခန်းတွေရေးရချိန်မှာ အရမ်းကိုခက်ခဲခဲ့ရတဲ့ fic တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဘယ်​လောက်ထိလဲဆိုရင် ဒါမျိုးနောက်ထပ်ပုံစံတူမရေးနိုင်လောက်အောင်ပါပဲ။ Abuse နဲ့ Tragedy တွေပါတဲ့အခန်းတွေဆို တစ်ခါရေးရင်လေးငါးရက်အထိကြာခဲ့တယ်။ ပုံမှန်ဆို Huli အကျင့်က fic တစ်ပိုင်းကိုတစ်ထိုင်တည်းရေးတာ။

နောက်ပြီးစာဖတ်သူ​တွေအ​နေနဲ့ စိတ်ဆိုးဒေါသထွက်စရာဇာတ်ဝင်ခန်း​တွေပါ​နေသည့်တိုင် Huli တောင်းဆိုထားတဲ့အတိုင်း ရိုင်းစိုင်းသောမန့်များမရေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ရပါတယ်။ နာကျင်အောင်လုပ်ခဲ့မိရင်လည်း တောင်းပန်ခဲ့ပါရစေ။ ဒီဇာတ်လမ်းမျိုး အရမ်းဖန်တီးချင်လို့သာ ရေးခဲ့မိတာ ဇာတ်လမ်းကကြည်နူးစရာကောင်းမနေတာ Huli ကိုယ်တိုင်လည်းသိလို့ပါ။

နောက်တစ်ခုပြောချင်တာက HC မှာ Extra လုံးဝမရှိပါဘူး။ ဇာတ်သိမ်းကို ဒီအတိုင်းလေးပဲက အကောင်းဆုံးလို့သတ်မှတ်ထားလို့ပါ။ ဒါ​လေးကိုစမရေးခင်ကစဉ်းစားခဲ့တာက​တော့ ဒီ fic က season 2 ခုပါ။ Hate Catastrophe ဆိုတဲ့ လက်ရှိ fic ရယ် Love Catastrophe (You can see this fic cover) ဆိုတဲ့ season 2 (Daddy & Baby type) ရယ်ပေါ့။ ဒါပေမယ့်ဝမ်းနည်စရာက အကြောင်းကိစ္စတစ်ခုကြောင့် Season 2 ကဆက်မရေးဖြစ်တော့​ပါဘူး။ အဲဒီတော့ fic က ဒီမှာတင်အဆုံးသတ်သွားပါပြီ။

ဒီ fic ထဲမှာ villain ဇာတ်ကောင်နဲ့ပတ်သတ်ပြီး သေချာလက်စားမချေခဲ့လို့ အားမရတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် Huli အနေနဲ့ ဇာတ်လမ်းကို Yizhan character နှစ်ယောက်အပေါ်မှာသာဦးစားပေးရေးဖို့လုပ်ခဲ့တာရယ် နောက်တစ်ခုက မကောင်းတဲ့သူက သူပြုခဲ့တဲ့အကျိုးကိုဘယ်လိုမဆိုပြန်ခံရမှာကိုပြသချင်တာကြောင့်ရယ် villain ဇာတ်ကောင်ကသူ့ဘာသာအဆုံးသတ်သွားတဲ့ပုံပဲပြခဲ့ခြင်းဖြစ်ပါတယ်။ ဝဋ်ဆိုတာ​နောင်ဘဝမကူးဘဲ ကိုယ်တိုင်လက်စားချေခြင်းက သံသရာရှည်လေ့ရှိတာမို့ ခွင့်လွှတ်ခြင်းသည်သာအောင်နိုင်ခြင်းကိုလည်းပြချင်တာကြောင့် အဲဒီအပိုင်းနဲ့ပတ်သတ်ပြီး နားလည်ပေးစေချင်ပါတယ်။
(ဇာတ်သိမ်းမှာကောက အားလုံးကိုခွင့်လွှတ်ပေးခဲ့လို့ သူ့အနေနဲ့မကောင်းတာတွေလုပ်ခဲ့ဖူးတာတောင် လူအနေနဲ့ပြန်မွေးဖွားဖို့အခွင့်အရေးပြန်ရခဲ့တဲ့သဘောပါ။ မတရားသေဆုံးခဲ့ရတာ​ကြောင့်လည်းပါတာပေါ့)

HATE CATASTROPHE  Where stories live. Discover now