အခန်း (၂၀၅) ထိတ်လန့်မှုတို့ ကြီးစိုးနေသည့် မူလန်ယင်း

180 8 0
                                    

“ ဒါဆို သူက ဘာဖြစ်နေတာလဲ၊ ဒဏ်ရာတစ်ခုခု ရထားတာလား ဒါမှမဟုတ် အခြားတစ်ခုခု ဖြစ်နေတာလား “ ချင်းချမ်က မူလန်ယင်း၏အခြေအနေနှင့် ပက်သတ်ပြီး မေးလိုက်၏။
“ သူက အိပ်မက်တစ်ခုကို ရှူရှိုက်နေသလို ဖြစ်နေတာ၊ အဲဒါကြောင့် အခု သူက အိပ်မက်ကမ္ဘာထဲမှာ ပိတ်မိနေပြီ “ မူလန်ယင်း၏အခြေနေကို စစ်ဆေးပြီးသည့် ရဲ့ချန်သည် သူမက အိပ်မက်စွမ်းအင်များကို ရှူသွင်းနေကြောင်း ကောက်ချက်ချလိုက်သည်။
ဤကဲ့သို့ အလွန်တရာ သိမ်မွေ့သည့် အိပ်စက်ခြင်းမျိုးကို ကောင်းကင်နယ်ပယ် အထွတ်ထိပ်အဆင့် ကျင့်ကြံသူများသာ လုပ်နိုင်သော အရာတစ်ခု ဖြစ်ပေသည်။
“ အဲဒါဆိုရင် နင်က ဘာဖြစ်လို့ သူ့ကို မနှိုးလိုက်တာလဲ “ ချင်းချမ်သည် ရဲ့ချန်ကို မူလန်ယင်းအား အိပ်စက်ရာမှ နှိုးရန် ပြောလိုက်သည်။
“ ဒီကိစ္စက ခင်ဗျားထင်သလို ပေါ့သေးသေးကိစ္စ မဟုတ်ဘူး၊ ဒီမိန်းကလေး နိုးလာအောင် ကျုပ်တို့က သူ့ကို လှုံ့ဆော်ပေးရမယ်၊ အမြန်ဆုံး နည်းလမ်းက သူ့ကို ကြောက်စရာကောင်းတဲ့ နာကျင်မှုတွေ ပေးလိမ့်မယ် “ ရဲ့ချန်က မူလန်ယင်း နိုးထလာရန် နည်းလမ်းတစ်ခုကို ပြောပြလိုက်သည်။
“ အဲဒါက နည်းလမ်းကောင်းတစ်ခုလို့တော့ ငါမထင်ဘူး၊ သူနိုးလာလို့ရှိရင် ငါတို့က သူ့ကို နာကျင်အောင် လုပ်တယ်ဆိုတာ သိသွားလိမ့်မယ်၊ အဲအခါကျရင် သူက စိတ်ဆိုးသွားမှာ သေချာတယ် “ ဤကဲ့သို့ အခြေနေမျိုးတွင် ချင်းချမ်က အခြားဂိုဏ်းတစ်ဂိုဏ်းဖြင့် ကတောက်ကဆ ဖြစ်ရန် ဆန္ဒမရှိပေ။
“ ကောင်းပြီးလေ၊ ခင်ဗျားပြောတာလည်း မှန်ကောင်းမှန်လိမ့်မယ်၊ အိပ်ပျော်နေတဲ့ မိန်းကလေးတစ်ယောက်ကို ရိုက်နှက်ရတာက ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ဘူး “ ဤတစ်ကြိမ်တွင် ရဲ့ချန်က ချင်းချမ်၏အကြံကို သဘောတူလိုက်သည်။
“ ငါတို့ တခြားနည်းလမ်းတစ်ခုခု ကြိုးစားကြည့်ကြတာပေါ့ “ ရဲ့ချန်က သိုလှောင်ခန်းမထဲမှ မျက်နှာဖုံးတစ်ခုကို ထုတ်ယူပြီး မျက်နှာတွင် ၀တ်ဆင်လိုက်သည်။
ချင်းချမ်သည် ရဲ့ချန်က အဘယ်ကြောင့် မျက်နှာဖုံးတစ်ခု ထုတ်၀တ်လိုက်မှန်း နားမလည်သောကြောင့် အနည်းငယ် ဇဝေဇ၀ါ ဖြစ်သွားလေသည်။
“ နင် အဲဒီမျက်နှာဖုံးကြီး ၀တ်ပြီးတော့ ဘာလုပ်မလို့လဲ “ ချင်းချမ်သည် ရဲ့ချန်က မျက်နှာဖုံး၀တ်ပြီး မည်သည့်အရာများ လုပ်မည်နည်းဟု စဉ်းစားမရ ဖြစ်သွားသည်။
“ ကျုပ် မူလန်ယင်းကို နှိုးမလို့လေဗျာ၊ ဒါပေမဲ့ ကျုပ်ဘယ်သူလဲဆိုတာတော့ သူ့ကို မသိစေချင်ဘူး “ ရဲ့ချန်သာ ဤသို့ မပြင်ဆင်ထားလျှင် မူလန်ယင်း နိုးလာသောအခါ သူ့ကို ချက်ချင်း တိုက်ခိုက်မည်မှာ သေချာ၏။
“ ဟုတ်လို့လား၊ နင် ဒီမိန်းကလေးနဲ့ ရန်စရှိနေလို့မလား “ မည်သည့် အကြောင်းပြချက်မျှ မရှိဘဲ ရဲ့ချန်က ဤသို့ လုပ်ဆောင်ရန် အကြောင်းမရှိပေ။
“ ဟုတ်ပါတယ်၊ ကျုပ်တို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲနေတဲ့ ဟာလေးတွေ နည်းနည်းလောက် ရှိနေလို့ပါ၊ အဲဒါကြောင့် သူနိုးလာတဲ့အခါကျရင် ကျုပ်ရဲ့အကြောင်းတွေကို ဖုံးကွယ်ထားပေးဖို့ မျှော်လင့်ပါတယ် “ ရဲ့ချန်က သူ၏တည်ရှိမှု အစစ်မှန်ကို ဖုံးကွယ်ပေးထားရန် ပြောလိုက်သည်။
“ ကောင်းပြီလေ၊ ငါလုပ်ပေးပါ့မယ် “ ချင်းချမ်က ရဲ့ချန်၏တောင်းဆိုချက်ကို သဘောတူလိုက်သည်။
“ ဟုတ်ပါပြီ “ ရဲ့ချန်က သူလိုချင်သည့် အဖြေကို ရရှိပြီးနောက် မူလန်ယင်းကို နှိုးရန်အတွက် နည်းလမ်းတစ်ခုကို စတင် အသုံးပြုလိုက်သည်။
ရဲ့ချန်၏လက်က မူလန်ယင်း၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားပြီး စတင် နှိပ်နယ်ပေးလိုက်သည်။
“ အင်း … “ ရဲ့ချန်၏လက်က သူမ၏ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် မူလန်ယင်းတစ်ယောက် တိုလျလျ ညည်းညူမိသွားသည်။
မူလန်ယင်း၏ခန္ဓာကိုယ်ကို နှိုးဆွရန် ဤနည်းလမ်းက အကောင်းဆုံးနည်းလမ်းပင် ဖြစ်၏။
ရဲ့ချန်သည် နတ်သမီးလေး မူလန်ယင်း၏ခန္ဓာကိုယ် အစိတ်ပိုင်းအချို့ကို စိတ်အားထက်သန်စွာ စတင် နှိပ်နယ်ပေးလိုက်သည်။
နောက်ကနေ စောင့်ကြည့်နေသည့် ချင်းချမ်သည် ရဲ့ချန်က နတ်သမီးလေး မူလန်ယင်း၏ခန္ဓာကိုယ်အား အကြမ်းပတမ်း နှိပ်နယ်နေသည်ကို မြင်ပြီး အံ့အားသင့်နေသည်။
ထိုလူက အေးစိမ့်ရေခဲဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည့် မူလန်ယင်း၏ခန္ဓာကိုယ်ကို နှိပ်နယ်ရဲသည်အထိ အတော်လေး သတ္တိကောင်းနေပေသည်။
အကယ်၍ ဤအချိန်တွင်သာ မူလန်ယင်း နိုးလာပြီး ထိုအရာကို မြင်သွားခဲ့လျှင် ရဲ့ချန်ကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ဓားဖြင့် ထခုတ်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
“ ရဲ့ချန်၊ နင်ဘာတွေ လုပ်နေတာလဲ၊ အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးက နင့်ကို လိုက်သတ်မှာ မကြောက်ဘူးလား “ ချင်းချမ်သည် ယခုလုပ်နေသည့် အရာများကို ချက်ချင်း ရပ်တန့်ရန် သတိပေးလိုက်သည်။
“ ခင်ဗျားက ဘာဖြစ်လို့ ဒီမိန်းကလေးကို ကြောက်နေတာလဲ “ ရဲ့ချန်သည် ချင်းချမ်က မူလန်ယင်းကို အတော်လေး ကြောက်နေကြောင်း ခံစားလိုက်ရသည်။
“ ဒါပေါ့ ငါကြောက်တာပေါ့၊ ဒီမိန်းမက အတော်လေး အားကောင်းတာကိုး၊ ငါ ဒီမိန်းကလေးရဲ့ သိုင်းကွက်နှစ်ကွက်တည်းနဲ့တင် တစ်ခါ ရှုံးခဲ့ဖူးတယ် “ ချင်းချမ်သည် သူမက မူလန်ယင်းကို ကြောက်ရသည့် အကြောင်းပြချက်အား ရှင်းပြလိုက်သည်။ အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးသည် ချင်းချမ်အတွက် ဓားခုနစ်ချောင်းဂိုဏ်းက လူများထက် ပိုမို အားကောင်းပေသည်။
“ ခင်ဗျားတို့နှစ်ယောက်က အဆင့်အတူတူပဲ မဟုတ်လား၊ ဘာဖြစ်လို့ အရင်က သူ့ကို လွယ်လွယ်ကူကူ ရှုံးခဲ့တာလဲ “ ရဲ့ချန်သည် မူလန်ယင်းက ချင်းချမ်ကို အဘယ်ကြောင့် အလွယ်တကူ အနိုင်ယူနိုင်မှန်း အတော်လေး သိချင်စိတ် ပြင်းပြသွား၏။
“ အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးက ငါတို့ထဲမှာ စွမ်းအားအကြီးဆုံး ကျင်စဉ်ကို လေ့ကျင့်ထားတာလေ၊ တကယ်လို့ သူတို့သာ လူအရေအတွက်နဲ့ အရင်းအမြစ်တွေ လောက်ငှနေမယ်ဆိုရင် အေးစိမ့်ရေခဲဂိုဏ်းက ဓားခုနစ်ချောင်းဂိုဏ်းအထက်က အင်အားအကြီးဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေလောက်ပြီ “ ချင်းချမ်သည် အေးစိမ့်ရေခဲဂိုဏ်းက အလွန်တရာ အင်အားကြီးသည့် ဂိုဏ်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။
ကံမကောင်းစွာပင် အေးစိမ့်ရေခဲဂိုဏ်းတွင် ဂိုဏ်းသားဦးရေက လူလေးဆယ်ထက်ပင် နည်းပါးပြီး သေးငယ်သည့် ပမာဏလေးသာ ရှိလေသည်။ ထိုဂိုဏ်းတွင် ဂိုဏ်းသားများကို အပြင်ထွက်ခွင့်ပြုသည်က မရှိသလောက်ပင် ရှားပါးသောကြောင့် တန်ခိုးကျင့်ရန်အတွက် အရင်းမြစ်ကလည်း အလွန်တရာ နည်းပါးသည်။
ထိုအကြောင်းပြချက်များကြောင့် အေးစိမ့်ရေခဲဂိုဏ်းက ဂိုဏ်းများအကြား ပထမအဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်မလာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အေးစိမ့်ရေခဲဂိုဏ်းတွင် ကောင်းမွန်သော အရင်းမြစ်များ နှင့် ဂိုဏ်းသားအရေအတွက် များများသာ ရှိခဲ့လျှင် ယခုချိန်ဆို အင်အားအကြီးဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နိုင်လောက်၏။
“ နင် အဲဒီမိန်းကလေးကို သွားမရှုပ်သင့်ဘူးနော်၊ ဓားခုနစ်ချောင်းဂိုဏ်းက ဂိုဏ်းခေါင်းဆောင်တောင် မူလန်ယင်းကို တစ်ယောက်တည်း ရင်မဆိုင်ရဲဘူး “ ချင်းချမ်က သူမသိသမျှ အရာရာတိုင်းအား ရဲ့ချန်ကို ပြောပြလိုက်သည်။
“ ဟီဟီဟီ … သူ ဘယ်လောက်ပဲ ကောင်းကောင်း၊ ကျုပ်က သူ့ကို ကြောက်နေမှာ မဟုတ်ဘူး “ ထို့နောက် ရဲ့ချန်၏လက်က မူလန်ယင်း၏တောင်ပို့ကြီး နှစ်လုံးကို ဖျစ်ညှစ်လိုက်တော့သည်။
“ အ … အ … အ … အ “ ရဲ့ချန်က ထိုအရာကို ညှစ်လိုက်ခြင်းကြောင့် မူလန်ယင်း၏စွဲမက်ဖွယ် ညည်းညူသံလေးက ထွက်ပေါ်လာတော့သည်။
“ နင် … “ ချင်းချမ်သည် အေးစက်စက်နေတတ်သော နတ်သမီးလေး မူလန်ယင်း၏စွဲမက်ဖွယ် ညည်းညူသံလေးကို ကြားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
ဤလောကတွင် ရဲ့ချန်တစ်ယောက်သာ အေးစက်စက် နတ်သမီး မူလန်ယင်းကို ထိုကဲ့သို့ ရှက်စရာကောင်းသည့် ညည်းညူသံများ ထွက်လာအောင် လုပ်နိုင်စွမ်း ရှိပေသည်။
မူလန်ယင်း၏ အိပ်မက်ထဲတွင် …
မူလန်ယင်းသည် မျက်စိတဆုံး နှင်းများဖြင့် ဖုံးလွှမ်းနေသည့် နှင့်လွင်ပြင်တစ်ခုထဲ ရောက်နေသည်ဟု မြင်နေရသည်။ ထိုနေရာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူမ မမြင်ရပေ။
မူလန်ယင်းတစ်ယောက် ရောက်ရာပေါက်ရာကို လျှောက်သွားနေမိ၏။ သို့သော် သူမသည် အဆုံးမရှိသည့် နှင်းလွင်ပြင်ကြီးကိုသာ မြင်နေရ၏။
မူလန်ယင်းသည် ထိုနှင်းလွင်ပြင်ကြီးတစ်လျှောက် ဆက်လက် လျှောက်လာခဲ့သည်။ သူမဦးတည်ရာ ရှေ့တူရှုတစ်နေရာတွင် သူမတို့ဂိုဏ်းမှ မိန်းကလေးအမြောက်အမြားကို မြင်လိုက်ရသည်။ ထိုမိန်းကလေးများက လူတချို့နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူတို့ထဲကတချို့သည် ခန္ဓာကိုယ်ပေါ်တွင် သွေးအလူးလူးဖြင့် နှင်းပြင်ပေါ်တွင် လဲလျောင်းနေကြပေသည်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသည်နှင့် မူလန်ယင်းသည် သူမတို့ကို ကူညီရန် ချက်ချင်း ပြေးလာခဲ့သည်။ မူလန်ယင်းသည် အနားသို့ ရောက်လာသောအခါ သူတို့က ပို၍ ဝေးကွာသွားသည်ဟု ခံစားလိုက်ရသည်။ ထိုအခင်းဖြစ်ပွားရာ နေရာသည်လည်း တစ်စတစ်စ အမှောင်ထုထဲ ကျရောက်သွားတော့သည်။
မူလန်ယင်း၏မြင်ကွင်းများသည် ရုတ်တရက် အမှောင်အတိကျသွားလေသည်။ အစောက အဖြစ်အပျက်ကို မြင်ပြီးနောက် မူလန်ယင်းသည် စိတ်ဓာတ်များ အောက်ဆုံးထိ ထိုးကျသွားလေသည်။ အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးများကို မကယ်တင်နိုင်သောကြောင့် သူမ တာ၀န်မကျေသလို ခံစားလိုက်ရသည်။
မူလန်ယင်းသည် တစ်ကိုယ်လုံး တုန်ယင်လာပြီး သူမ၏ခန္ဓာကိုယ်ကို ပြန်လည် ပွေ့ဖက်ထားလိုက်သည်။ သူမကိုယ်သူမ တစ်ကိုယ်တည်း ရှိနေသည်ဟူသော အသိကြောင့် ကြီးစွာသော ကြောက်ရွံမှုတို့က ဖိစီးနှိပ်စက်လာတော့သည်။
အတိတ်တုန်းက အေးစိမ့်ရေခဲဂိုဏ်းထဲသို့ မ၀င်ရောက်ခင် မူလန်ယင်းသည် တစ်ယောက်တည်း အထီးကျန်စွာ နေခဲ့ရသည့် မိန်းမငယ်လေး တစ်ယောက် ဖြစ်ပေသည်။ သူမနှင့်အတူ မည်သူမျှ မနေလိုကြပေ။ တစ်နေ့ ဆရာဖြစ်သူနှင့် တွေ့ဆုံခဲ့ပြီး ဆရာက သူမကို နာမည်အသစ်တစ်ခု ပေးခဲ့သည်။ ထိုအချိန်ကစပြီး မူလန်ယင်းသည် အေးစိမ့်ရေခဲဂိုဏ်းထဲတွင် သူမနှင့်သင့်တော်သည့် နေရာတစ်ခုကို စတင် ရှာတွေ့ခဲ့သည်။
မူလန်ယင်းသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လူတစ်ယောက်က သူမ၏ အသင့်တော်ဆုံး နေရာလေးအား ဖျက်ဆီးမည်ကို စိုးရိမ်နေခဲ့ရသည်။ ထိုသို့သာ ဖြစ်သွားခဲ့လျှင် သူမ အထီးကျန်သည့် ဘ၀သို့ ပြန်လည် ရောက်ရှိသွားမည် မဟုတ်ပါလား။
ထို့ကြောင့် မူလန်ယင်းသည် အေးစိမ့်ရေခဲဂိုဏ်းကို တခြားလူများ ဖျက်ဆီးမည့်ရန်မှ ကာကွာရန် တခြားလူများထက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သည်။ သို့သော် စောစောက အဖြစ်ပျက်ကို မြင်ပြီးနောက် မူလန်ယင်းသည် သူမတွင် ရှိနေသည့် အသင့်တော်ဆုံး နေရာလေးအား ကာကွယ်ရာတွင် ကျရှုံးသွားပြီဟု ခံစားနေရသည်။
မူလန်ယင်းသည် ယခင်ကလို အထီးကျန်ဘ၀သို့ ပြန်လည် ရောက်ရှိသွားပြီဟု ခံစားလိုက်ရသည်။ ထိုအရာများ ဖြစ်ပွားနေစဉ် မူလန်ယင်းသည် သူမကို တစ်ယောက်ယောက်က သက်သက်သာသာဖြစ်အောင် ထိကိုင်နေသည်ဟု ခံစားနေရသည်။
မူလန်ယင်းသည် နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူမကို ထိကိုင်နေသည့်လူကို မြင်လိုက်ရသည်။ ထိုလူက သူမအမုန်းဆုံး သူမအသတ်ချင်းဆုံးသူ ဖြစ်သည်။ သို့သော် ထိုလူက သူမကို ပွေ့ဖက်လိုက်သောအခါ အလွန်တရာ နွေးထွေးလှသည်ဟု ခံစားလိုက်ရသည်။
မူလန်ယင်းသည် မသိလိုက်မသိဘာသာ ထိုခံစားမှုထဲသို့ နစ်မြုပ် ပျော်၀င်သွားတော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now