အခန်း (၂၂၉) အေးစိမ့်နတ်သမီးလေးဖော် ဒဏ်ရာရခြင်း

223 5 0
                                    

ရဲ့ချန်သည် ဆေးပင်အချို့ကို ယူပြီး အမွှာနဂါး ဒယ်စောက်အိုးထဲသို့ ထည့်လိုက်သည်။ ဆေးပင်များ ဆေးအိုးထဲထည့်ပြီးနောက် ရဲ့ချန်က အိုးအဖုံးကို ပြန်ပိတ်လိုက်သည်။
ရဲ့ချန်က အမွှာနဂါး ဒယ်စောက်အိုးထဲသို့ မီးကို လှည့်ပတ်လိုက်သည်။ ပထမဆုံး အဆင့်က ဆေးသန့်စင်ခြင်းအဆင့် ဖြစ်သည်။ ထိုအဆင့်သည် ဖော်စပ်ထားသည့် ဆေး၏သန့်စင်ခြင်း အဆင့်ကို ဆုံးဖြတ်ပေးနိုင်သောကြောင့် အရေးပါသော အဆင့်ဖြစ်သည်။
ထိုဖြစ်စဉ်တွင် ဆေးပင်များ၏ အညစ်အကြေးများကို ခွဲထုတ်ရာ၌ အမှားအနည်းငယ် ပါနေလျှင်ပင် ဆေးဖော်စပ်သည့်နေရာမှာ ကျရှုံးမှု ရလဒ်ကို ဖြစ်ပေါ်စေသောကြောင့် သေသေချာချာ ဂရုစိုက်ရသည်။
ရဲ့ချန်သည် အမွှာနဂါး ဒယ်စောက်အိုးထဲတွင် အပူရှိန်ကို ဆက်လက် ထိန်းသိမ်းထားသည်။ ယင်းက မြင့်လွန်လျှင်လည်း မကောင်း၊ နိမ့်လွန်းလျှင်လည်း မကောင်းပေ။ ထို့ကြောင့် အပူရှိန်ကို တတ်နိုင်သလောက် အကောင်းဆုံး ချိန်ညှိနေရသည်။ သို့မှသာ ဆေးမီးဖိုထဲက ဆေးပင်များက ပြာကျမသွားမည် ဖြစ်၏။
အမွှာနဂါးဆေးမီးဖိုနှင့် ဆေးဖော်စပ်ရသည်က သာမန်ဆေးမီးဖိုများနှင့် ဆေးဖော်စပ်ရသည်ထက် အဆများစွာ လွယ်ကူပေသည်။ အထဲက အပူရှိန်ကို ထိန်းချုပ်ရသည်က သာမန်မီးဖိုများထက် ပိုမို လွယ်ကူနေသည် မဟုတ်ပါလား။
ဆေးအမယ်များအား သန့်စင်မှု ပြီးသွားသော် သန့်စင်ပြီး ဆေးပင်အဆီအနှစ်များကို ဆေးလုံးအဖြစ် ပြောင်းလဲရန် မခက်ခဲတော့ပေ။ ထိုအဆင့်က ဆေးသန့်စင်ခြင်းနှင့်စာလျှင် မခက်ခဲတော့ပေ။ ယခုတော့ ဆေးလုံး၏အာနိသင်များက နည်းနည်းချင်း ငွေ့ရည်ဖွဲ့လာပြီ ဖြစ်၏။
ရဲ့ချန်သည် ဆေးပင်များ၏အဆီအနှစ်ကို ဆေးလုံးအဖြစ်သို့ ဂရုတစိုက် ပေါင်းစပ်နေရသည်။ ဤအဆင့်သာ ကျရှုံးသွားလျှင် မုချ ပေါက်ကွဲမှု ဖြစ်ပေမည်။
နောက်ဆုံးတော့ အချိန်အတော်ကြာ ကုန်ဆုံးပြီးနောက် အဆင့်လေး ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်သွားပြီ ဖြစ်သည်။ ရဲ့ချန်သည် ဆေးမီးဖို အဖုံးကို ဖွင့်ကာ သူက ဆေးမည်မျှ ဖော်စပ်နိုင်ကြောင်း ကြည့်လိုက်သည်။
ရဲ့ချန်သည် အမွှာနဂါး ဒယ်စောက်အိုးနှင့် သူ၏အထူး စွမ်းရည်များကို ဆေးလုံးကို နှစ်ဆအကျိုးသက်ရောက်မှုရှိအောင် ဖော်စပ်နိုင်ခဲ့သည်။
“ ဒါက အရမ်းကောင်းတယ် “ ရဲ့ချန်သည် အမွှာနဂါး ဒယ်စောက်အိုး၏ စွမ်းရည်က အမှန်ဖြစ်ကြောင်း သိလိုက်ရသောကြောင့် အတော်လေး ကျေနပ်သွားသည်။
အဆင့်လေး ဆေးလုံးကို အလွယ်တကူ ဖော်စပ်ပြီးနောက် ရဲ့ချန်သည် အဆင့်ငါးဆေးလုံးကို စမ်းဖော်စပ်ကြည့်ချင်လာသည်။ ဤအဆင့်သည် ရဲ့ချန်က အတွေ့အကြုံ နည်းပါးသောကြောင့် အကြိမ်များစွာ ကျရှုံးကောင်း ကျရှုံးနိုင်သည်။
သို့သော် ကိစ္စတော့ မရှိပေ။ လေ့ကျင့်ရာတွင် ကျရှုံးခြင်းက ဖြစ်တတ်သော သဘာ၀ပင် ဖြစ်၏။
ပို၍မြင့်သော အဆင့်မြင့်ဆေးများက ဖော်စပ်ရန် ခက်ခဲလှချေသည်။ ရဲ့ချန်သည် ဆေးပင်များကို ဆေးမီးဖိုထဲသို့ ထပ်မံ ထည့်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် ရဲ့ချန်က အဆင့်ငါးဆေးလုံးကို ဖော်စပ်တော့မည် ဖြစ်၏။
ရဲ့ချန်သည် အဆင့်တိုင်းကို ယခင်ကအတိုင်း သေချာ လုပ်ဆောင်လိုက်သည်။ ဆေးသန့်စင်ခြင်းတွင် အားလုံးက အဆင်ပြေပြေနှင့် ပြီးသွားခဲ့သည်။ သို့သော် ဆေးပင်၏အဆီအနှစ်များကို ပေါင်းစပ်ရာတွင် ပြဿနာ အနည်းငယ် ရှိနေသည်။ “ ဘုန်း … “ ဆေးမီးဖိုထဲတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားလေသည်။
ရဲ့ချန်သည် သူကျရှုံးသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူသည် အထဲက အခြေအနေကို တစ်ချက် ကြည့်လိုက်သည်။ အထဲတွင် ကျရှုံးသွားသည့် ဆေးလုံးနှင့် အညစ်အကြေးများသာ ကျန်ရှိနေသည်။ ထိုဆေးကိုသာ သုံးဆောင်လိုက်လျှင် မည်သည့် အကျိုးသက်ရောက်မှုရှိမှန်း သိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျရှုံးသွားသည့် ဆေးလုံးကို လွင့်ပစ်လိုက်သည်က အကောင်းဆုံးပင် ဖြစ်၏။ ရဲ့ချန်က နောက်တစ်ကြိမ် ထပ်ကြိုးစားရန် ပြင်လိုက်သည်။ သူက အဆင့်ငါးဆေးလုံးကို အောင်အောင်မြင်မြင် မဖော်စပ်နိုင်မချင်း ရပ်တန့်မည် မဟုတ်ပေ။
ယနေ့ည ရဲ့ချန်သည် နတ်သမီးတံခါး၀ထဲက တိတ်ဆိတ်သော နေရာတစ်နေရာတွင် ဆေးလုံးများကို အဆက်မပြတ် ဖော်စပ်နေ၏။ သူဆေးဖော်စပ်နေသည်ကို မည်သူမျှလည်း လာရောက် အနှောင့်အယှက် မပေးချေ။
အလွန်တရာ အေးစက်ပြီး နှင်းများ တဖွဲဖွဲကျနေသည့် နေရာတစ်နေရာတွင် …
မူလန်ယင်းသည် ကောင်းကင်ထက်၀ယ် ပျံသန်းနေသည်။ သူမသည် မြင့်မားသော နှင်းတောင်တန်းများကို ဖြတ်သန်း ကျော်ဖြတ်လာခဲ့သည်။
ရဲ့ချန်နှင့် လမ်းခွဲလာပြီးနောက်ပိုင်း မူလန်ယင်းသည် အေးစိမ့်ရေခဲဂိုဏ်း ရှိရာသို့ အရှိန်အပြည့်ဖြင့် ချက်ချင်း ပျံသန်းလာခြင်း ဖြစ်၏။ အင်ယာပါနယ်ပယ်သို့ ချိုးဖြတ် တက်ရောက်လာပြီးနောက် မူလန်ယင်း၏ပျံသန်းမှု အလျင်က အလွန်တရာ အံ့အားသင့်ဖွယ် ကောင်းလာသည်။ သူမပိုင်ဆိုင်သည့် နှင်းငှက်ထက်ပင် အဆများစွာ မြန်ဆန်လာခဲ့သည် မဟုတ်ပါလား။
ဤနေရာသည် အလွန်တရာ အေးစက်ပြီး နှင့်များ ထူထပ်စွာ ကျရောက်နေသော နေရာဖြစ်သည်။ လူသားများအဖို့ ဤကဲ့သို့ အေးစက်နေသည့်နေရာတွင် နေထိုင်ရန် လုံး၀ မဖြစ်နိုင်ပေ။
ထိုအကြောင်းပြချက်များကြောင့် အေးစိမ့်ရေခဲဂိုဏ်းသည် အပြင်သို့ ထွက်သည်ကား အင်မတန် ရှားပါးလှသည်။ ကြည့်ရသည်မှာ သူတို့သည် လူတို့နေထိုင်ရာ ဧရိယာနှင့် အလွန်တရာ ဝေးကွာသည့် ဧရိယာတွင် နေထိုင်ကြပုံပေါ်၏။
အမှန်စင်စစ် အေးစိမ့်ရေခဲဂိုဏ်း၏ ဌာနချုပ်သည် ထိုတောင်တန်း၏ နယ်နိမိတ်အတွင်း တည်ရှိသည်။ အေးစိမ့်ရေခဲဂိုဏ်းထဲက အဆောက်အဦများသည် အလွန်တရာ မာကျောပြီး ရှေးကျသော ရေခဲများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အေးစိမ့်ရေခဲဂိုဏ်းကို ကာရံထားသည့် နံရံများပင် အလွန်တရာ မာကျောသော ရေခဲများဖြင့် တည်ဆောက်ထား၏။ ယင်းတို့သည် လူတို့ တည်ဆောက်ထားသည့် နျူးကလီးယား အကာအကွယ် ကွန်ကရစ်များထက်ပင် ပိုမို မာကျောပေသည်။
မူလန်ယင်းသည် အေးစိမ့်ရေခဲဂိုဏ်း၏ တံခါးဝရှေ့တွင် ဆင်းလိုက်သည်။ သူမရောက်လာသည်ကို မြင်သောအခါ လှပသည့် ဂိုဏ်းတပည့်မလေး ရှစ်ယောက်က ကြိုဆိုလိုက်ကြသည်။ ခါတိုင်းဆို အေးစိမ့်ရေခဲဂိုဏ်း၏ တံခါးပေါက်ကို မိန်းကလေးနှစ်ယောက်မှ သုံးယောက်အထိသာ စောင့်ကျပ်လေ့ရှိပေသည်။ သို့သော် ယနေ့တော့ ထူးထူးဆန်းဆန်း အေးစိမ့်ရေခဲဂိုဏ်းက လုံခြုံရေးကို အဘယ်ကြောင့် ရုတ်တရက် တိုးမြှင့်လိုက်ရသနည်း။ မူလန်ယင်း မရှိသည့် အတောအတွင်း ဂိုဏ်းတွင် မည်သည့်အရာများ ဖြစ်ပျက်နေကြသနည်း။
“ ကြိုဆိုပါတယ် ဂိုဏ်းခေါင်းဆောင် “ မိန်းကလေးရှစ်ယောက်က မူလန်ယင်းကို တစ်ပြိုင်တည်း နှုတ်ဆက်လိုက်ကြသည်။
မူလန်ယင်းက မိန်းကလေး ရှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။ “ အေးစိမ့်နတ်သမီးလေးဖော် ပြန်ရောက်ပြီလား “ မူလန်ယင်းက အေးစိမ့်နတ်သမီးလေးဖော်၏ အခြေအနေကို မေးလိုက်သည်။
မိန်းကလေးရှစ်ယောက်က တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။ “ ဂိုဏ်းခေါင်းဆောင်၊ အေးစိမ့်နတ်သမီးလေးဖော်က ပြန်ရောက်နေကြပါပြီ၊ ဒါပေမဲ့ သူတို့တွေက ဒဏ်ရာ အပြင်းအထန် ရထားကြတယ်၊ ခုလောလောဆယ်တော့ ဆေးကုသဆောင်မှာ ရှိတယ် “ မိန်းကလေးတစ်ယောက်က ပြန်ဖြေလိုက်သည်။
“ သူတို့က ဘာဖြစ်လို့ ဒဏ်ရာရကုန်တာလဲ “ မူလန်ယင်းက မေးလိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်၊ ကျွန်မတို့လည်း ဒီကိစ္စကို မသိပါဘူး၊ သူတို့ ပြန်လာတော့ ဒဏ်ရာတွေ ရထားတာပဲ မြင်လိုက်ရတယ် “ တံခါးစောင့်ရသော မိန်းကလေးများက ထိုအကြောင်းကို မည်သို့ သိနိုင်ပါမည်နည်း။ သူမတို့သည် အေးစိမ့်နတ်သမီးလေးဖော်က တစ်ကိုယ်လုံး သွေးအလူးလူးဖြင့် ပြန်လာသည်ကိုသာ သိထားကြသည် မဟုတ်ပါလား။
“ ဒါဆို ငါ သူတို့ရဲ့အခြေအနေကို သွားကြည့်လိုက်ဦးမယ်၊ မင်းတို့တွေ တံခါးကို ဆက်စောင့်နေကြ၊ ဂိုဏ်းထဲကို အပြင်လူ တစ်ယောက်မှ မ၀င်စေနဲ့ “ မူလန်ယင်းသည် မိန်းကလေးများကို အပြင်လူ တစ်ယောက်မျှ မ၀င်စေရန် ပြောလိုက်သည်။
ထို့နောက် မူလန်ယင်းသည် ဒဏ်ရာရထားသည့် အေးစိမ့်နတ်သမီးလေးဖော် ရှိရာသို့ ချက်ချင်း ထွက်လာခဲ့သည်။ သူမ အေးစိမ့်နတ်သမီးလေးဖော် မည်သို့ ဖြစ်နေမှန်း သိလိုနေပြီ မဟုတ်ပါလား။
အချိန်သိပ်မကြာဘဲ မူလန်ယင်းက ဆေးကုသဆောင်သို့ ရောက်လာခဲ့သည်။ အထဲတွင် အေးစိမ့်နတ်သမီးလေးဖော်ကို ဆေးကုသပေးနေသည့် စီနီယာမိန်းကလေး အတော်များများ ရှိသည်။
“ ဂိုဏ်းခေါင်းဆောင်၊ ဂါရဝြပုပါတယ် “ စီနီမိန်းကလေးများက မူလန်ယင်းကို ချက်ချင်း ကြိုဆိုလိုက်ကြသည်။ သူမတို့သည် ဂိုဏ်းခေါင်းဆောင်က အဆင်ပြေပြေနှင့် ပြန်လာသောကြောင့် အတော်လေး ပျော်ရွှင်နေကြသည်။ သူမတို့သည် ဂိုဏ်းခေါင်းဆောင်က အန္တရာယ်တစ်ခုခု ကြုံတွေ့နေရသည်ဟု ထင်နေကြသည် မဟုတ်ပါလား။
အကယ်၍ မူလန်ယင်းသာ ဆိုးဝါးသည့် အရာတစ်ခုခု ကြုံတွေ့နေလျှင် အေးစိမ့်ရေခဲဂိုဏ်၏ အခြေအနေကလည်း ဆုတ်ယုတ်လာမည် ဖြစ်၏။
“ အေးစိမ့်နတ်သမီးလေးဖော်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ “ မူလန်ယင်းက အေးစိမ့်နတ်သမီးလေးဖော်ကို ကုသပေးနေသည့် စီနီယာ မိန်းကလေးများကို မေးလိုက်သည်။
“ အေးစိမ့်နတ်သမီးလေးဖော်ရဲ့ အခြေအနေက နည်းနည်းချင်းတော့ တိုးတက်လာပါတယ်၊ သူတို့ရဲ့ခန္ဓာကိုယ်က ဒဏ်ရာတွေကလည်း ပျောက်ကင်းစ ပြုလာပါပြီ၊ ဒီရက်ပိုင်းအတွင်း သူတို့ သတိရလာမယ်ထင်တယ် “ စီနီယာ မိန်းကလေးတစ်ယောက်က ပြန်ဖြေလိုက်သည်။
အေးစိမ့်နတ်သမီးလေးဖော်က အခြေအနေ ကောင်းကြောင်း သိလိုက်ရသောကြောင့် မူလန်ယင်းတစ်ယောက် စိတ်သက်သာရာ ရသွားသည်။ “ မင်းတို့အားလုံး အနားယူလို့ရပြီ၊ သူတို့လေးယောက်ကို ငါကိုယ်တိုင် ဂရုစိုက်ပေးလိုက်မယ် “ မူလန်ယင်းက စီနီယာ မိန်းကလေးများကို အနားယူခွင့် ပေးလိုက်သည်။
ကြည့်ရသည်မှာ သူမတို့တစ်တွေက အေးစိမ့်နတ်သမီးလေးဖော်ကို ကုသပေးရင်း စိတ်ထောင်းကိုယ်ကြေဖြစ်ကာ ညပင် မအိပ်စက်ခဲ့ရသောကြောင့် အလွန်တရာ ပင်ပန်းနေပုံ ပေါ်နေ၏။
“ ကျေးဇူးတင်ပါတယ် ဂိုဏ်းခေါင်းဆောင်၊ ကျွန်မတို့ကို ခွင့်ပြုပါဦး “ စီနီယာ မိန်းကလေးများက မူလန်ယင်း၏အမိန့်ကို နာခံပြီး ဆေးကုသဆောင်ထဲမှ ထွက်သွားကြသည်။ သူမတို့သည်လည်း အေးစိမ့်နတ်သမီးလေးဖော်ကို ရက်အတော်ကြာ ကုသပေးနေရသောကြောင့် အလွန်တရာ ပင်ပန်းနေပြီ ဖြစ်သည်။
စီနီယာ မိန်းကလေးများ ထွက်သွားပြီးနောက် မူလန်ယင်းက အေးစိမ့်နတ်သမီးလေးဖော် ရှိရာသို့ လျှောက်လာသည်။ ယခု နတ်သမီးလေးဖော်က ရေခဲအိပ်ရာပေါ်တွင် အိပ်စက်နေခြင်း ဖြစ်သည်။ ထိုနတ်သမီးလေးဖော်က အခြားလူများ မဟုတ်ကြဘဲ မူကျူး၊ ဖန့်ချီ၊ မူဖေး နှင့် မုယုံရှားတို့ ဖြစ်ကြသည်။
ထိုနတ်သမီးလေးဖော်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံပေါ်သည်။ မူလန်ယင်းတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ နတ်သမီးလေးဖော်ကို မည်သူက အနာတရဖြစ်အောင် လုပ်ဝံ့သနည်း။ မူလန်ယင်းသာ သိသွားလျှင် ထိုလူ့ကို သေချာပေါက် လက်စားချေမည် ဖြစ်သည်။
မူလန်ယင်းသည် ရှေးဟောင်းရတနာသိုက်ထဲက ရတနာခန်းမထဲမှ သူမရရှိခဲ့သည့် ကုသရေး ဆေးပုလင်း အမြောက်အမြားကို ထုတ်ယူလိုက်သည်။
ထို့နောက် သူမက ထိုဆေးများဖြင့် နတ်သမီးလေးဖော်ကို ကုသပေးလိုက်သည်။
မူလန်ယင်းသည် ထိုဆေးများက နတ်သမီးလေးဖော် ခံစားနေရသည့် ဒဏ်ရာများကို ကုသရာတွင် အလွန်တရာ သက်ရောက်မှုရှိမည်ဟု အခိုင်အမာ ယုံကြည်ထားသည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now