အခန်း(၂၀၁) ဓားခုနစ်ချောင်းဂိုဏ်း၏ မျက်နှာအစစ်ကို ခွာချခြင်း

958 19 0
                                    

ယင်းက အလွန်တရာ ရှားပါသည့် အခွင့်ရေးတစ်ခုပင် ဖြစ်သည်။ အဆင့်အတန်း မြင့်မားသည့် ဂိုဏ်းကြီးများက ထွက်လာစဉ်က အတူတူ ဖြစ်သည်။
အထူးသဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အဖွဲ့များက ဤနေရာတွင် အတူတကွ ရှိမနေခဲ့ပေ။ ဤနေရာသည် ချယ်ရီပန်းပွင့်ဂိုဏ်း၊ မီးတောင်ကြားဂိုဏ်း နှင့် အေးစိမ့်နေခဲဂိုဏ်းတို့ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို လုယူ သတ်ဖြတ်ရန် အကောင်းဆုံးနေရာ ဖြစ်ပေသည်။
“ မင်းတို့ ဓားခုနှစ်ချောင်းဂိုဏ်းက ကောင်တွေက အတော်ရွံစရာကောင်းတဲ့ ကောင်တွေပဲကွ “ မီးတောင်ကြားဂိုဏ်းက အကြီးကဲနှစ်ယောက်သည် ကျန့်ကျင်းတို့ကို အတော်လေး ရွံရှာသွားတော့သည်။
ထိုလူများက အမှန်တကယ် အရှက်မရှိသည့် လူများ ဖြစ်ပေသည်။ သူတို့က တခြားသူများ၏ ကံဆိုးမှုအပေါ် အဘယ်ကြောင့် အခွင့်ရေး ယူနေရသနည်း။
“ မင်းဘာပဲပြောပြော၊ ငါတို့က သေတော့မယ့် လူတွေရဲ့စကားကို ဂရုစိုက်မှာ မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့သေသွားတာကို တစ်ယောက်ယောက် တွေ့သွားမယ်ဆိုရင်တောင် ဒီနေရာက မှော်သားရဲတွေရဲ့ လက်ချက်နဲ့ သေသွားတာလို့ပဲ အားလုံးက ထင်ကြမှာ “ ဓားခုနှစ်ချောင်းဂိုဏ်းက အခြားသူများ ရှာတွေ့သွားမည်ကို စိတ်ပူခြင်း အလျှင်းမရှိပေ။
အလွန်တရာ အန္တရာယ်ရှိသည့် ဤနေရာ၏အကူညီဖြင့် သူတို့က အခြားဂိုဏ်းကြီးသုံးဂိုဏ်းက သံသယ၀င်မည်ကို ထည့်တွက်စရာ မလိုပေ။
အကွားဝေးတစ်ခုကနေ ရဲ့ချန် နှင့် ချင်းချမ်တို့သည် မီးတောင်ကြားဂိုဏ်း နှင့် ဓားခုနှစ်ချောင်းဂိုဏ်းတို့၏ စကားများကို နားထောင်နေ၏။
ကြည့်ရသည်မှာ ဓားခုနှစ်ချောင်းဂိုဏ်းက အခြားအဆင့်မြင့် ဂိုဏ်းကြီးသုံးဂိုဏ်းကို သတ်ဖြတ်ရန် ကြံစည်နေပုံ ရ၏။
သူတို့၏အစီစဉ်များကိုလည်း အတော်လေး ကောင်းမွန်စွာ ပြင်ဆင်ထားသည်။ သူတို့က ဤနေရာတွင် အလွန်တရာ အန္တရာယ်ရှိပြီး ထောင်ချောက်များ ပြည့်နှက်နေသည့် နေရာတစ်ခု ရှိမည်ဟု ကြိုတင်ခန့်မှန်းထားပုံ ရ၏။
ဓားခုနှစ်ချောင်းဂိုဏ်းက ဤအကြောင်းများကို မီးတောင်ကြားဂိုဏ်း၊ ချယ်ရီပန်းပွင့်ဂိုဏ်း နှင့် အေးစိမ့်ရေခဲဂိုဏ်းတို့ကို သတိမပေးခဲ့ပေ။
ဂိုဏ်းကြီးသုံးဂိုဏ်းသာ ထိုအကြောင်းကို သိသွားလျှင် ဓားခုနှစ်ချောင်းဂိုဏ်းကို အမျက်ရှမည်မှာ သေချာသလောက် ရှိ၏။
“ ဓားခုနှစ်ချောင်းဂိုဏ်းက လူတွေက အတော် ရွံစရာကောင်းတဲ့ လူတွေပဲ၊ ဒီလိုအခြေနေမျိုးမှာတောင် သူတို့က တခြားဂိုဏ်းကြီးသုံးဂိုဏ်းကို ဒုက္ခပေးချင်နေသေးတယ် “ ထိုစကားကို ကြားပြီးနောက် ချင်းချမ်က အတော်လေး ဒေါသထွက်သွားလေသည်။
ချင်းချမ်သည် သူမတို့ဂိုဏ်းက အကြီးကဲငါးယောက်၏ အခြေနေကိုလည်း စိုးရိမ်သွား၏။ သူတို့အတွက် ဓားခုနှစ်ချောင်းဂိုဏ်း အုပ်စုနှင့် မဆုံတွေ့ရန်သာ မျှော်လင့်မိရသည်။
အဆင့်မြင့် အကြီးကဲငါးယောက်သာ သေဆုံးသွားခဲ့လျှင် ချယ်ရီပန်းပွင့်ဂိုဏ်းအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာမည် မဟုတ်ပါလား။ ချယ်ရီပန်းပွင့်ဂိုဏ်း၏ အင်အားကလည်း ဂိုဏ်း၏အသက်သွေးကြောဖြစ်သည့် မဏ္ဍိုင်ငါးခု ဆုံးရှုံးသွားသောကြောင့် အကြီးအကျယ် ထိုးကျသွားမည်မှာ မုချမလွဲပင် ဖြစ်သည်။
“ ရဲ့ချန်၊ ငါတို့ ဘာလုပ်သင့်လဲ၊ သူတို့ကို ကူညီရမလား ဒါမှမဟုတ် သူတို့ သေသွားတာကိုပဲ စောင့်ကြည့်နေရမလား “ ချင်းချမ်က မေးလိုက်သည်။ ချင်းချမ်ကိုယ်တိုင်လည်း ဓားခုနှစ်ချောင်းဂိုဏ်းက အကြီးကဲလေးယောက်နှင့် တိုက်ခိုက်ရန် သတ္တိမရှိပေ။
အင်အားအဆင့်အတန်းအရ ချင်းချမ်ကိုယ်တိုင်လည်း ထိုအကြီးကဲလေးဦးအတွက် ပြိုင်ဘက်တစ်ယောက် ဖြစ်မနေခဲ့ပေ။
“ သူတို့ဆီ သွားရအောင် “ အမှန်စင်စစ် ရဲ့ချန်က ဤကိစ္စတွင် ပါ၀င်ရန် စိတ်မ၀င်စားပေ။
သို့သော် ဓားခုနှစ်ချောင်းဂိုဏ်းသည် ယခင်က သူနှင့် ကတောက်ကဆ ဖြစ်ဖူးသောကြောင့် ရဲ့ချန်အနေနှင့် ထိုလူများအား မောင်းထုတ်ပစ်မည့် ကိစ္စကို ကန့်ကွက်စရာ မရှိပေ။
ကျင်းဝူ နှင့် ရှောင်ခင်တို့ ထိုကဲ့သို့ ပြုမူနေသည်မှာ အံ့သြစရာ မရှိတော့ပေ။ ကြည့်ရသည်မှာ သူတို့၏ဆရာက ဆိုးသွမ်းပြီး ကောက်ကျစ်သည့် လူတစ်ယောက်ဖြစ်ပုံ ပေါ်၏။
ရဲ့ချန် နှင့် ချင်းချမ်တို့က ဓားခုနှစ်ချောင်းဂိုဏ်း နှင့် မီးတောင်ကြားဂိုဏ်းက လူများရှေ့မှောက်တွင် ပေါ်လာကြသည်။
ရဲ့ချန် နှင့် ချင်းချမ်တို့ ပေါ်လာသောအခါ ဓားခုနှစ်ချောင်းဂိုဏ်းက အကြီးကဲများနှင့် ကျန့်ကျင်းတို့က ချက်ချင်း အသင့်အနေထား ဖြစ်ကုန်ကြ၏။
“ ရှင်တို့တွေ ဒီမှာ ဘာလုပ်နေကြတာလဲ၊ ဒီနေရာမှာ ဘယ်လိုသားရဲတွေ ရောက်လာလို့လဲ “ ချင်းချမ်က ဤနေရာတွင် မည်သည့်အရာများ ဖြစ်နေမှန်း ချက်ချင်း မေးမြန်းလိုက်သည်။ သူမ၏အမူအရာကလည်း ဘာမျှမသိသလို ပုံစံမျိုးဖြင့် အမှန်တကယ် မှင်သေလှ၏။
“ ဂိုဏ်းခေါင်းဆောင်ချင်း၊ တကယ်တော့ ကျုပ်တို့ဓားခုနှစ်ချောင်းဂိုဏ်းက အထဲကို ၀င်ဖို့ လမ်းတစ်ခုရှာနေကြတာပါ၊ ကျုပ်တို့ ခရီးလမ်းတစ်၀က်လောက် ရောက်တော့ မီးတောင်ကြားဂိုဏ်းက အကြီးကဲလေးယောက်နဲ့ ထိပ်တိုက်တွေ့ဆုံပြီး မပြောမဆိုနဲ့ ကျုပ်တို့ကို ၀င်တိုက်တော့တာပဲ၊ ဒါကြောင့် ကျုပ်တို့ကလည်း သူတို့ရဲ့တိုက်ခိုက်မှုကို ပြန်ခုခံပြီး နောက်ဆုံးတော့ သူတို့ မလိုချင်တဲ့ သေလမ်းပဲ လားရတော့တာပဲ “ ကျန့်ကျင်းက အလွန်တရာ ဥာဏ်းပြေးသောလူတစ်ယောက်ပင် ဖြစ်သည်။ သူက ကြမ်းပိုးကိုပင် လိပ်ဖြစ်အောင် ပြောနိုင်သည် မဟုတ်ပါလား။
“ ကျန့်ကျင်း၊ မင်းက အတော်ရွံစရာကောင်းတဲ့ ကောင်တဲ့ကွ ဟမ်၊ ဘာဖြစ်လို့ အမှန်တရားကို ဖုံးကွယ်ချင်နေရတာလဲ၊ ငါတို့ကို အလစ်ဖမ်းတိုက်ခိုက်ပြီး လုပ်ကြံသတ်ဖြတ်သွားတဲ့လူက မင်းပဲ မဟုတ်လား “ မီးတောင်ကြားဂိုဏ်းက အကြီးကဲနှစ်ယောက်က ကျန့်ကျင်း၏အလိမ်အညာ စကားလုံးများကို မည်သို့မျှ လက်မခံနိုင်အောင် ဖြစ်သွားသည်။
“ ခေါင်းဆောင်ချင်း၊ အဲဒီဘိုးတော်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်မနေပါနဲ့၊ ကျုပ်တို့ဂိုဏ်းက ခင်ဗျားတို့ဂိုဏ်းနဲ့ အတော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတယ်မို့လား၊ ဆေးလုံးလေးတစ်လုံး ၀ယ်ဖို့တောင် စျေးကြီးကြီး တောင်းနေတဲ့ မီးတောင်ကြားဂိုဏ်းက အကြီးကဲတွေရဲ့စကားကို ခင်ဗျား ယုံမလို့လား “ ကျန့်ကျင်းက ပြောလိုက်သည်။
အကယ်၍ ချင်းချမ်သာ အစောပိုင်းက ထိုလူများ၏စကားကို မကြားခဲ့လျှင် ကျန့်ကျင်းပြောသည့် စကားများက အမှန်ဖြစ်သည်ဟု အမှန်တကယ် ယုံကြည်သွားနိုင်သည်။
ကျန့်ကျင်း၏စကားကို ကြားလိုက်ရသောအခါ ရဲ့ချန် အနည်းငယ် ပြုံးမိသွားသည်။ ထိုလူက အလွန်တရာ အန္တရာယ်ရှိသည့် လူတစ်ယောက်ပင် ဖြစ်၏။ သူက လူတိုင်း၏ရှေ့တွင် သူတို့၏ အလွန်တရာ ဆိုးသွမ်းပြီး ယုတ်မာသည့် တည်ရှိမှုကို နောက်ကွယ်တွင် ဖုံးကွယ်ထားပြီး ကောင်းကောင်း လှည့်စားနိုင်သည် မဟုတ်ပါလား။
ကျန့်ကျင်းလို လူမျိုးက အလွန်တရာ ကြောက်စရာကောင်းသည့် ရန်သူမျိုးဖြစ်သည်။ သူလိုလူမျိုးသည် မျက်စိဖြင့် မြင်နိုင်သည့် အားကောင်းသော ရန်သူထက်ပင် ပို၍ အန္တရာယ်ရှိပေသည်။ ဤကဲ့သို့သော ရန်သူမျိုးက မည်သည့်အချိန်တွင်မဆို နောက်ကွယ်ကနေ ဓားဖြင့်ထိုးရန် ၀န်မလေးသည့် လူမျိုးဖြစ်ပေသည်။
ချင်းချမ်က ကျန့်ကျင်းကို ခေါင်းညိတ်ပြလိုက်သည်။
ချင်းချမ်က သူ့ကို ယုံကြည်သွားသည်ကို ကြည့်ရင်း ကျန့်ကျင်းက သူမဆီသို့ လျှောက်လာတော့သည်။
သူ၏နောက်ကျောတွင်လည်း ချင်းချမ်ကို ထိုးစိုက်ရန် ဓားတစ်ချောင်းကို ဝှက်ယူလာခဲ့သည်။
“ သေစမ်း … “ ချင်းချမ်ဆီသို့ ရောက်ရန် ခြေတစ်လှမ်းအလိုတွင် ကျန့်ကျင်းက ချင်းချမ်၏နှလုံးနေရာကို ဓားဖြင့် ထိုးချလိုက်တော့သည်။
ချင်းချမ်က သူမကိုယ်သူမ အသင့်ပြင့်ဆင်ထားပြီးပြီ ဖြစ်သည်။ ကျန့်ကျင်းက သူမကို လျှက်တပြက် တိုက်ခိုက်မည်ဟု သူမ ကြိုတင် မျှော်လင့်ထားပြီးပြီး မဟုတ်ပါလား။ ချင်းချမ်က လည်စည်းပဝါကို အသုံးပြုပြီး ကျန့်ကျင်း၏တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။
“ ဘမ်း … “ ချင်းချမ်၏ပဝါ နှင့် ကန့်ကျင်း၏ဓားတို့က ထိပ်တိုက် တွေ့ဆုံမိသွားကြသည်။
ချင်းချမ်အတွက် လည်စည်းပဝါကို ၀တ်ဆင်ထားသရွေ့ ယင်းက သူမ၏လက်နက် ဖြစ်ပေသည်။ ရဲ့ချန်သည် ယင်းက အဆင့်နှစ် အသုံးဆောင်ပစ္စည်းတစ်ခု ဖြစ်ကြောင်း သတိထားမိသွားသည်။
ကျန့်ကျင်း၏ တိုက်ခိုက်မှုက အရာမထင်ခဲ့ပေ။ ချင်းချမ်၏ပဝါကလည်း သူ၏ရင်ဘတ်ဆီသို့ တိုး၀င်လာပြီ ဖြစ်သည်။
“ ဘမ်း … “ ချင်းချမ်၏ပဝါ ရိုက်ချက်တစ်ချက်ကို ခံလိုက်ရပြီးနောက် ကျန့်ကျင်းတစ်ယောက် နောက်သို့ မီတာအတော်များ ဆုတ်ခွာလိုက်ရသည်။
“ ခွေးမ၊ နင်က ဘာဖြစ်လို့ ငါ့ဓားချက် မိပြီး မသေသွားရတာလဲ “ ကျန့်ကျင်းသည် ချင်းချမ်၏ရိုက်ချက်ကို ခံလိုက်ရသောကြောင့် ဆဲဆိုနေတော့သည်။
“ ဒီတော့ ရှင်တို့က ကျွန်မတို့အားလုံးရှေ့မှာတော့ ကြင်နာမှုကို ပြသခဲ့ပြီး နောက်ကွယ်မှာတော့ ကျွန်မတို့ဂိုဏ်းတွေကို ဖျက်ဆီးဖို့ ကြံစည်နေတယ်ပေါ့ ဟုတ်လား “ ချင်းချမ်သည် ဓားခုနှစ်ချောင်းဂိုဏ်းက လူအားလုံးကို ပြောလိုက်သည်။
ကျန့်ကျင်းက ကျောက်ကြမ်းပြင်ပေါ်မှ ထရပ်လိုက်သည်။ “ ဟီဟီဟီ … အဲဒါက အမှန်ပဲ၊ ငါတို့ဓားခုနှစ်ချောင်းဂိုဏ်းက အားအကောင်းဆုံးဂိုဏ်း ဖြစ်ချင်ခဲ့တယ်၊ ဒါကြောင့် မင်းတို့ဂိုဏ်းသုံးဂိုဏ်းကို ပထုတ်ဖို့ စီစဉ်ခဲ့တာပဲ၊ ငါတို့ အဲလို လုပ်နိုင်မယ်ဆိုရင် ငါတို့က ဂိုဏ်းတွေအားလုံထဲမှာ အာဏာအရှိဆုံး အဆင့်အတန်းကို ရလိမ့်မယ်၊ ဒါဆို ငါတို့အောက်က ဂိုဏ်းတွေအားလုံးက ငါတို့ကို အခွန်ဘဏ္ဍာတွေတောင် ဆက်သကြလိမ့်မယ် “ ကျန့်ကျင်းက သဘောကျစွာ ရယ်မောနေ၏။ သူက ဓားခုနှစ်ချောင်းဂိုဏ်းက အားအကောင်းဆုံးဂိုဏ်းဖြစ်လာရန် ပြင်ဆင်ထားသည့် အစီအစဉ်များကို စိတ်လိုလက်ရ ရှင်းပြနေ၏။
“ ရှင် ဘာစကားတွေ လျှောက်ပြောနေတာလဲ၊ အခုလည်း ရှင်တို့ဂိုဏ်းက အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်းပဲ မဟုတ်ဘူးလား၊ အဲဒါတောင် ရှင်တို့က ဘာဖြစ်လို့ မရောင့်ရဲနိုင် ဖြစ်နေရတာလဲ “ ချင်းချမ်တစ်ယောက် ဘ၀င်မကျ ဖြစ်သွားလေသည်။
ဓားခုနှစ်ချောင်းဂိုဏ်းက ဂိုဏ်းကြီးလေးဂိုဏ်းထဲတွင် အင်အားအကြီးဆုံးဂိုဏ်းဖြစ်ပြီး ပထမနေရာတွင် ရပ်တည်နေသည်က ရှင်းလင်းနေပေသည်။ ထိုအဆင့်တန်းမျိုးဖြင့်ပင် သူတို့က အဘယ်ကြောင့် ကျေနပ်နိုင်ခြင်း မရှိရသနည်း။
“ ငါတို့ဂိုဏ်းက အင်အားအကြီးဆုံးဂိုဏ်း ဖြစ်နေတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီအချိန်တွေမှာ မင်းတို့ဂိုဏ်းတွေဆီ သစ်တောတွေကို ခွဲပေးနေရသေးတယ်လေ၊ ကျားနှစ်ကောင်က တောင်တစ်တောင်တည်းမှာ အသက်မရှင်နိုင်ဘူးလို့ ရှေးလူကြီးတွေ ပြောခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုတော့ တစ်နေရာတည်းမှာ ကျားလေးကောင် စုနေတယ်၊ အဲဒါကြောင့် ငါတို့က တခြားကျားသုံးကောင်ကို သတ်ပစ်ချင်ခဲ့တာပေါ့၊ ဒါဆို ငါတို့က အရင်းမြစ်တွေ အားလုံးကို လက်ဝါးကြီးအုပ်နိုင်ပြီလေ … ဟားဟားဟား “ စင်စစ် ကျန့်ကျင်းက ချင်းချမ်ကို ပညာပြနေခြင်းပင် ဖြစ်သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now