အခန်း (၂၁၆) အသူရာ နဂါး၏ ရိုးတွင်း ချဉ်ဆီ

268 7 0
                                    

ရဲ့ချန်၏မျက်လုံးက တဖြည်းဖြည်း ပွင့်လာခဲ့သည်။ မျက်လုံးပွင့်လာသည်နှင့် ရဲ့ချန်က ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ယခုချိန်တွင် သူ၏လက်မောင်းနှစ်ဖက်ပေါ်မှာ မူလန်ယင်းနှင့် ချင်းချမ်တို့က တစ်ဖက်တစ်ချက်စီ အုံးပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။ သူမတို့နှစ်ယောက်သည် သူနှင့် အချိန်အတော်ကြာ တိုက်ပွဲ၀င်ခဲ့ရသောကြောင့် အလွန်တရာ ပင်ပန်းသွားပုံရ၏။
ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့၏ အချစ်တိုက်ပွဲက သုံးရက်နှင့် နှစ်ညတိုင်တိုင် ကြာမြင့်ခဲ့လေသည်။
မိန်းမနှစ်ယောက်က အင်အားတစ်စက်မျှ မကျန်သည်အထိ ရဲ့ချန်ကို ကောင်းကောင်း ပြုစုပေးခဲ့သည်။
သုံးရက်ကြာအောင် အချစ်ပွဲနွှဲလာပြီးနောက် မူလန်ယင်းက အလွန်တရာ လိမ္မာသော မိန်းမတစ်ယောက် ဖြစ်လာခဲ့သည်။
ရဲ့ချန်က မည်သို့ လိုချင်သည်ဖြစ်စေ သူမက သူ၏ဖွားဖက်တော်ကြီးကို မငြီးမငြူ ပြုစုပေးခဲ့သည်။
အစတော့ မူလန်ယင်းက ထိုအရာကို မနှစ်သက်လှပေ။ သို့သော် ရဲ့ချန်၏ယန်ချီ အဆီအနှစ်များ၏ အရသာကို မြည်စမ်းပြီးနောက် သူမက ထိုအရသာကို စွဲလမ်းသွားခဲ့သည်။
မူလန်ယင်းက မကြာခဏ သတိလစ်လစ် သွားသောကြောင့် ချင်းချမ်လောက်တော့ ပြုစုမပေးနိုင်ခဲ့ပေ။ ချင်းချမ်တစ်ယောက်သာ ရဲ့ချန်နှင့်အပြိုင်ကြဲနိုင်ခြင်း ဖြစ်သည်။ သို့သော် သူမခများ မလှုပ်နိုင်လောက်ထိတော့ ပင်ပန်းသွားရရှာသည်။
ထိုအချစ်တိုက်ပွဲ ရှည်ကြီး ပြီးဆုံးသွားသော် မိန်းကလေးနှစ်ယောက်၏ ဗိုက်ထဲတွင် ရဲ့ချန်၏ယန်ချီ အဆီအနှစ်များဖြင့် ပြည့်လျှံသွားခဲ့ရသည်။
ဤချိန်တွင် ချင်းချမ်နှင့် မူလန်ယင်းတို့၏အသားအရည်များက ချောမွတ်ပြီး ၀င်းလဲ့လာလေသည်။ ရဲ့ချန်၏ယန်ချီ အဆီအနှစ်များကို ရရှိပြီးနောက် သူမတို့နှစ်ယောက်က ပို၍ပင် လှလာတော့သည် မဟုတ်ပါလား။
မိန်းကလေးနှစ်ယောက်က လောလောဆယ် အိပ်စက်နေဆဲသာ ရှိနေသည်။ သူမတို့သာ နိုးလာပြီး သူမတို့၏ရုပ်ရည်ကို ပြန်မြင်ရလျှင် အံ့အားသင့်သွားမည်မှာ သေချာသလောက်ရှိ၏။
ရဲ့ချန်က ကြမ်းပြင်ပေါ်မှ ထရပ်လိုက်သည်။ သူက မိန်းကလေးနှစ်ယောက်ကို မနှိုးသေးဘဲ ဆက်လက်အိပ်နေစေလိုက်သည်။
ရဲ့ချန်က စောင်တစ်ထည်ကို ထုတ်ယူပြီး မိန်းကလေးနှစ်ယောက်ကို လွှမ်းခြုံပေးလိုက်သည်။ သူမတို့နှစ်ယောက်က ပင်ပန်းနေသောကြောင့် အေးအေးချမ်းချမ်း အနားယူသင့်ပေသည်။
ထို့နောက် ရဲ့ချန်ကိုယ်ကိုင်လည်း အ၀တ်စားများကို ထုတ်ယူပြီး ခန္ဓာကိုယ်တွင် ၀တ်ဆင်လိုက်သည်။
အ၀တ်စားများကို ၀တ်ဆင်ပြီးနောက် ရဲ့ချန်က ပလ္လင်ကြီးဆီ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ပလ္လင်ပေါ်မှာ အသူရာနဂါး ရုပ်ထုကြီးသာ ရှိတော့၏။ ရေခဲဖီးနစ်နှင့် ခရမ်းရောင်လိပ်ပြာ ရုပ်ထုတို့က ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ရဲ့ချန်သည် ရေခဲဖီးနစ် နှင့် ခရမ်းရောင်လိပ်ပြာ ရုပ်ထုတို့က အဘယ်ကြောင့် ပျောက်ကွယ်သွားမှန်း စဉ်းစားမရ ဖြစ်သွားလေသည်။ ရဲ့ချန် စဉ်းစားနေစဉ် အသူရာနဂါး ရုပ်ထုဆီမှ တောက်ပသော အလင်းတစ်ခု ဖြာထွက်လာခဲ့သည်။
ထိုအလင်းတန်း ထွက်လာသောအခါ ရဲ့ချန်သည် မည်သည့်အရာများ ဖြစ်မည်မှန်း မသိနိုင်သောကြောင့် အကာကွယ်ဒိုင်းတစ်ခုကို ဖန်တီးပြီး ကာကွယ်ထားလိုက်သည်။
“ ဂုဏ်ယူပါတယ်ကွာ၊ မိန်းကလေးနှစ်ယောက်နဲ့ နှစ်ဆပေါင်းစည်းခြင်း အောင်မြင်သွားခဲ့ပြီ “ အသူရာနဂါးက ရဲ့ချန်ကို ဂုဏ်ပြုစကား ဆိုလိုက်သည်။
“ ခင်ဗျားတို့ရဲ့ အမွေတွေကို ကျုပ်တို့ကို လွှဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “ ရဲ့ချန်က အမွေအနှစ်များ လွှဲပေးခဲ့သည့် အသူရာနဂါးကို ကျေးဇူးတင်စကား ပြောလိုက်သည်။
“ ဟဟဟဟ … ငါကို ကျေးဇူးတင်စရာ မလိုပါဘူးကွာ၊ ငါရဲ့အမွေတွေကို လက်ခံပေးတဲ့ မင်းကိုပဲ ငါက ကျေးဇူးတင်ရမှာပါ၊ ပညာရှင်နတ်ဘုရားရဲ့ အမွေအနှစ်တွေ ရှေ့မှာ ငါ့ရဲ့အမွေအနှစ်က မပြောပလောက်ပါဘူး “ အသူရာနဂါးက ပြောလိုက်သည်။
ရဲ့ချန်သည် သူက ပညာရှင်နတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံထားကြောင်း အသူရာနဂါးက သိနေသောကြောင့် တအံ့တသြ ဖြစ်နေလေသည်။
“ အသူရာဘိုးဘေး၊ ကျုပ်က ပညာရှင်နတ်ဘုရားရဲ့ အမွေကို ဆက်ခံထားတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ “ ရဲ့ချန်သည် ထိုကိစ္စကို အသူရာနဂါးက မည်သို့ သိသွားကြောင်း သိချင်စိတ် ဖြစ်သွား၏။
“ မင်းရဲ့ခန္ဓာကိုယ်ထဲကို ငါ့ရဲ့ဝိညာဉ် ထည့်ပေးတုန်းက ငါရှာတွေ့ခဲ့တာပဲ၊ ငါ့ရဲ့ဝိညာဉ်က အလွန် စွမ်းအားကြီးတဲ့ အရာတစ်ခုနဲ့ ဆုံတွေ့ခဲ့တယ်လို့ ခံစားလိုက်ရတယ်လေ၊ အဲဒါကြောင့် မင်းနဲ့ပတ်သက်တာတွေကို လိုက်ရှာရင်း ပညာရှင်နတ်ဘုရားရဲ့ အမွေအနှစ်ကို တွေ့လိုက်ရတာပဲ “ အသူရာနဂါးသည် ပညာရှင်နတ်ဘုရား၏ အမွေအနှစ်ကို မည်သို့ ရှာတွေ့ခဲ့ကြောင်း ပြောပြလိုက်သည်။
ရဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“ ငါထွက်သွားဖို့ အချိန်လည်း သိပ်မကျန်တော့ဘူး၊ အဲဒါကြောင့် ငါ မင်းကို အရမ်းအဖိုးတန်တဲ့ အရာတစ်ခု ပေးခဲ့မယ်၊ အဲဒါကလည်း ငါ့ရဲ့ဝိညာဉ်လိုပဲ ဒီလောကမှာ တစ်ခုပဲ ကျန်တော့တယ် “ အသူရာနဂါးသည် ရဲ့ချန်ကို အလွန်တရာ အဖိုးတန်သည့် အရာတစ်ခု ပေးလိုကြောင်း ပြောလိုက်သည်။
“ အဲဒါက ဘာလဲ “ ရဲ့ချန်က မေးလိုက်သည်။
“ အဲဒါက ငါမှာရှိတဲ့ ရိုးတွင်းချဉ်ဆီပေါ့ကွာ၊ ငါ အဲဒါကို မင်းကိုပေးလိုက်ဖို့ စဉ်းစားမိတယ် “ အသူရာနဂါးက သူ၏ချဉ်ဆီများအား ပေးလိုကြောင်း ပြောလိုက်သည်။
ရိုးတွင်းချဉ်ဆီသည် အသက်ရှင်သန်နေသည့် သတ္တဝါတိုင်းအတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခုပင် ဖြစ်သည်။ ထိုအရာများသာ ကုန်ခမ်းသွားလျှင် သက်ရှိတိုင်းက လုံး၀ ရပ်ဆိုင်းသွားမည် ဖြစ်သည်။
“ အသူရာဘိုးဘေး၊ အဲဒါက ခင်ဗျားအတွက် အရမ်းတန်ဖိုး ရှိပါတယ်၊ ကျုပ်က ခင်ဗျားကို သက်သက်မဲ့ ဒုက္ခလာပေးသလိုဖြစ်မှာ စိုးရိမ်တယ်ဗျာ “ ရဲ့ချန်က ထိုအရာကို အမှန်တကယ် မလိုချင်ကြောင်း ပြောလိုက်သည်။
“ ဟဟဟဟ … မင်းက လူကောင်းတစ်ယောက်ပဲကွ၊ ဒါပေမဲ့ ငါနဲ့ပတ်သက်ပြီး မင်းဘာမှ စိုးရိမ်မနေနဲ့၊ ငါက ဝိညာဉ်အပိုင်းအစလေး တစ်ခုပါကွာ၊ ငါရဲ့ဝိညာဉ်က မကြာခင် ဒီလောကထဲကနေ ပျောက်ကွယ်သွားတော့မှာ၊ ဒါကြောင့် ငါပျောက်ကွယ်မသွားခင် ငါ့ရဲ့အမွေလေးတွေကို ပေးခဲ့ချင်သေးတယ် “ အသူရာနဂါးသည် သူက မကြာခင် လောကထဲက ပျောက်ကွယ်ရတော့မည်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
ယခုတော့ ရေခဲဖီးနစ်နှင့် ခရမ်းရောင်လိပ်ပြာတို့လို အသူရာနဂါးသည်လည်း လောကထဲမှ ပျောက်ကွယ်သွားရတော့မည် ဖြစ်၏။
“ မင်းကိုယ်မင်း အသင့်ပြင်ထားပါ၊ ဒါက အရမ်းနာကျင် လိမ့်မယ် “ အသူရာနဂါးက အသင့်ပြင်ရန် ပြောပြီးနောက် သူ၏ချဉ်ဆီများကို ရဲ့ချန်ဆီသို့ လွှဲပေးလိုက်တော့သည်။
ရဲ့ချန်ကလည် ချက်ချင်း အသင့်ပြင်ပြီး အသူရာနဂါး၏ရိုးတွင်း ချဉ်ဆီများကို လက်ခံလိုက်သည်။
အသူရာနဂါး၏ရိုးတွင်း ချဉ်ဆီများ သူ၏အရိုးထဲသို့ထဲသို့ ၀င်ရောက်လာသောအခါ ရဲ့ချန်သည် နာကျင်မှုကြောင့် အသိအာရုံတစ်ခုလုံး အမှောင်ဖုံးသွားသလို ခံစားလိုက်ရ၏။ ယင်းသည် ပညာရှင်နတ်ဘုရား၏ သွေးအမွေကို ခံယူစဉ်ကထက်ပင် ပို၍ နာကျင်လှချေသည်။
ရဲ့ချန်သည် သူ၏အာရုံကို ထိန်းချုပ်ရန် အနိုင်နိုင် ကြိုးစားနေရလေသည်။ နောက်ဆုံးတော့ တစ်နာရီခန့် ကြာပြီးနောက် အသူရာနဂါး၏ ရိုးတွင်းချဉ်များက ရဲ့ချန်၏ခန္ဓာကိုယ်ထဲတွင် ပေါင်းစည်းသွားပြီ ဖြစ်၏။
ထိုဖြစ်စဉ်က အလွန်တရာ အန္တရာယ်ရှိပေသည်။ ယင်းသည် ရဲ့ချန် တစ်ခါမျှ မကြုံဖူးသည့် အန္တရာယ်အရှိဆုံး အတွေ့အကြုံတစ်ခုပင် ဖြစ်၏။
“ ကောင်းတယ်၊ အခု မင်းရဲ့ခန္ဓာကိုယ်က လုံး၀ နဂါးတစ်ကောင်ရဲ့ ခန္ဓာကိုယ် ဖြစ်သွားပြီ၊ မင်း ငါ့ရဲ့အမွေကို ကောင်းကောင်း အသုံးချမယ်လို့ မျှော်လင့်ပါတယ်၊ ဒီပလ္လင်ရဲ့အောက်မှာ ရတနာဂိုထောင်တစ်ခု ရှိတယ်၊ အဲဒီထဲက ရတနာတွေနဲ့ ပစ္စည်းတွေအားလုံးကို မင်းယူလို့ရတယ်၊ ငါ့ရဲ့ဝိညာဉ် ပျောက်ကွယ်သွားပြီးရင် နှစ်ဆယ့်လေးနာရီအတွင်း ဒီနေရာကြီးက ပြိုကျသွားလိမ့်မယ်၊ ကံကောင်းပါစေ “ အသူရာနဂါးသည် ထိုစကားများကို ပြောပြီးနောက် ပျောက်ကွယ်သွားလေသည်။
ထို့ကြောင့် ဤနေရာတွင် ရှိနေသည့် အသူရာနဂါးရုပ်ထုကလည်း ပျောက်ကွယ်သွားသည်။
အသူရာနဂါး၏ ချဉ်ဆီများကို လက်ခံပြီးနောက် ရဲ့ချန်သည် သူ၏ခန္ဓာကိုယ်က အလွန်တရာ အားကောင်းလာသည်ဟု ခံစားလိုက်ရသည်။ ထိုအင်အား၏သက်ရောက်မှုကို ရဲ့ချန်ပင် သေသေချာချာ မဝေခွဲနိုင်ပေ။
ထို့ကြောင့် သူက ဤနေရာက ကျောက်ကြမ်းပြင်ကို ရိုက်နှက်ပြီး စမ်းကြည့်လိုက်သည်။
“ ဘမ်း … “ အလွန်တရာ ကျယ်လောင်သည့် အသံကြီးက ဟိန်းထွက်သွားလေသည်။ ရဲ့ချန်၏အောက်က ကျောက်ကြမ်းပြင်ကြီးတွင်ပင် အက်ရာအနည်းငယ် ထင်သွားလေသည်။
ထိုအရာကို ကြည့်ရင်း ရဲ့ချန် အတော်လေး ပျော်ရွှင်သွား၏။ ယင်းက အလွန်တရာ ကြီးမားသည့် ပြောင်းလဲမှုကြီးပင် ဖြစ်သည်။ ယခင်ကဆိုလျှင် ဖျက်ဆီးခြင်းလက်ဝါးသိုင်းနှင့်ပင် ဤကျောက်ကြမ်းပြင်ကြီးကို ခြစ်ရာတစ်ရာထင်အောင် မလုပ်နိုင်ခဲ့ဘူး မဟုတ်လား။
အသူရာနဂါး၏အမွေကို လက်ခံပြီးနောက် ရဲ့ချန်က ထိုကျောက်ကြမ်းပြင်ကြီးကို အက်ရာတစ်ရာထင်အောင် လုပ်နိုင်ခဲ့ပြီ ဖြစ်၏။
ယခုချိန်တွင် ရဲ့ချန်က အရှင်သခင်နယ်ပယ် အဆင့်ခြောက်သို့ ရောက်ရှိသွားပြီ ဖြစ်၏။ သူ၏နယ်ပယ်က များစွာ မတိုးတက်ခဲ့သော်လည်း သူ၏အင်အားကတော့ ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။ ထို့ကြောင့် ခုချိန်ဆို ရဲ့ချန်က နဂါးမိစ္ဆာ အကောင်တစ်ရာလောက်ကိုပင် ကြောက်စရာ လိုတော့မည် မဟုတ်ပေ။
“ ဘာဖြစ်တာလဲဟ “ ရဲ့ချန် ရိုက်ချလိုက်သော အသံကျယ်ကြီးကြောင့် အိပ်ပျော်နေသည့် မူလန်ယင်း နှင့် ချင်းချမ်တို့က ချက်ချင်း နိုးလာတော့သည်။
မူလန်ယင်း နှင့် ချင်းချမ်တို့သည် သူမတို့ကို တစ်ယောက်ယောက်က တိုက်ခိုက်လိုက်သည်ဟု ထင်မှတ်သွားသည်။
“ နင်တို့နှစ်ယောက်ကလည်း အေးအေးဆေးဆေးပေါ့၊ အစောကအသံက ငါ အင်အားစမ်းသပ်လိုက်လို့ ဖြစ်သွားတာပါ “ ရဲ့ချန်က မိန်းကလေး နှစ်ယောက်ကို ချက်ချင်း ရှင်းပြလိုက်သည်။
“ ယောက်ျား၊ ငါတို့ကို လန့်အောင်လုပ်တာ နင်ပေါ့ “ ချင်းချမ်သည် သူမတို့ အိပ်ကောင်းနေစဉ် အထိတ်တလန့် လုပ်ခဲ့သည့် ရဲ့ချန်ကို မကျေမနပ် ပြောလိုက်သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now