အခန်း (၂၂၄) အနောက်ဘက် မင်းသားက ပြဿနာ ရှာခြင်း

199 10 0
                                    

စုမချီက ရဲ့ချန်ကို ဘောလုံးငါးလုံး ပေးလိုက်ပြီး သူမက ငါးလုံးယူထားလိုက်သည်။
ထိုကစားပွဲက အလွန်တရာ ရိုးရှင်းလှပေသည်။ သင်တို့လုပ်ရန် လိုအပ်သည်က စင်ပေါ်တွင် ကျကျနန စီရီထားသည့် ပစ်မှတ်များကို ပလက်စတစ်ဘောလုံးဖြင့် ထိအောင် ပစ်ရန်သာ လိုအပ်ပေသည်။
သူတို့၏ရှေ့တွင် ပစ်ခတ်လျှင် ရရှိနိုင်သည့် ပစ္စည်းမြောက်များစွာ စင်ပေါ်တွင် ချိတ်ဆွဲထားပေသည်။
စုမန်ချီသည် ပထမဆုံး ဘောလုံးတစ်လုံးကို စင်၏ထိပ်ဆုံးပေါ်တွင် ချိတ်ဆွဲထားသည့် အမွေးပွ ၀က်ဝံရုပ်ကြီးကို ပတ်ခတ်လိုက်သည်။
ထိုအမွေးပွ ၀က်ဝံရုပ်ကြီးသည် ဘောလုံးလာပစ်သည့် ကစားသူများ ရရှိနိုင်သည့် အဓိက ဆုမဲကြီး ဖြစ်သည်။
စုမန်ချီ ပထမဆုံး ပစ်လိုက်သည့် ဘောလုံးက ပစ်မှတ်နှင့် အနည်းငယ် လွဲချော်သွားခဲ့သည်။ သူမ ပစ်လွတ်လိုက်သောအခါ ပလက်စတစ်ဘောလုံးက လမ်းကြောင်းကနေ ခုန်ထွက်သွားခဲ့သည် မဟုတ်ပါလား။ ပလက်စတစ်ဘောလုံးက အလွန်တရာ ပေါ့ပါးလှပေသည်။ ထို့ကြောင့် ၎င်းကို ထိန်းချုပ်ရန် ခက်ခဲပေသည်။
စုမန်ချီ ဒုတိယ ပစ်လိုက်သည့် ဘောလုံးက ပစ်မှတ်ကို အောင်အောင်မြင်မြင် ထိသွားလေသည်။ ကံမကောင်းစွာပင် စုမန်ချီက လုံလောက်အောင် အားမပြင်းလိုက်ပေ။ ထို့ကြောင့် အမွေးပွ ၀က်ဝံကြီးက နေရာမှ တစ်စက်မျှ ရွေ့မသွားချေ။
ထိုအရာကို ကြည့်ရင်း စုမန်ချီက တတိယဘောလုံးကို ပို၍ အားပြင်းပြင်းနှင့် ပစ်လွှတ်လိုက်သည်။ ယခု သူမက ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ ဖြစ်၏။ ထို့ကြောင့် သူမ၏အင်အားက သာမန်များထက် များစွာ သာလွန်နေပေသည်။
စုမန်ချီ ပစ်လိုက်သည့် ဘောလုံးက အရှိန်ပြင်းပြင်းနှင့် လွင့်ထွက်သွား၏။ သို့သော် စုမန်ချီ၏အင်အားဖြင့်ပင် အရုပ်ကြီးက ပြုတ်ကျမသွားပေ။
စုမန်ချီ၏အင်အားဖြင့်ပင် အမွေးပွ ၀က်ဝံရုပ်ကြီးက အောက်သို့ ပြုတ်မကျသည်ကို ကြည့်ရင်း ရဲ့ချန် ထူးဆန်းသလို ခံစားလိုက်ရ၏။ ကြည့်ရသည်မှာ ထိုအမွေးပွ ၀က်ဝံရုပ်ကြီးနှင့် ပတ်သက်ပြီး တစ်ခုခု လုပ်ထားပုံရ၏။ စုမန်ချီ ပစ်လွှတ်လိုက်သည့် အရှိန်ဖြင့်ဆိုလျှင် ယင်းက ပြုတ်ကျလာသင့်သည် မဟုတ်ပါလား။ သို့သော် သူမ၏အင်အားနှင့်ပင် ယင်းက ပြုတ်မကျလာဘဲ အပေါ်တွင် အခိုင်အမာ ရှိနေသေး၏။
ရဲ့ချန်က ထို၀က်ဝံရုပ်ကြီးနှင့် ပတ်သက်ပြီး စတင် လေ့လာရတော့သည်။ အချိန်အတန်ကြာပြီးနောက် ထို၀က်ဝံရုပ်ကြီးက အောက်သို့ ပြုတ်ကျမလာစေရန် သံချောင်းများဖြင့် ထောက်ထားခြင်းဖြစ်ကြောင်း ရဲ့ချန် သတိထားမိသွားသည်။
ကစားပွဲပိုင်ရှင်က စီးပွားရေးကို မသမာသည့် နည်းလမ်းဖြင့် လုပ်နေခြင်း ဖြစ်၏။ ကစားသူများက ထို၀က်ဝံရုပ်ကြီးကို ခဏခဏ ပစ်မှတ်ထားနေသောကြောင့် သူတို့က ၎င်းဖြင့် လုပ်စားနေခြင်းသာ ဖြစ်ရပေမည်။
ယခု စုမန်ချီက ဘောလုံးသုံးလုံးကုန်အောင် ပစ်ပြီးပြီ ဖြစ်၏။ ကံမကောင်းစွာ သူမက ၀က်ဝံရုပ်ကြီးကို ကျလာအောင် မပစ်နိုင်သေးချေ။
" စိတ်မကောင်းပါဘူး ကလေးမလေး၊ ခုချိန်က မင်းအတွက် ကံကောင်းတဲ့အချိန် ဟုတ်ပုံမရဘူး၊ မင်း ဒီအရုပ်ကို လိုချင်တယ်ဆိုရင်တော့ နောက်ထပ် ဘောလုံးတွေ ၀ယ်ပြီး စမ်းကြည့်နိုင်တယ် " ပိုင်ရှင်က စုမန်ချီကို နောက်ထပ် ဘောလုံးအနည်းငယ် ထပ်၀ယ်ရန် ကမ်းလှမ်းလိုက်သည်။
စုမန်ချီကလည်း သူမလိုချင်သည့်အရာကို မရသည့်အတွက် လက်မခံနိုင် ဖြစ်နေသည်။ ထို့ကြောင့် သူမ ဘောလုံးအနည်းငယ် ထပ်၀ယ်ရန် ဆုံးဖြတ်လိုက်သည်။ သူမက ထိုအမွေးပွ ၀က်ဝံရုပ်ကြီးက လိုချင်နေသည် မဟုတ်ပါလား။
" မန်ချီ ခဏနေဦး၊ အရင်ဆုံး ငါစမ်းကြည့်လိုက်ဦးမယ်လေ၊ ငါအလှည့်ကျရင်တော့ ရချင်ရမှာပေါ့ဟ " ရဲ့ချန်သည် လူလိမ်ပိုင်ရှင်ဆီက ဘောလုံး၀ယ်ရန် ဆိုင်းပျိုးနေသော စုမန်ချီကို တားဆီးလိုက်သည်။
ထိုအရာနှင့် ပတ်သက်ပြီး ဆိုင်ရှင် အတော်လေး ဘ၀င်မကျ ဖြစ်သွားလေသည်။ ဆိုင်ရှင်က ရဲ့ချန်ကို စိတ်ပျက်စွာ ပြုံးပြလိုက်သည်။ ထို့နောက် သူက သံတိုင်များကို ရွေ့ပြီး ၀က်ဝံရုပ်ကြီးကို ရရှိရန် သုညရာခိုင်းနှုန်းအထိ လျော့ချထားလိုက်သည်။
ရဲ့ချန်က လက်ထဲက ဘောလုံးတစ်လုံးဖြင့် စမ်းပစ်ကြည့်လိုက်သည်။ ရဲ့ချန် ပစ်လိုက်သည့် ဘောလုံးက ၀က်ဝံရုပ်ကြီးက ဘေးက ကပ်ထွက်သွားခဲ့သည်။ သိသာထင်ရှားစွာ ရဲ့ချန် ပစ်လိုက်သည့် ဘောလုံးက ၀က်ဝံရုပ်ကြီးကို မထိပေ။ ထိုအချိန်တွင် ရဲ့ချန်က စင်ပေါ်တွင် အထောက်အပံ့ပေးထားသည့် သံကြိုးများကို မြင်လိုက်သည်။
" ဖြောင်း ... " ရဲ့ချန် ပစ်လိုက်သည့် ဘောလုံးက စင်ကို အထောက်အပံ့ ပေးထားသည့် သံကြိုးကို ဖြတ်တောက်ပစ်လိုက်သည်။
ထို့ကြောင့် စင်ပေါ်က ပစ္စည်းအားလုံးက အောက်သို့ ပြုတ်ကျလာတော့သည်။
" ဟင် ... " ရဲ့ချန် ပစ်လိုက်သည့် ဘောလုံးက စင်ကို အထောက်အပံ့ေ ပေးထားသည့် သံကြိုးများကို ဖြတ်ပစ်လိုက်သောကြောင့် ဆိုင်ရှင် အံ့အားသင့်သွားလေသည်။
ထိုအခါမှ စုမန်ချီလည်း ၀က်ဝံရုပ်ကြီး နောက်တွင် သံကြိုးများဖြင့် ထောက်ပံ့ပေးထားကြောင်း သတိထားမိသွားသည်။ ထို့ကြောင့်သာ ၎င်းက ပြုတ်မကျလာခြင်းပင် ဖြစ်၏။
စုမန်ချီသည် ဤနေရာ၏ပိုင်ရှင်က လိမ်ညာနေသည်ဟု ခံစားလိုက်ရ၏။ " ရှင်၊ ရှင်က ဘာဖြစ်လို့ ဒီလို လိမ်ညာတဲ့ဟာတွေကို လုပ်နေရတာလဲ " စုမန်ချီသည် ဆိုင်ရှင်က လိမ်ညာခဲ့သည့်အတွက် လက်မခံနိုင်လောက်အောင် ဖြစ်နေသည်။
ဤနေရာတွင် ဖြတ်သွားဖြတ်လာ လူများကလည်း သူတို့ကို အကဲခတ်နေကြသည်။ ပါ၀င်ကစားသူများကလည်း ၀က်ဝံရုပ်ကြီးက ကျမလာသောကြောင့် ဆိုင်ရှင်က လိမ်ညာနေသည်ဟု ခံစားနေရသည် မဟုတ်ပါလား။
ဆိုင်ရှင်သည် မကြာမီ တစ်ကိုယ်လုံး ချွေးများ နစ်ချွဲသွားလေသည်။ သူ၏ယုတ်မာသော လျှို့ဝှက်ချက်က ပေါ်လွင်သွားပြီ ဖြစ်၏။ ခုချိန်ကစပြီး သူက ဤအပန်းဖြေ ပန်းခြံထဲတွင် စီးပွားရေး လုပ်နိုင်တော့မည် မဟုတ်ချေ။ အပန်းဖြေ ပန်းခြံ၏မန်နေဂျာက သူ့ကို ဤနေရာက မောင်းထုတ်မည်မှာ သေချာသလောက် ရှိနေပြီ မဟုတ်ပါလား။
" မြန်မြန်လုပ်၊ ကျုပ်တို့ ရထားတဲ့ လက်ဆောင်ကို ပေးတော့ " ရဲ့ချန်က သူတို့ရထားသည့် လက်ဆောင်ကို တောင်းလိုက်သည်။ ပိုင်ရှင်၏အလိမ်အညာနှင့် ပတ်သက်ပြီး သူက ဂရုမစိုက်ပေ။
ပိုင်ရှင်က ဆုလက်ဆောင်ကို ရဲ့ချန်ထံ ချက်ချင်း လှမ်းပေးလိုက်သည်။ သူက အလိမ်အညာများ ပေါ်သွားပြီ ဖြစ်သောကြောင့် နောက်ထပ် ပြဿနာ ရှာရန်လည်း မဝံ့ရဲတော့ပေ။
နောက်ဆုံးအနေနှင့် ဆိုင်ရှင်က ဤနေရာမှ အသက်ရှင်ရက် ထွက်သွားရန်သာ မျှော်လင့်မိတော့သည်။
" မန်ချီ၊ ရော့ ... ဒါက နင့်အတွက် " ရဲ့ချန်က အမွေးပွ ၀က်ဝံရုပ်ကြီးကို စုမန်ချီက ပေးလိုက်သည်။
ရဲ့ချန်က အမွေးပွ ၀က်ဝံရုပ်ကြီးကို လက်ဆောင်ပေးလိုက်သောအခါ စုမန်ချီတစ်ယောက် အတော်လေး ပျော်ရွှင်သွားသည်။ သူမသည် ရဲ့ချန်နှင့် အတူနေရသောကြောင့် ကမ္ဘာ့ ကံအကောင်းဆုံ မိန်းကလေးတစ်ယောက်ဟုပင် ခံစားလိုက်ရသည်။
လူအချို့က ရဲ့ချန် နှင့် စုမန်ချီတို့ လုပ်နေသည့်အရာကို ကြည့်နေကြသည်။ ထိုအရာကို မြင်လိုက်ရသော မိန်းကလေးအချို့က စုမန်ချီကို မနာလို ဖြစ်နေကြလေသည်။ သူမတို့သည်လည်း ရဲ့ချန်လို မင်းသားလေးတစ်ယောက်အား အဘယ်ကြောင့် မရရှိရသနည်း။
" ဒီနေရာကနေ သွားရအောင် " ရဲ့ချန်က စုမန်ချီကို ဤနေရာမှ ထွက်ရန် ခေါ်လိုက်သည်။ ဤနေရာတွင် ရှိနေသည့် လူအုပ်ကြီးက သူတို့ကို စိုက်ကြည့်နေသောကြောင့် နေရထိုင်ရ ခက်လှသည် မဟုတ်ပါလား။
" စုမန်ချီက ခေါင်းညိတ် သဘောတူပြီး ရဲ့ချန်နောက်မှ လိုက်လာခဲ့သည်။
ရဲ့ချန်က စုမန်ချီနှင့်အတူ အနားယူရန် နေရာတစ်ခု ရှာတွေ့ခဲ့သည်။ ထို့နောက် သူက မိန်းမဖြစ်သူ နှင့် သူကိုယ်တိုင်အတွက် အအေးတစ်ခု မှာယူလိုက်သည်။
စုမန်ချီက အမွေးပွ ၀တ်ဝံရုပ်ကြီးကို တစ်ဖက်က ထိုင်ခုံပေါ်တွင် တင်ထားလိုက်သည်။
စုမန်ချီတစ်ယောက် အအေးသောက်နေစဉ် လူငယ်တစ်ယောက်က အနားသို့ ချဉ်းကပ်လာသည်။ ထိုလူ၏ရုပ်ရည်က အနောက်တိုင်းသား တစ်ယောက်လို ပုံစံမျိုး ရှိ၏။
" အချောလေး၊ ကိုယ်နဲ့အတူ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုကို လိုက်ချင်လား " ထိုလူငယ်က စုမန်ချီကို ကြယ်ငါးပွင့်ဟိုတယ်သို့ ရုတ်တရက် ဖိတ်ခေါ်လိုက်သည်။
ထိုအနောက်တိုင်းသားလူက ရဲ့ချန်၏ရှေ့တွင်ပင် စုမန်ချီကို ဖိတ်ခေါ်သည်အထိ အလွန် အတင့်ရဲနေပေသည်။
" စိတ်မကောင်းပါဘူး၊ ကျွန်မ ရှင့်ကို မသိဘူး " စုမန်ချီက သူမ မသိသောလူ၏ ဖိတ်ခေါ်မှုကို ချက်ချင်း ငြင်းဆန်လိုက်သည်။
အနောက်တိုင်းသားလိုလူက စုမန်ချီ၏ငြင်းဆန်မှုကို စိတ်မဆိုးပေ။ ထိုအစား သူက ပြုံးပင် ပြုံးနေသေး၏။ " အချောလေး၊ ကိုယ်ကိုယ်ကိုယ် မိတ်ဆက်ပေးပါရစေ၊ ကိုယ့်နာမည်က ကျိုးပါ၊ ကိုယ်က အနောက်ပိုင်း နယ်မြေရဲ့ မင်းသားတစ်ယောက်ပါ " ထိုလူက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးလိုက်သည်။ သူက အနောက်ပိုင်း နယ်မြေက မင်းသားတစ်ယောက် ဖြစ်ကြောင်းပါ ထပ်ရှင်းပြလိုက်သည်။
" ကျွန်မ ရှင်ကို အဖော်ပြုပေးဖို့ စိတ်မ၀င်စားဘူး၊ ရှင် မြန်မြန် ထွက်သွားရင် ကောင်းလိမ့်မယ်၊ ကျွန်မမှာ ယောက်ျား ရှိပြီးသား " စုမန်ချီသည် ထိုအရှက်မရှိသည့် လူ၏အပြုအမူကို သည်းမခံနိုင်လောက်အောင် ဖြစ်သွားလေသည်။
ကျိုးက စုမန်ချီ၏ ကျက်သရေ ရှိသည့်အလှကို ငေးကြည့်နေလေသည်။ ဤနိုင်ငံတွင် ထိုမျှလောက် ချောမောသည့် မိန်းကလေးတစ်ယောက် ရှိနေမည်ဟု ထင်မထားခဲ့ပေ။ မည်သို့ဖြစ်ဖြစ် ကျိုးက စုမန်ချီကို အရယူတော့မည် ဖြစ်သည်။
" ငါ့မိန်းမ ပြောလိုက်တဲ့စကားကို မင်းမကြားဘူးလား၊ ဒီနေရာကနေ မြန်မြန် ထွက်သွားစမ်းပါကွာ " ရဲ့ချန်က ထိုလူ့ကို လက်ဝေ့ယမ်းပြီး နှင်ထုတ်လိုက်သည်။ ထိုလူက သူ၏ရှေ့တွင်ပင် စုမန်ချီကို အနှောင့်အယှက် ပေးနေသောကြောင့် ရဲ့ချန် ဘ၀င်မကျ ဖြစ်သွားလေသည်။
ထိုစကားကို ကြားပြီး ကျိုးတစ်ယောက် မကျေမနပ် ဖြစ်သွားလေသည်။ ကျိုးက သူလိုချင်သည့်အရာကို အမြဲတမ်း မရရအောင် ယူတတ်ပေသည်။ မည်သို့ဖြစ်ဖြစ် ယခု သူက စုမန်ချီကို လိုချင်နေပြီ ဖြစ်သည်။ ထို့ကြောင့် စုမန်ချီကို ရရှိရန် လူတစ်ယောက်ကို သတ်ရမည်ဆိုလည်း သူက ဂရုစိုက်မည် မဟုတ်ပေ။
ကျိုး၏မိသားစုက အလွန်တရာ အားကောင်းလှပေသည်။ သူ၏မိသားစုက အနောက်ပိုင်းနယ်မြေတွင် နိုင်ငံတစ်၀က်အထိပင် လွှမ်းမိုးနိုင်ပေသည်။ ထို့ကြောင့် ကျိုးက နိုင်ငံအတွင်းတွင် မည်သူ့ကိုမျှ ဂရုစိုက်စရာ မလိုဘဲ ထင်တိုင်းကြဲခဲ့သည်။ ကျိုးအတွက် ဤနိုင်ငံ၏ဧည်သည်တစ်ယောက် ဖြစ်နေသည့်တိုင် မည်သူ့ကိုမျှ အလျော့ပေးမည် မဟုတ်ချေ။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now