Chapter Fifteen

2.6K 357 21
                                    

ZawGyi (ချစ်ခြင်းများဖြင့်ဖွဲ့သီအပ်သော)

ရန်အိမ်တော်မှာကျင်းပတဲ့ပါတီပွဲအပြီး တစ်ပတ်လောက်ကြာသွားတဲ့အခါမှာ​တော့ ကိုယ့်အလုပ်နဲ့ကိုယ်မအားလပ်တဲ့ ရှောင်းကျန့်က အဲဒီနေ့ကကိစ္စကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားရတယ်။ အုပ်ချုပ်သူအပြောင်းအလဲဖြစ်သွားတဲ့အပေါ်မှာ သူ့လုပ်ပိုင်ခွင့်​တွေ​ပြောင်းလဲသွားတာမျိုးလည်းမရှိခဲ့ဘူး။

ဒီနေ့သူ့ရဲ့စပျစ်သီးစိုက်ခင်းတွေထဲကို သွားစစ်ဆေးပြီး ညနေဘက်မှ အိမ်တော်ကိုပြန်ရောက်လာခဲ့သည်။ စပျစ်သီးစိုက်ခင်းက သူ့ရဲ့ဝိုင်ထုတ်လုပ်တဲ့လုပ်ငန်းအတွက် အရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ နောက်ဆိုပြည်တွင်း​ဈေးကွက်တင်မကပဲ နိုင်ငံခြားတင်ပို့နိုင်ဖို့အထိပါ ရှောင်းကျန့်ကကြိုးစား​နေတာ။

"ပြန်ရောက်ပါပြီလား သခင်ကြီး"

"အင်း"

"ချိုး​ရေအဆင်သင့်ပြင်​ပေးထားပါတယ်"

"ရေချိုးပြီးတာနဲ့ ညစာစားမယ်"

"ပြင်ဆင်ထားလိုက်ပါ့မယ်"

ပြောပြီးတာနဲ့အပေါ်ထပ်က သူ့အခန်းဆီကိုရှောင်းကျန့်တက်လာခဲ့လိုက်သည်။ ရှောင်းကျန့်အခန်းက လှေကားရဲ့ဘယ်ဘက်ကိုချိုးပြီးသွားရင် ထောင့်ဆုံးကအခန်းဖြစ်တယ်။

သူ့အခန်းက ပင်မအိပ်ခန်းမဟုတ်ဘဲ သူငယ်ငယ်လေးကတည်းကနေခဲ့တာဖြစ်ပြီး အခန်းပြတင်းပေါက်ကကြည့်ရင် ဥယျာဉ်ထဲကိုလှမ်းမြင်​နေရတာမို့ အစွဲအလန်းကြီးတဲ့ရှောင်းကျန့်က ဒီအခန်းမှာပဲဆက်​နေဖြစ်တာ။ ပုံမှန်ဆိုအိမ်တော်သခင်ဖြစ်သွားရင် အရင်ကပါးနဲ့မားနေခဲ့တဲ့ အခန်းထဲကိုပြောင်းရမှာ။

ညစာစားပြီးတဲ့အချိန် လုပ်​နေကျအတိုင်းပဲခြံထဲမှာလမ်းခဏ​လျှောက်ပြီး​နောက် ထိုင်နေကျလှုပ်ကုလားထိုင်မှာဝင်ထိုင်ရင်း ဆေးပေါ့လိပ်ကိုဖွာနေလိုက်သည်။

ဆေးတံတို့ စီးကရက်တို့မကြိုက်တဲ့ရှောင်းကျန့်က ဆေးပေါ့လိပ်ပဲသောက်လေ့ရှိတယ်။

"မနက်ဖြန်ပွဲတစ်ခုတက်ဖို့အတွက် ဖိတ်စာတစ်စောင်ရောက်နေပါတယ် သခင်ကြီး"

HATE CATASTROPHE  Where stories live. Discover now