အခန်း (၂၂၅) အနက်ရောင် ဝမ်းဆက်နှင့် လူ

176 7 0
                                    

ထိုလူရောက်လာသည့် အချိန်ကစ ရဲ့ချန် ထူးထူးဆန်းဆန်း ခံစားနေရသည်။ ထိုလူက သာမန်လူတစ်ယောက်လည်း မဟုတ်သလို ကျင့်ကြံသူတစ်ယောက်လည်း မဟုတ်ပေ။ ထိုလူ၏ခန္ဓာကိုယ်တွင် အင်အားတစ်ခုခု စီးဆင်းနေပြီး လုံး၀ အားနည်း မနေပေ။
ထိုလူငယ် ဤမျှ အတင့်ရဲနေသည်မှာ အံ့သြစရာ မရှိတော့ပေ။ ထိုလူက မြို့တော်တွင် လုံလောက်အောင် သန်မာနေသည် မဟုတ်ပါလား။ ရဲ့ချန် နှင့် ကျိုးတို့က တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ သူတို့နှစ်ယောက်က တခြားအပိုင်းများနှင့်အတူ ကျေနပ်မှုများ ရှိနေသည် မဟုတ်ပါလား။
“ ယောက်ျား၊ သွားရအောင် “ ထိုလူက ဆက်လက် အနှောင့်အယှက် ပေးနေသည်ကို ကြည့်ရင်း စုမန်ချီက ရဲ့ချန်ကို ခေါ်ပြီး ဤနေရာမှ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
စုမန်ချီသည် ခုမှရောက်လာသော လူတစ်ယောက်အတွက်နှင့် သူမ၏လှပသည့် နေ့လေးကို အနှောက်အယှက် မဖြစ်လိုတော့ပေ။
စုမန်ချီက သူ့ကို ထွက်သွားရန် ခေါ်နေသည့်အတွက် ရဲ့ချန်သည် ထို့လူကို သင်ခန်းစာပေးမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။
“ ငါ့မိန်းမက ကြင်နာတတ်တာကြောင့် မင်း အတော် ကံကောင်းသွားတယ်မှတ်ပါ၊ ဒီလိုမှမဟုတ်ရင် ငါ မင်းကို မောင်းထုတ်မိလိမ့်မယ် “ ရဲ့ချန်က ကျိုးဆိုသောလူကို သတိပေးလိုက်၏။
ထိုလူ့ကို သတိပေးပြီးနောက် ရဲ့ချန်က စုမန်ချီကို ခေါ်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
“ ဟီဟီဟီ … အဲလိုပြောသင့်တဲ့လူက ငါပါကွ၊ မင်းမိန်းမက မင်းကို စောစောစီးစီး ခေါ်ထုတ်သွားတာ ကံကောင်းတယ် မှတ်လိုက်ပါ၊ ဒီလိုမှမဟုတ်ရင်တော့ ငါ မင်းကို ဒီနေရာမှာပဲ သတ်မိနိုင်တယ် “ ကျိုးက အဝေးသို့ ရောက်ရှိသွားသည့် ရဲ့ချန်ကို ကြည့်ရင်း ကောက်ကျစ်စွာ ပြုံးမိသွားသည်။
“ တော်၀င် မင်းသား၊ ကျုပ် ဒီကောင့်ကို ရှင်းထုတ်ပစ်ဖို့ လိုသေးလား “ ကျိုး၏နောက်တွင် အနက်ရောင် ၀မ်းဆက်နှင့် နေကာမျက်မှန် တပ်ထားသည့် လူတစ်ယောက် ရုတ်ချည်း ပေါ်ထွက်လာသည်။
ထိုလူက ကျိုးကို မေးလိုက်ခြင်း ဖြစ်သည်။ တော်၀င်မိသားစု၏ အဓိက အမွေဆက်ခံသူကိုပင် ရိုင်းရိုင်းစိုင်းစိုင်း ပြောဝံ့သော ထိုလူကို သူ အလွန် စိတ်ဆိုးသွားလေသည်။
“ အရင်ဆုံး သူတို့ကို ပျော်ချိန်လေး ပေးလိုက်ပါဦး၊ နေ၀င်ချိန်ရောက်မှ အဲကောင်ဆီက သူ့မိန်းမကို ငါ့ဆီ ခေါ်လာခဲ့ “ ကျိုးက သူ၏နောက်က လူကို အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ပါ၊ ကျွန်တော် နားလည်ပါပြီ “ အနက်၀မ်းဆက်နှင့်လူက ကျိုး၏အမိန့်ကို တသွေမတိမ်း နာခံလိုက်သည်။
“ အဲဒီကောင်မလေးကို ခေါ်ပြီး မိဖုရားမြှောက်ပစ်ရမယ် … ဟဲဟဲဟဲ “ ကျိုးတစ်ယောက် သဘောအကျကြီး ကျသွားလေသည်။ ထို့သို့ လွတ်လပ်စွာ ရယ်မောပြီးနောက် ကျိုးသည် အပန်းဖြေ ပန်းခြံထဲမှ ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။
တော်၀င်မင်းသားကျိုး ထွက်သွားပြီးနောက် အနက်ရောင် ၀မ်းဆက်နှင့် လူကလည်း သူလုပ်စရာရှိသည်များကို ပြင်ဆင်လိုက်တော့သည်။
လောလောဆယ် ရဲ့ချန်ကတော့ ထိုလူက သူ့ကို နောက်ထပ် ဒုက္ခပေးရန် ကြံစည်နေသည်အား မသိပေ။ ရဲ့ချန်က စုမန်ချီ နှစ်သက်သည့် အရာများကို အဖော်ပြု လိုက်လုပ်ပေးသည့် နေရာတွက်သာ အာရုံစိုက်ထားသည် မဟုတ်ပါလား။
သူက ဤကဲ့သို့ ပြဿနာများအတွက်နှင့် စိတ်အနှောင့်အယှက် မဖြစ်လိုပေ။
“ ရဲ့ချန်၊ ဟိုဧရာမ လေရဟတ်ကြီးကို သွားစီးရအောင်၊ အဲဒီအပေါ်ကနေဆို ငါတို့ နေ၀င်ချိန်ကို ကောင်းကောင်း ကြည့်လို့ရမယ် “ စုမန်ချီက ဧရာမ လေရဟတ်ကြီးကို သွားစီးရန် ရဲ့ချန်ကို ခေါ်လိုက်သည်။
စုမန်ချီက သူမ၏ပျော်စရာအချိန်လေးကို အနှောင့်အယှက် လာပေးသည့်လူကို မေ့လျော့သွားပြီ ဖြစ်၏။
ထို့နောက် ရဲ့ချန် နှင့် စုမန်ချီတို့က ဧရာမ လေရဟတ်ကြီးပေါ်သို့ တက်လာခဲ့သည်။
“ အရမ်းလှတာပဲ “ အပေါ်စီးမှ ကြည့်ရသော နေ၀င်ချိန် မြင်ကွင်းက အလွန်တရာ လှပပေသည်။
ရဲ့ချန်က စုမန်ချီ၏ခန္ဓာကိုယ်လေးကိ်ု ထွေးဖက်ရင်း နေ၀င်ချိန် မြင်ကွင်းကို ငေးမောကြည့်ရှုနေသည်။
စုမန်ချီသည် ရဲ့ချန်၏ရင်ခွင်ကျယ်ကြီးထဲတွင် ခေါင်းလေးမှီပြီး သူမ၏ဆံနွယ်လေးများကို လက်တစ်ဖက်ဖြင့် ဆော့ကစားနေသည်။ “ ယောက်ျား၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါလေ နင်နဲ့အတူတူ လျှောက်လည်ရတာ အရမ်းပျော်တာပဲ သိလား “ စုမန်ချီက ရဲ့ချန်ကို ထွေးဖက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ ယခုတော့ သူမ အနှစ်နှစ် အလလက မက်ခဲ့ရသည့် အိပ်မက်လေးက ပြည့်သွားခဲ့ပြီ ဖြစ်၏။
စုမန်ချီသည် သူမကိုယ်သူမ မိသားစု၏ အချုပ်အနှောင်များ မရှိသည့် လွတ်လပ်သော မိန်းမငယ်တစ်ယောက်အဖြစ် တစ်ဖန်ပြည်လည် ခံစားလိုက်ရသည်။
“ ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူးဟာ၊ ငါဒီလို လုပ်ပေးတာ နင့်ကို ချစ်လို့ဆိုတာ သိထားပေးပါ၊ နင်ပျော်ရင် ငါလည်း ပျော်ရတယ်လေ “ ရဲ့ချန်က ထိမိသော စကားလုံးများဖြင့် စုမန်ချီကို ပြောလိုက်သည်။
စုမန်ချီသည် ရင်ခွင်ထဲမှ ထလာပြီး ရဲ့ချန်၏မျက်နှာကို နူးညံ့စွာ ငေးကြည့်နေသည်။
အပျိုးကြီးဖားဖား ဖြစ်နေသည့် စုမန်ချီသည် ရဲ့ချန်ဆီမှ အားကောင်းသော အချစ်တစ်ခုကို ခံစားနေရသည်။
မသိလိုက်မသိဘာသာ စုမန်ချီက ရဲ့ချန်အနားသို့ တရွေ့ရွေ့ တိုးကပ်လာသည်။ ထို့နောက် သူမ၏ချယ်ရီရောင် နှုတ်ခမ်းလေးဖြင့် ရဲ့ချန်၏နှုတ်ခမ်းကို အနမ်းတစ်ပွင့် ခြွေလိုက်သည်။
ရဲ့ချန်က စုမန်ချီ၏ မျှော်လင့်မထားသော အနမ်းကို ကြိုဆိုလိုက်သည်။ ထို့နောက် စုမန်ချီနှင့်အတူ အနမ်းတစ်ခုကို မက်မက်စက်စက် နမ်းရှိုက်လိုက်တော့သည်။ စုမန်ချီက အနမ်းဖြင့် မစိမ်းသက်တော့ပေ။ သူမက တိုး၀င်လာသည့် ရဲ့ချန်၏နွယ်ပင်လေးကို စိတ်အားထက်သန်စွာ ရစ်ပတ်လိုက်သည်။ ထို့နောက် ချစ်ကြသူနှစ်ဦးတို့သည် ဧရာမ လေရဟတ်ကြီးပေါ်တွင် မက်မောစရာ အနမ်းတို့ကြား နစ်မြုပ် ပျော်၀င်သွားတော့သည် မဟုတ်ပါလား။
နေ၀င်ချိန် ပုဇွန်ဆီရောင် အလင်းတန်းတို့ကလည်း ရဲ့ချန် နှင့် စုမန်ချီတို့၏အနမ်းကို ပိုမို အသက်၀င်အောင် တစ်ထောင့်တစ်နေရာမှ ပါ၀င် ဖြည့်စွက်နေကြသည်။
သူတို့နှစ်ဦး၏အနမ်းသည် ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့သည်။ နောက်ဆုံးတော့ နေက လုံးလုံလျားလျား ၀င်သွားပြီးနောက် သူတို့က တစ်ဦးကိုတစ်ဦး လွတ်ပေးလိုက်ကြသည်။
စုမန်ချီ၏မျက်နှာက ခုချိန်တွင် အတော်လေး နီရဲနေပြီ ဖြစ်၏။ သူမသည် ရဲ့ချန်နှင့် အနမ်းပေးခဲ့သမျှတွင် ယခုအနမ်းက အပြင်းပြဆုံးအနမ်းဖြစ်သည်ဟု ခံစားလိုက်ရသည်။
အချိန်ကလည်း ပြည့်သွားခဲ့ချေပြီ။ ယခုတော့ ရဲ့ချန် နှင့် စုမန်ချီတို့အတွက် လေရဟတ်ကြီးပေါ်က ဆင်းရမည့် အချိန်ဖြစ်သည်။
ရဲ့ချန် နှင့် စုမန်ချီတို့ အောက်သို့ ဆင်းလာသောအခါ အမှောင်ထုပင် အစပျိုးနေပြီ ဖြစ်၏။ ထို့ကြောင့် ဤနေရာက မီးတိုင်များကလည်း ပို၍ပင် ဖျတ်လတ်ပြီး တောက်ပလာသည်ဟု ထင်ရလေသည်။
ကံမကောင်းစွာပင် ရဲ့ချန် နှင့် စုမန်ချီတို့အတွက် ညစာစားရန် အိမ်ပြန်ရမည့်အချိန် ရောက်လာပြီ ဖြစ်၏။ “ အိမ်ပြန်ရအောင် “ ရဲ့ချန်က အိမ်ပြန်ရန် ခေါ်လိုက်သည်။
စုမန်ချီက ခေါင်းညိတ် သဘောတူလိုက်သည်။ သူမ သူမရရှိခဲ့သော ယနေ့အတွက် အတော်လေး ကျေနပ်ခဲ့ရပေသည်။
စုမန်ချီက အမွေးပွ ၀က်ဝံရုပ်ကြီးကို ပွေ့ဖက်ပြီး ရဲ့ချန်၏ဘေးကနေ လျှောက်လာသည်။
ထို့နောက် သူတို့နှစ်ယောက်သည် ကားပါကင် ရှိရာသို့ ချက်ချင်း လျှောက်လာခဲ့သည်။
တစ်ခု ထူးဆန်းနေသည်ကား ကားပါကင်နေရာတွင် အလွန်တရာ မှောင်မိုက်နေခြင်း ဖြစ်သည်။ ယင်းနေရာတွင် အလင်းဟူ၍ တစ်စွန်းတစ်စမျှ ရှိမနေပေ။
ထိုအရာကိုကြည့်ရင်း ရဲ့ချန်သည် ကားပါကင်နေရာတွင် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
စုမန်ချီသည်လည်း တစ်ခုခုက သူမအနား နီးကပ်လာသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ရဲ့ချန်အနား ကပ်သွားပြီး လက်တစ်ဖက်ကို ဖက်ထားလိုက်သည်။
ရဲ့ချန် ပတ်၀န်းကျင်ကို အကဲခတ် ကြည့်လိုက်သောအခါ ထောင့်ချိုးတစ်ခုတွင် နေကာမျက်မှန်နှင့် အနက်ရောင်၀မ်းဆက် ၀တ်ဆင်ထားသည့် လူတစ်ယောက် ရှိနေကြောင်း သတိထားမိသွားသည်။
ထိုအချိန်တွင် လရောင်က ကားပါကင်နေရာသို့ စတင် ဖြာကျလာသည်။ ထောင့်ချိုးက လူသည် ရဲ့ချန် နှင့် စုမန်ချီတို့ဆီသို့ ချက်ချင်း လျှောက်လာသည်။
အနက်ရောက်၀မ်းဆက်နှင့် လူက ရဲ့ချန်ရှေ့တွင် ရပ်လိုက်သည်။
“ ခင်ဗျားက ဘယ်သူလဲ “ ရဲ့ချန်က ထိုဆန်းကြယ်သည့်လူကို မေးလိုက်သည်။ သူက ထိုလူ့ကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ဘူး မဟုတ်လား။
“ ငါဘယ်သူလဲဆိုတာ မင်းသိစရာ မလိုပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မင်းက မကြာခင် သေတော့မှာ မလို့ပဲ “ အနက်ရောင်၀မ်းဆက်နှင့်လူက ရဲ့ချန်ဆီသို့ အလင်း၏အလျင်ဖြင့် တစ်မုဟုတ်ချင်း တိုး၀င်လာသည်။
အနက်ရောင်၀မ်းဆက်နှင့်လူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ ကြည့်ရသည်မှာ သူက ရဲ့ချန်ကို တစ်ချက်တည်းဖြင့် အသေသတ်ချင်နေပုံ ပေါ်နေ၏။
ထိုလက်သီးက ရဲ့ချန်၏ဘယ်ဘက် ရင်အုံဆီသို့ တိုး၀င်သွား၏။
အခြားလူများအတွက်ဆိုလျှင် အနက်ရောင်၀မ်းဆက်နှင့်လူ၏ အလွန်တရာ မြန်ဆန်ကောင်း မြန်ဆန်ပေမည်။ သို့သော် ရဲ့ချန်အတွက်တော့ သူ၏အမြန်နှုန်းက အလွန်တရာ နှေးကွေးနေပေသည်။
“ ဘမ်း … “ ကျယ်လောင်သည့် အသံကြီးတစ်သံက ရိုက်ဟည်း၍ ထွက်ပေါ်လာသည်။ ယခု ရဲ့ချန်က အနက်ရောင်၀မ်းဆက်နှင့်လူ၏ လက်နှစ်ဖက်ကို ဖမ်းချုပ်ထားပြီးပြီ ဖြစ်၏။
အနက်ရောင်၀မ်းဆက်နှင့်လူသည် သူထိုးချလိုက်သည့် လက်သီးချက်ကို အလွယ်တကူ ဖမ်းချုပ်လိုက်သောကြောင့် အတော်လေး အံ့အားသင့်သွားသည်။ သူလက်သီးချက်ကို ခံနိုင်သည့်လူက သာမန်လူတစ်ယောက်တော့ လုံး၀ မဖြစ်နိုင်ပေ။
ရဲ့ချန်သည် အနက်ရောင်၀တ်စုံနှင့်လူ၏ အင်အားကို မြင်ပြီး တအံ့တသြ ဖြစ်နေလေသည်။ ထိုလူ၏အင်အားက အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည် မဟုတ်ပါလား။
ရဲ့ချန်သည် ထိုလူက ကျင့်ကြံသူတစ်ယောက် မဟုတ်ကြောင်း အတည်ပြုလိုက်သည်။ ထိုလူက သာမန်လူသားတို့ထက် အင်အားကြီးသော စူပါမန်း သို့မဟုတ် သန္ဓေပြောင်းသတ္တဝါ တစ်ကောင်လို ပုံစံမျိုး ဖြစ်သည်။
“ ပြောစမ်း၊ ငါ့ကို သတ်ဖို့ မင်းကို ဘယ်သူခိုင်းလိုက်တာလဲ “ ထိုလူ၏လက်ကို ဆုပ်ကိုင်ထားရင်း ရဲ့ချန်က မေးလိုက်သည်။
“ ရန်သူကို ငါ့ရဲ့အလုပ်ရှင်အကြောင်း ပြောပြရအောင် မင်းက ငါ့ကို ငတုံးလို့များ ထင်နေတာလား “ အနက်ရောင်၀မ်းဆက်နှင့်လူက ရဲ့ချန်ကို ကြည့်ပြီး မခို့တရို့ ရယ်နေ၏။
“ မင်းမှာ တခြားရွေးချယ်စရာ မရှိဘူး၊ မင်းအသက် ဆက်ရှင်ချင်သေးတယ် ဆိုရင် မင်းကို လွှတ်လိုက်တဲ့ လူကို ပြောပြပါ “ ရဲ့ချန်က မေးလိုက်သည်။
“ ငါက သစ္စာခံပါ့မယ်ဆိုတဲ့ ကတိကို ကျိန်ဆိုပြီးသွားပြီ၊ ဒါကြောင့် ငါ့ရဲ့အလုပ်ရှင်အကြောင်းကို ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူး “ ထိုလူ၏လက်မောင်းက ရုတ်တရက် ဖောင်းကားလာပြီး သူ၀တ်ထားသည့် အင်္ကျီကလည်း လက်မောင်းနေရာတွင် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားလေသည်။
ရဲ့ချန်သည် ထိုလူ၏လက်မောင်းက မွန်းစတား တစ်ကောင်၏လက်မောင်းကဲ့သို့ ကြီးထွားလာကြောင်း မြင်လိုက်ရသည်။
ထို့နောက် အနက်ရောင်၀မ်းဆက်နှင့်လူက ရဲ့ချန်၏လက်ထဲမှ အဝေးသို့ ရုန်းထွက်သွားတော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now