Chapter Twenty (Epilogue)

5.6K 585 98
                                    

ZawGyi (ပြန်လည်ဆုံစည်းကြရာဝယ်)

"တောင်းပန်ပါတယ်"

"ကျွန်တော် တကယ်တောင်းပန်ပါတယ် ကိုကို"

"ကိုကို!!!"

ညဉ်းသံလေးဖြင့်ပြောနေရာမှ တဖြည်းဖြည်းကျယ်​လောင်လာ​သောအသံနှင့်အတူ မျက်ရည်တွေဖြင့် မျက်လုံးများပွင့်လာသည့် ဝမ်ရိပေါ်မှာ လဲလျောင်းနေရာမှ ငုတ်တုတ်ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်ကာ တစ်စုံတစ်ယောက်ကိုရှာနေ​တော့သည်။

"ဝမ်လေး နိုးပြီလား?"

"ကိုကို...အင့်...ကိုကို.."

"အကိုရေ ဝမ်လေး သတိရလာပြီ!!"

"ဘာလို့ငိုနေတာလဲ ဝမ်လေး ဘယ်နေရာတွေနာလို့လဲ တီလေးကိုပြော"

သတိရရခြင်း သည်းထန်စွာငိုကြွေးနေသော ဝမ်ရိ​ပေါ်​ကြောင့် အနားသို့ရောက်လာသည့် လျိုရင်ယွဲ့မှာ ဘာလုပ်ရမှန်းမသိစွာ ပြာပြာသလဲဖြစ်နေသည်။

"ကို..ကို..အင့်..ကို.ကို့က...ကျွန်..ကျွန်တော့်ကြောင့်..အင့်..ကျွန်တော့်ကြောင့်..."

ဝမ်ရိပေါ်တစ်ယောက်ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မှတ်မိသွားပြီဖြစ်တာမို့ ကိုကို့အတွက်မခံစားနိုင်ဖြစ်နေရတယ်။ ကိုကိုကတကယ်သူ့ကြောင့်သေခဲ့ရတာပဲ။ သူမကောင်းလို့...မပြတ်သားခဲ့လို့ ကိုကိုက ရက်ရက်စက်စက်အသတ်ခံလိုက်ရတာပဲ။

ဘယ်လောက်တောင်ကြောက်လန့်နေခဲ့ရှာမလဲ ကိုကိုကတကယ်ပဲသူ့ကို နာကျည်းထိုက်ပါတယ်။ ချစ်ရသူကိုကာကွယ်ပေးဖို့မပြောနဲ့ ကိုယ်တိုင်ဒုက္ခရောက်စေခဲ့တဲ့ သူကတကယ့်ကိုသေသင့်တဲ့လူတစ်ယောက်ပဲ။

"ဘာဖြစ်လို့ အဲဒီလောက်ငိုနေရတာလဲ ဝမ်လေးရယ်...အကိုရေ ဆရာဝန်ကိုခေါ်ပါဦး မြန်မြန်!!"

"အင်း ကိုယ်သွားခေါ်လိုက်မယ်"

ဘာစကားမှမပြောဘဲ ငိုပဲငိုနေသော ဝမ်ရိပေါ်ကြောင့် လျိုရင်ယွဲ့မှာ သူမ၏ယောက်ျားအား ပြောလိုက်သည်။

မနေ့ညကအဖြစ်အပျက်တွေကိုပြန်တောင်မပြောချင်​တော့ပါဘူး။ အဲဒီသခင်ကြီးဆိုတဲ့သရဲလက်ထဲကနေ ဝမ်လေးကိုမနည်းပြန်ခေါ်လာရတာ။ တစ်ကိုယ်လုံးအနှံ့ဒဏ်ရာတွေရထား​တဲ့ ဝမ်လေးကို​​ အတွင်း​ရေးမှူးမင်ကပဲဆေးရုံကိုလိုက်ပို့​ပေးခဲ့တယ်။

HATE CATASTROPHE  Onde as histórias ganham vida. Descobre agora